အခန်း (၃၄)/ ခ

1.5K 303 23
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၃၄)/ ခ
__________

'ကြိုက်နေတာ'. . . ဒါကို ချူခုန်းနဲ့ ငါ့အကြားမှာ စနောက်စရာ တစ်ခုလို၊ ရယ်စရာတစ်ခုလို ပြောပြောဖြစ်နေပေမဲ့ အခြားလူတစ်ယောက်ရဲ့ ပါးစပ်ကနေ ထွက်လာတာကို ရုတ်တရက်ကြားလိုက်ရတာကတော့ ထူးခြားနေတယ်။ ငါ့မျက်နှာ နီတက်သွားတော့တာပေါ့။

"ဟုတ်- ဟုတ်- ဟုတ်လား. . . အဲသလိုပေါ့လေ၊ တကယ်အမှန်ပဲကိုး၊ ကျွန်မက အမြဲ နောက်ပြောင်သလို ပြောနေခဲ့မိတာ... တကယ်ကြီးကိုး... သူ တကယ်ပဲ ကျွန်မကို ကြိုက်... ကြိုက်နေတာတဲ့လားဟင်၊ တကယ်... တကယ့်ကို အမြင်ကပ်စရာကြီးနော်...! ဟင့် သူများ အရမ်းရှက်သွားပြီ"

တရားသူကြီးမင်း နှုတ်ခမ်းက ရွဲ့သွားလေတယ်။ "သိပ်ပြီး ဖြူစင်ရိုးသားရှက်မူပိုပြမနေနဲ့၊ မင်းနဂိုပုံစံနဲ့ မတူဘူး"

ငါလည်း မကျေမနပ် ပြန်ပြောတော့တာပေါ့။ "ရှင်ကလည်း ကျွန်မကို ခဏလောက်တော့ ဟန်ဆောင်ခွင့် ပေးပါဦးလား၊ ကျွန်မက မိန်းကလေးပဲလေ၊ ဒီလိုမျိုးတွေ ကြားရတော့ ရှက်သွားတာပေါ့၊ နည်းနည်းပါးပါး ခံစားချက်ကို ထုတ်ဖော်ပြသခွင့်လေး ပေးပါဦးလား"

"ကောင်းပြီလေ၊ ဆက်လုပ်နေ...!"

ငါ မျက်နှာလွှဲလိုက်တယ်။ ငါ့ပါးနှစ်ဖက်က ပူနေပြီ။ ငါ့အထင် မဟုတ်မှလွဲရော. . . ဒီခံစားချက်ဟာလည်း ငတုံးမလေး ရှန်း ငါ့အတွက် ချန်ထားခဲ့တဲ့ ခံစားချက်တွေထဲက တစ်ခု ဖြစ်နေလောက်တယ်။

ငါ အဲဒီအတိုင်း တောင်တောင်အီအီတွေးနေရင်း ထိုင်နေမိတယ်။ နောက်တော့ အတိတ်ကြေးမုံကို ငါ ထုတ်ကြည့်လိုက်တယ်။ ငါ့ နှလုံးသားက ဘာတွေ တွေးနေမိသလဲ ငါ မသိပါဘူး၊ ငါ့မှာ စဉ်းစားဖို့ အချိန်လည်း မရလိုက်ဘူး။ ကြေးမုံပြင်က စပြီး လှုပ်ရှားလာပြန်တော့တယ်။ ငါ ခုန်း စစ်သူကြီး မျက်နှာကို မြင်နေရပြီ။ သူက လက်ရမ်းပါ ထိုင်ခုံကြီးမှာ ထိုင်နေတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက စစ်မြေပြင်မှာ တွေ့လိုက်ရတဲ့ သူ့ပုံစံနဲ့ လုံးဝမှ တူမနေဘူး။ ဒီတစ်ခါမှာ သူက မိန်းမတစ်ယောက်အရှေ့မှာ၊ အဲဒီမိန်းမကတော့ ကြိုးတုပ်ခံထားရပြီး ကြမ်းပြင်ပေါ်မှာ လဲနေလေရဲ့။ ငါ သေချာဖြဲကြည့်လိုက်တော့ အဲဒီမိန်းမက ရှင်းယွင်ဆိုတာ တွေ့လိုက်ရတယ်။

ကြမ္မာ ခုနစ်လီWhere stories live. Discover now