အခန်း - ၆၃||ငါ ဘာ​တွေ​တွေး​နေလဲမင်းသိလို့လား - ၂||

321 75 11
                                    

အခန်း - ၆၃

|| ငါ ဘာ​တွေ​တွေး​နေလဲ မင်းသိလို့လား - ၂ ||

ထို အချိန်မှာ​တော့ ​စော​စောက အချိန်​​လေး
၌ ​တွေ့ ခဲ့ရသည့် နူးညံ့မှု နှင့် ​​အားနည်း
​​ပျော့ညံ့မှု​တွေက လုံးလုံးလျားလျား ​ပျောက်
ကွယ်သွား​လေသည် ။ သူ့ ၏ ဓါးကို
ကိုင်​မြှောက်လိုက်ပြီး ထိတ်လန့်အံ့သြ​နေ
သည့် ' တင်းယိ ' ရဲ့ လည်ပင်းအ​နောက်
အားနည်းချက်​နေရာအား ​အတိအကျပင်
ထိုးစိုက်လိုက်​တယ် ။

ကာမနတ်ဆိုး စီမှ ကျယ်​လောင်သည့် အသံ
ထွက်​ပေါ် လာခဲ့သည် ။ ပြစ်ချက်မရှိတဲ့
မျက်နှာက ဖန်ကွဲစ တစ်ခုလိုမျိုး ကွဲအက်
သွားကာ သူမ ရဲ့ ​ခြောက်​သွေ့ ပြီးပျက်စီး
​နေသည့် မျက်နှာအစစ်အမှန်က ထွက်​ပေါ်
လာ​တော့သည် ။

မုယွဲ့ ရှီး က သူ့ ဓါးအား ​နောက်တစ်ကြိမ်
ထပ်​မြှောက်လိုက်ပြီး ​နေရာအနှံ့ မှာရှိ
​နေသည့် အားနည်းချက်​​​နေရာ​တွေကို
ထိုးသတ်လိုက်တယ် ။

​​နောက်ပြန်ဆုတ်ခွာသွားသည့် ကာမ နတ်ဆိုးမ
မှာ အခုအ​ခြေ​နေကို တုံ့ပြန်နိုင်ရန်
အတွက် ခဏ​​​လောက်ကြာသွားခဲ့သည် ။
မုယွဲ့ ရှီး က သူမ ရဲ့ အားနည်ချက်​နေရာ
​တွေကိုပဲ ​ရွေးချယ်ပြီး တိုက်ခိုက်ခဲ့တာပင် ။
သူမ , သူ့ အား စပြီးချဥ်းကပ်ကတည်းက
တိုက်ခိုက်ဖို့အတွက် ကြံစည်ပြီးသားဖြစ်
​ပေလိမ့်မည် ။

ကာမ နတ်ဆိုးမ မှာ ထိတ်လန့်အံ့သြ
သွားပြီး ​ဒေါသတကြီးဖြင့် : " နင် ....
နင် အစတည်းက ယစ်မူး​နေတာ
မဟုတ်ဘူးလား ? ! "

မုယွဲ့ ရှီး ၏ အနည်းငယ်နီရဲ​နေတဲ့
မျက်လုံး​​​တွေက ​အေးစက်ပြီး ​သွေးဆာ
​လောင်​နေသည့် အပြုံး​တွေအား ထုတ်​ဖော်
ပြသ​နေခဲ့သည် ။ " အင်း , အရမ်းကို
ယစ်မူး​နေတာ​​လေ "

အမှန်တကယ်​တော့ တင်းယိ ရဲ့ အသွင်
ပြင် ဒါမှမဟုတ် စကားသံက အစ ဟန်
​​ဆောင်သည့် ကာမ နတ်ဆိုးမ ရဲ့ ရုပ်ဖျတ်
ခြင်း​မှော်က ပြစ်ချက်မရှိ​ချေ ။ ဘယ်​နေရာ
မှာမှ ချို့ယွင်းချက်မရှိ​သော်လည်း သူမ ​ပြောင်း
လဲ ခဲ့သည့် တင်းယိ က သူ့ စိတ်ထဲက
တင်းယိ ဖြစ်​နေတာ​ကြောင့်ပင် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now