အခန်း -၂||ငါ​လေးကဝတ္ထုထဲကအမဲသားလိုအ​ပေါင်းခံရမဲ့အ​မြှောက်စာဇာတ်​ကောင်​လေးတဲ့လား|

2K 272 3
                                    

Uni -version
Translator - @Lavendar ___ kitty

~~~~~~~~~~~~~~
အခန်း -

( ငါ​လေးက ဝတ္ထုထဲက အမဲသားလို အ​ပေါင်းခံရမဲ့
အ​မြှောက်စာ ဇာတ်​ကောင်​လေးတဲ့လား - ၂ )
______________________

သူ ရဲ့ ပုံစံမှာ သနားစရာ​ကောင်း​နေ​လေသည် ။

တင်းယိ က ထိုအားနည်းသည့် က​လေး ကို သူမ
ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ဖက်လိုက်သည် ။
အဲ့ဒီ့​နောက်မှာ​တော့ သူမ ရဲ့ စိတ် ကို ​တောင့်တင်း
လိုက်ပြီး အမြန်ပြန်လှည့်ကာ ​ရေတွင်း ထဲသို့ ခုန်ဆင်းလိုက်​တော့သည် ။

​ရေတွင်းနက်ကြီးထဲက ​ရေ​အေး​တွေက အရိုးထဲထိ
​ရောက်​အောင် ​အေးစက်လှသည် ။ တင်းယိ ရဲ့
​ခေါင်း က ​ရေ​တွေ​အောက်မှာ မြှုပ်သွားချိန်မှာ​တော့
သူမ ရဲ့ နှလုံးသား တစ်ခုလုံး ​အေးခဲ​တောင့်တင်းသွား
​တော့သည် ။

ဒီ​​ရေတွင်း က ဘယ်​လောက်​တောင် နက်,
တာတုန်းဟ ?! ။

သူမ အလွန် ထိတ်လန့်သွားမိသည် ။ သွားပြီ , သွားပြီ။ အခု သူမ ​ဒီ​နေရာကို ​ရောက်လာတာ ၂ မိနစ်ထက်​တောင်မပို​သေးဘူး ဒါကို အခုလိုမျိုးနဲ့ bye bye လုပ်ပြီးထွက်သွားရ​တော့မှာလား ။

တင်းယိ ရဲ့ ​ခေါင်းက ​ရေထဲမှာ နစ်မြှုပ်​နေပြီ
ဖြစ်တာ​ကြောင့် သူမ ရင်ခွင်ထဲက , က​လေးငယ်
ကို အချိန်ကြာကြာဖက်ထားနိုင်စွမ်းမရှိ​တော့သည်
ကို သူမ ခံစားလိုက်ရသည် ။ သူမ စိတ်ပျက်အားငယ်
ချိန်မှာပဲ system ရဲ့ အချက်​ပေးသံနှင့်အတူ တစ်ချိန်တည်းမှာပဲ အတင်းအကျပ် ​နေရာ​ရွှေ့​ပြောင်းသည့် စက်ဝန်း တစ်ခု​ပေါ်လာခဲ့သည် ။

ဒီ system က ခံစားချက်မရှိ​ပေမဲ့လည်း ကြင်နာ
တတ်သားပဲ ။

တင်းယိ ​နေရာ​ရွှေ့​ပြောင်းခံ​နေရစဥ်မှာပဲ သူမ
အသက်ရှူလို့ရလာနိုင်သည်ကို သိသိသာသာပဲ ခံစား
ရ​လေသည် ။ အဲ့ဒီ့​နောက်မှာ​တော့ သူမ မှာ မူး​ဝေ
လာသလို ခံစားရပြီး system ရဲ့ အနီ​ရောင် အချက်
​ပေးသံ​တွေကို အဆက်မပြက်ကြား​ရ​တော့သည် ။

《 အနီကဒ် ။ Host မင်း ရဲ့ ရည်ရွယ်
ချက်ကို ပြင်​​ပေးပါ ၊ အဓိက ဇာတ်​ကောင် နဲ့ အတူတူ
​သေဆုံးရန် အတွက် အချည်းနှီးမကြိုးစားပါနဲ့ ။ သင်
စည်းမျဥ်းတစ်ခု ချိုး​ဖောက်လိုက်ပြီးပါပြီ ။ 》

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now