အခန်း (၃၇)/ ခ

1.4K 256 2
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၃၇)/ ခ
__________

ဂါထာမန္တန်လေးတစ်ခု အစွမ်းနဲ့ မီးပုံလေးတစ်ခု ဖန်တီးလိုက်တာ၊ နှင်းတောထဲက လူသုံးယောက်ရဲ့ အရိပ်တွေ ထင်ဟပ်ကုန်တော့တာပေါ့။ ဒီမိစ္ဆာကောင်ရဲ့ အသားက စိုအိပြီး နူးညံ့နေတာပဲ။ ချူခုန်းနဲ့ ငါ နှင်းပြင်ပေါ်မှာပဲ ဗိုက်အတင်းသားလေးတွေကို ပုတ်ရင်း ပွတ်ရင်း လှဲနေလိုက်တာပေါ့။ ဇီဟွေ့တစ်ယောက်ကတော့ ငါ ကတိအတိုင်း သူ့ကို ပေးထားတဲ့ ပေါင်တုံးကြီးကို ကိုင်လျက် မလှုပ်မယှက်။ ဇီဟွေ့ သက်ပြင်းတွေ ချရှာတယ်။ "ခင်ဗျားတို့ တကယ်ကြီး စားပစ်လိုက်တယ်. . ." 

မကျေမနပ်နဲ့ ချူခုန်းက ပြောတော့တယ်။ "ဘာလဲ၊ ဘာ အထွန့်တက်ချင်လို့လဲ"

သူ တစ်စထက်တစ်စ ပိုပိုပြီး ဒေါသထွက်လာရသလိုပဲ။ "မင်း အဲဒီမှာ ရပ်နေတာ တော်တော်ကြာနေပြီနော်... ဒါ ဘာသဘောလဲ၊ မင်းကို ဘယ်သူက ခေါ်ထားလို့လဲ၊ ဘယ်သူက ဒီနေရာမှာ ဆက်နေဖို့ ပြောလို့လဲ၊ ထွက်သွား...!"

နှင်းဆုပ်တစ်ဆုပ် ငါ့နဖူးကို လာမှန်တယ်။ ငါ အံ့အားသင့်မိတယ်။ ချူခုန်းကို မျက်စောင်းခဲပြီး ပြန်ကြည့်မိတာပဲ။ သူ ငါ့ကို ကြည့်တဲ့အကြည့်က အေးစက်နေတာ။ သူက နှာခေါင်းရှုံ့လိုက်ပြီး ငါ့ကို ပြောတယ်။ "မင် အခုဖြစ်နေတဲ့ ပုံစံက အဲဒီတုန်းက ငတုံးမလေး ရှန်းလိုပဲ၊ ဘာမှ မကွာဘူး"

ငါလည်း အေးစက်စက် နှာခေါင်းပြန်ရှုံ့လိုက်တယ်။ "နင် အခုဖြစ်နေတဲ့ ပုံစံကလဲ အဲဘဝတုန်းကလိုပဲ...! မောက်မာတယ်၊ မာနကြီးတယ်၊ သူများကို အနိုင်ကျင့်ချင်တယ်...!"

ချူခုန်း ငါ့ဘက်ကို လှည့်ပြီး မျက်စောင်းခဲတော့တယ်။ ငါလည်း သူ့ကို အကြောမပေးချင်တာနဲ့ ပြန်စိုက်ကြည့်နေလိုက်တယ်လေ။ ငါတို့ တစ်ယောက်ကို တစ်ယောက် အလျှော့မပေးဘဲ စိုက်ကြည့်နေကြတုန်းမှာပဲ ဇီဟွေ့ ရုတ်တရက် ရယ်လိုက်ပြီး ပြောတော့တယ်။ "ခင်ဗျားတို့ နှစ်ယောက် ဒီလိုမျိုး ပြုမူနေရင်... နှစ်ယောက်ကြားမှာ တခြားလူက အလွယ်တကူ ဝင်လာလို့ ရသွားမယ်နော်"

ကြမ္မာ ခုနစ်လီWhere stories live. Discover now