အခန်း-၁||ငါ​လေးကဝတ္ထုထဲကအမဲသားလိုအ​ပေါင်းခံရမဲ့အ​မြှောက်စာဇာတ်​ကောင်​လေးတဲ့လား||

3.5K 313 2
                                    

Uni -version
Translator - @Lavendar ___ kitty
~~~~~
T/n -
ဒီ novel ​လေး မှာ kitty မသိတဲ့ စကားလုံး​တွေ
အများကြီးပါတာ​ကြောင့် ကိုယ် အဆင်​ပြေသလိုပဲ
အသည်းတို့အတွက် tran ထား​ပေးပါတယ်​နော်
ဒါ့​ကြောင့် မူရင်း နဲ့ ကွဲလွဲမှုအနည်းငယ်ရှိရင် E -translator ရဲ့ အမှားမဟုတ်ပဲ kitty ရဲ့ အမှားပါ
​နော် ။

_________________________________

အခန်း - ၁
( ငါ​လေးက ဝတ္ထုထဲက အမဲသားလို အ​ပေါင်းခံရမဲ့
အ​မြှောက်စာ ဇာတ်​ကောင်​လေးတဲ့လား - ၁ )

ထျန်းယိ ​မျှော်စင်မှာ မ​ကောင်းဆိုးဝါး​တွေနှင့် ပြည့်နှက်​နေပြီး ​မျှော်စင်မှာရှိတဲ့ လူ​တွေ အားလုံးဟာ အစုလိုက်အပြုံလိုက် အသတ်ခံရတာ​​ကြောင့်​သွေး​​ချောင်းစီး​နေ​တော့သည် ။

ဒီည ဟာ ​အေးချမ်းသည့် ညတစ်ည​တော့မဟုတ်​ပေ
ထို့အပြင် မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်တပြက်
မိုးခြိမ်းသံက ​ကောင်းကင်ကို ဖြိုခွဲသွားသည် ။ မိုးသည်းတဲ့ ည မှာ ​လေ​အေး​တွေက ​တဖျပ်ဖျပ် တိုက်ခတ်​နေသည်က ပြင်းထန်သည့် လူသတ်ချင်စိတ်ကိုဖြစ်​ပေါ်​စေသည် ။

" မြန်မြန် အခုချက်ချင်း ပိုက်ကွန် ကို ဖျတ်သွား
တဲ့ နတ်ဆိုး​ပေါက်စ ကို ရှာကြ ၊ ​တွေ့ တာနဲ့
ချက်ချင်းသတ်ပစ်လိုက် "

" သူ ​ဝေး​ဝေး ​ပြေးနိုင်မှာမဟုတ်ဘူး ၊ ဟိုဘက်မှာ
သွားရှာကြ ! "

.......

တင်းယိ မှာ မိုး​ရေထဲမှာ စိုရွှဲ​နေပြီး ရွှဲ​နေတဲ့
အဝတ်အစား​တွေရဲ့ အနံ့သက်​ကြောင့် ထိတ်လန့်စွာ
ကြည့်မိ​လေသည် ။

အခုချိန်ထိ သူမ မှင်​​သေ ​နေတုန်းဖြစ်သည် ။ စက္ကန့်
အချိန်​လေး တစ်ခုမှာ သူမ က truck ကား ရဲ့
​အောက်ကို လိမ့်ဆင်းသွားခဲ့ပြီး အသက်ရှူရပ်လုနီးပါး
ဖြစ်သွားခဲ့တာပင် ။ အခု​ သူမ က ဘာ​ကြောင့်
​ရေတွင်းနံ​ဘေးမှာထိုင်​နေပြီး ​ကျောက်တုံးကြီးကို
ကိုင်ထားရတာလဲ .... မဟုတ်​သေးဘူး ၊ ဟို က​လေး ,
​လေး ​ရော လွတ်​မြောက်သွားရဲ့လား ? ။

တင်းယိ အံ့သြသွားသည် ။ မကြာခင်အချိန်​​​လေး
မှာပဲ စက်ရုပ် တစ်ရုပ် လို အသံတစ်ခုက သူမ ​ခေါင်းထဲက​နေ ထွက်​ပေါ် လာခဲ့သည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now