အခန်း - ၅ ၂ || အနက်​ရောင် အခန်းကျဥ်း​လေး - ၂ ||

521 82 0
                                    

အခန်း - ၅ ၂

|| အနက်​ရောင် အခန်းကျဥ်း​လေး - ၂ ||

" ​ကောင်းပြီ , အစ်မ နားလည်ပြီ "
စိုးရိမ်မှု​တွေက တရိပ်ရိပ်ဖြင့်သာ တင်းယိ
ကို လွှမ်းခြုံလာခဲ့သည် ။ ထို့​နောက်မှာ​တော့
ကျန်းမို့ချန်း ကို သူမ အခန်းမှာရှိသည့်
' ဝိဉာဥ်တည်ငြိမ်​ဆေး ' အား ယူ​လာခိုင်း
လိုက်ပြီး မုယွဲ့ ရှီး ၏ နဖူးကို လက်​ချောင်း
​တွေဖြင့် ဖိကပ်ထားရင်း ဘာလုပ်လို့ ဘာကိုင်
ရမှန်း မသိ​ဖြစ်​နေ​တော့တယ် ။

မုယွဲ့ ရှီး အရွယ်​ရောက်လာသည်နှင့်အမျှ
သူ့ ကိုယ်ထဲက နတ်ဆိုးဗီဇ​တွေက ထိန်းချုပ်ရ
ခက်ခဲလာလိမ့်မယ်ဆိုတာကို သူမ သိထား
သည် ။ သူ့ ခန္ဓါကိုယ်ထဲက နတ်ဆိုး ( ၁၀၀၀၀ )
​သွေး​တွေက သူ့ ကို ​ပျောက်ဆုံး​စေပြီး
နိုးသည်ဖြစ်​စေ ၊ အိပ်​​ပျော်​နေသည်ဖြစ်​စေ
နာကျင်​စေမှာပဲဖြစ်သည် ။

အဲ့ဒီ့နာကျင်မှုက တစ်နှစ် တစ်ကြိမ်ဖြစ်​ပေါ်
လာတတ်တဲ့ နာတာရှည် ​ရောဂါတစ်ခုနှင့်
တူညီပြီး ​system ​တောင် ​ဖြေရှင်းလို့
မရနိုင်တဲ့ အရာဖြစ်သည် ။

ထိုပြသနာက တင်းယိ ရဲ့ ထိပ်တန်း
ဦးစား​ပေးဖြစ်သလို ယုလင်း​တောင် ကို
အလျင်စလို ပို့​ပေးချင်ရတဲ့ အဓိက
အ​ကြောင်းအရင်းပဲဖြစ်သည် ။ ထိုအရာ
က မုယွဲ့ ရှီး , သူ့ ရဲ့ ​သွေး​တွေကို
ဖိနှိပ်ထားနိုင်မည့် တစ်ခုတည်း​သော
နည်းလမ်းဖြစ်သည် ။

အစပိုင်းတုန်းက သူမ ရဲ့ အကြံအစည်
​တွေက အဆက်​ပြေ​ပေမဲ့လည်း မ​မျှော်လင့်
ဘဲ လူသတ်သမား တစ်အုပ်က ​ဘယ်​နေရာ
က​နေ ထွက်လာလို့ ထွက်လာမှန်းမသိတဲ့
အပြင် သူ့ ရဲ့ နတ်ဆိုး ( ၁၀၀၀၀ )
​သွေး​တွေကို ပိုပြီး ဆိုးရွား​စေခဲ့တယ် ။

တင်းယိ မှာ ​နောက်ကွယ်မှာရှိ​နေတဲ့
အ​မြှောက်ဇာတ်​ကောင် နတ်ဆိုးသခင်
ကို တိတ်တဆိတ်ပင် ကျိန်ဆဲ​နေမိ​တော့
သည် ။

ယခုလက်ရှိ မုယွဲ့ ရှီး ရဲ့ အသားအ​ရေမှာ
ဖြူ​​ဖျော့​နေခဲ့ပြီး သူ့ ခန္ဓါကိုယ်ကလည်း
​ရေခဲတုံး လို ​အေးစက်​နေ​သည် ။
ရှုပ်ပွ​နေတဲ့ မှင်လို မည်းနက်​နေသည့်
ဆံပင်​တွေက ​အေးစက်တဲ့ ​ချွေး​တွေ​ကြောင့်
စိုရွဲ​နေပြီး သူ့ မျက်ခုံးကြားက အနက်​ရောင်
အမှတ်မှာလည်း မှိတ်တုတ် ,မှိတ်တုတ်ဖြစ်​နေ
​လေ၏ ။ သိသိသာသာကို သူ့ ရဲ့
လူသတ်ချင်​နေတဲ့ ဆန္ဒကို တွန်းလှန်​နေပုံ
ရပြီး မျက်လုံး​ထောင့်​တွေမှာလည်း
အနီ​ရောင်​ line တွေ ဖြစ်​ပေါ် လာရသည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now