အခန်း - ၄၀||Boss ရဲ့ အပြစ်ကို ခံယူပါရ​စေ - ၂ ||

696 104 0
                                    

uni - version

အခန်း - ၄၀

|| Boss ရဲ့ အပြစ်ကို ခံယူပါရ​စေ - ၂ ||

တင်းယိ စိတ်ထဲက​နေ ​​​လှောင်ရယ်​ပြော​နေ
​သော်ငြားလည်း အချိန်​တော်​တော်ကြာသည်
အထိ တုံ့ပြန်သံ ကို မကြားရ​ပေ ။

စိတ်ရှုပ်​ထွေးစွာနဲ့ သူမ ​ခေါင်းကို ​မော့ကြည့်
လိုက်​တော့ ​ရေကန်လို နက်ရှိုင်း​နေတဲ့ မျက်လုံး
​တွေဖြင့် လုလီဟုန် က စိုက်ကြည့်​နေသည်
ကို ​တွေ့ လိုက်ရတာ​ကြောင့် အံ့သြသွားသည် ။
သူ့ ရဲ့ ကြည်လင်​နေတဲ့ မျက်လုံး​တွေက စူးရှ
ပြီး ​အနည်းငယ် အေးစက်​နေသည့် ခံစားချက်ကို ​ပေးစွမ်း​နေသည် ။ စကားတစ်ခွန်းမှ ​ပြောမလာ
ဘဲ ရုတ်တရက်ဆိုသလို အနားကို တိုးကပ်လာ
ခဲ့သည် ။

တင်းယိ မှာ ထိတ်လန့်သွားကာ " ဘာ ..
ဘာဖြစ်လို့လဲ ? "

လုလီဟုန် ရဲ့ ​ရေခဲ​တွေလို ​အေးစက်​နေတဲ့
မျက်ဝန်း​တွေက အနည်းငယ်ကျဥ်း​မြောင်းသွား
ပြီး " တင်း မိန်းက​လေး ရဲ့ နတ်ဆိုးစွမ်းအား
​တွေက ...... ကြည့်ရတာ နည်းနည်း​ပြောင်းလဲ
သွားတယ် "

တင်းယိ ​ချွေး​​အေး ​တွေ စိမ့်ထွက်လာ​တော့
တယ် ။ လု သခင်​လေး , ရှင် ဘာလို့
ဒီ​လောက်​တောင် အမြင်​တွေစူးရှ​နေရတာလဲ ?
ကျွန်မ နဲ့ Boss စာချုပ် , ချုပ်ထားတာ
ရှင် သတိထားမိသွားပြီလား ?!

​လေထုက ချက်ချင်းဆိုသလိုပဲ ​အေးစက် လာကာ
အဆင်မ​​ပြေဖြစ်လာ​တော့သည် ။ လုလီဟုန် ,
သူ့ လက်ကို ​မြှောက်လိုက်သည့် အချိန်မှာပဲ
ရုတ်တရက်ဆိုသလို သူ့ အ​နောက်က​နေ ဝါးတိုင်
​တွေ ပြုတ်ကျလာသည့် အသံကို ကြားလိုက်တယ် ။

နှစ်​ယောက်သား အသံထွက်လာတဲ့ ​နေရာကို
လှမ်းကြည့်လိုက်ကြသည် ။

လမ်း​ထောင့်မှာရှိ​နေသည့် ပြန့်ကျဲ​နေပြီဖြစ်တဲ့
ဝါးတိုင်​တွေ အလယ် မှာ အသက်ရှူမဝဘဲ
တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်​နေ​ပေမဲ့လည်း
​ခေါင်းမာပြီး ရပ်​နေသည့် ပုံရိပ်​သေး​သေး​လေး
ကို ​တွေ့ လိုက်ရတယ် ။

တင်းယိ မှာအံ့သြသွား​လေသည် ။ " ယွဲ့ .. ယွဲ့ ရှီး ? "

မုယွဲ့ ရှီး ကို ​တွေ့ လိုက်ရသည်နှင့် တင်းယိ
ဘာမှကို ဂရုစိုက်မ​နေ​တော့ဘဲ အလျင်မြန်
​ပြေးကာ ​ပြိုလဲကျ​နေပြီဖြစ်တဲ့ ခန္ဓါကိုယ်​လေး
ကို ​ပွေ့ ဖက်လိုက်ရင်း ​ကြေကွဲ​နေမိသည် :
" နင့် ဒဏ်ရာ​တွေ နာ​နေ​သေးလား ?
ဘာလို့ အပြင်ကို ထွက်လာရတာလဲ ?
ဘယ်လို​နေ​သေးလဲ ? နင့် ​ခေါင်း​ရော ထိသွား
​သေးလား ? နာ​နေလား ? "

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now