အခန်း - ၃၈||မင်းကို သူ့ ဝိဉာဥ်​ပေးထားတယ် - ၂ ||

727 105 2
                                    

uni - version

အခန်း - ၃၈

|| မင်းကို သူ့ ဝိဉာဥ်​ပေးထားတယ် - ၂ ||

စာချုပ်​တွေက ဒီလိုပဲလွယ်လွယ်ကူကူနဲ့
ချုပ်ဆိုလို့ ရလို့လား ? စာချုပ် ,ချုပ်တဲ့
ထုံးတမ်း​လေးတစ်ခု​ကိုတောင် ​မ​တွေ့ မြင်လိုက်
ရ​​ချေ !

တင်းယိ ၏ မျက်နှာ​ပေါ်မှာ ' မယုံကြည်ခြင်း '
ဟူသည့် စကားလုံးကို အတိုင်းသား​ရေးထား
​လေသည် ။

system က သူမ အား ကြင်ကြင်နာနာဖြင့်
သတိမ​ပေးလာခင်အချိန်ထိ တိတ်ဆိတ်​နေပြီး
​တော့မှ : မင်း လည်ပင်း ကို သွားကြည့်သင့်
တယ် ၊ အဲ့ဒါက နတ်ဆိုးစွမ်းအင်ထွက်​ပေါ်
လာတဲ့ မုယွဲ့ ရှီး ရဲ့ အနီအနက်​ရောင်
အမှတ်သားမဟုတ်ဘူးလား ?

သူမ က ​ကြေးမုံမှန် ကို အလျင်အမြန်ပဲ
ချိန်ညှိလိုက်ချိန်မှာ​တော့ သူမ ရဲ့ လည်ပင်းတွင်
ထူးထူးခြားခြား ပုံသဏ္ဍာန်ရှိသည့် အနာ​ဖေး
တစ်ခုကို ​တွေ့ လိုက်ရသည် .....အဲ့ဒါက မုယွဲ့ရှီး
နဖူး​ပေါ်က အမှတ်အသားကဲ့သို့ပင် ။

တင်းယိ မှာ မယုံကြည်နိုင်​အောင်ဖြစ်​နေ​လေသည် ။
မုယွဲ့ ရှီး သူမ လည်ပင်း ကို ကိုက်ခဲ့တာကို
မှတ်မိ​ပေမဲ့လည်း အဲ့ဒီ့တုန်းက​တော့ ဘာမှကို
သိပ်ပြီး​တော့ မ​တွေးခဲ့​ပေ ။

သူက ဒါကို မသိ​အောင် တိတ်တိတ်လေး
လုပ်လိုက်တာပဲ !

တင်းယိ ငိုချင်သလို ခံစား​နေရ​ပေမဲ့ system
က ​ပြောလာတယ် : ပစ်မှတ်က သူ ဆန္ဒမရှိဘဲ
နဲ့​တော့ သူ့ ဝိဉာဥ်ကို အခြားသူ​တွေနဲ့ လိုလိုလားလား
ချုပ်​နှောင်ထားမှာ မဟုတ်ဘူး ။ မင်း ​ကျေးဇူးတင်သင့်တယ် , မင်း နဲ့ မုယွဲ့ ရှီး
က စာချုပ် ,ချုပ်ပြီးပြီဆို​တော့ သူ့ အ​ပေါ်
လွှမ်းမိုးမှုက အတိုင်းတစ်ခုအထိ မင်း မှာရှိတယ်လို့
​ပြောရမယ် ပြီး​တော့ မင်း သူ့ကို လိမ်လည်လှည့်စား
လို့ မရ​တော့ဘူး ။ ပိုပြီး အ​ရေးကြီးတာက
မင်း သာမန် အ​​မြှောက်စာဇာတ်​ကောင်​လေး
က​နေ အ​ရေးကြီးတဲ့ အ​မြှောက်စာဇာတ်​ကောင်
အဖြစ် ရာထူးတိုးသွားပြီ​လေ ။ ​တော်တယ် !

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now