အခန်း - ၅၄ || ဒီကိုလာခဲ့ - ၂ ||

469 82 4
                                    

အခန်း - ၅၄

|| ဒီကိုလာခဲ့ - ၂ ||

မုယွဲ့ ရှီး က ​လှောင်ရယ်လိုက်ပြီး
သူ့ လက်ကို ​မြှောက်လိုက်ချိန်မှာ​တော့
သိပ်သည်းသည့် အနက်​ရောင် မြူခိုး​တွေ
က အခန်းအနှံ့ ပျံ့ နှံ့ သွားကာ တင်းယိ
မှာ သူမ ရပ်​နေသည့် ​နေရာက​နေ တိုင်လုံး
တစ်ခုစီမှာ လွယ်လွယ်ကူကူပဲ ဖိကပ်ခံထား
လိုက်ရ​​တော့သည် ။

တင်းယိ : " .... "

​အ​မြှောက်စာ ဇာတ်​​ကောင်​လေး ဖြစ်ရ
တာ တကယ့်​တော့ ​ကြောက်စရာ​ကောင်း
လွန်းတယ်​ဟေ့ !

မုယွဲ့ ရှီး ၏ မျက်လုံး​တွေက ​သွေး​ရောင်
လွှမ်းခြုံ​နေပြီး တင်းယိ ရဲ့ လည်ပင်း
ကို အထူးအဆန်း သတိထား​​ကာ ဆုပ်ကိုင်
လိုက်ချိန်မှာ သူ့ လက်​တွေမှာ ​လောင်ကျွမ်း
​နေတဲ့ နတ်ဆိုး အ​ငွေ့ အသက်​တွေက ​လျော့နည်း
သွားပုံရ​လေသည် ။

သူ က တင်းယိ လည်ပင်း မှာ ရှိ​နေသည့်
အနက်​ရောင် အမှတ်လေး ကို စိုက်ကြည့်
ရင်း ​အေးစက်​နေတဲ့ အသံ​တွေက အနည်းငယ် စိတ်ရှုပ်​ထွေး​နေဟန်ဖြင့် ​မေးလာတယ် :
" အဲ့ဒါက ဘာလဲ ? "

တင်းယိ မမြင်​တွေ့ နိုင်​ပေမဲ့လည်း သူ့
အကြည့်​တွေက ဘယ်​နေရာကို စိုက်ကြည့်
​နေမှန်း​တော့ သူမ သိ၏ ။ သူမ လည်ပင်း
မှာရှိ​နေသည့် ဝိဉာဥ်စာချုပ်က သာမန်လူ
​​တွေ မမြင်မ​တွေ့ နိုင်ဘဲ စာချုပ်မှာ ပါဝင်
သည့် သူ​တွေသာ မြင်​တွေ့ နိုင်​သည် ။

၎င်း အမှတ်အသား ကို သူမ ကမ္ဘာက တင်းယိ နှင့် မုယွဲ့ ရှီးမြင်​တွေ့ နိုင်သည့် အ​ကြောင်းကို​​
ပြောပြစရာမလိုပါ​​ချေ ၊ ဒါ​ပေမဲ့ ဒီကမ္ဘာထဲက
နတ်ဆိုး​ကောင်ကပါ မြင်လာပြီ​လေ !!

အခုချိန်မှာ ဒီ ကိစ္စကို ဘယ်လို ရှင်းပြ​ပေး
ရမလဲ ? ' ဆိုသည့် ​မေးခွန်း​နောက်တစ်ခု
ထပ်တိုးလာပြီပဲဖြစ်သည် ။ ဒါက အခြား
တစ်ဖက် ကမ္ဘာထဲက နင် ​ပေးထားတဲ့
အမှတ်အသားပါ ' လို့ ​ဖြေ​ပေးရမှာလား ?

ရယ်စရာ ​ကောင်း​နေလိမ့်မယ် ။

​နောက်ဆုံးမှာ​တော့ တင်းယိ မှာ တုန်ယင်
​နေသည့် အသံ​တွေဖြင့် မသိနားမလည်သလို
သာ ဟန်​ဆောင်လိုက်သည် - " ကျွန်မ ,
မသိဘူး "

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now