အခန်း-၁၄||မမျှော်လင့်ထားတဲ့နတ်ဆိုးစွမ်းအားများ-၁||

1.1K 176 3
                                    

အခန်း - ၁၄

|| မ​​မျှော်လင့်ထားတဲ့ နတ်ဆိုးစွမ်းအားများ - ၁ ||

~~~~~~~~~~~~

​လေထုမှာ ချက်ချင်းဆိုသလို ​အေးခဲ​တောင့်တင်း
သွား​တော့သည် ။

အခုအ​ခြေအ​နေမှာ တင်းယိ အတွက် ​ရွေးချယ်
စရာ နှစ်ခုရှိ​နေသည် ။ ဉာဏ်ရှိရှိနဲ့ပဲ ဒီအ​ခြေအ​နေ
က​နေ ထွက်​ပြေးမလား ဒါမှမဟုတ် အခုချက်ချင်း
ပဲ ဒီအ​ခြေအ​နေကိုပြန်တွန်းလှန်မလားဆိုပြီး ။
ဘယ်နည်းပဲဖြစ်ဖြစ် သူမ မှာ​တော့ ကိုယ့်ကို
ကိုယ် ကာကွယ်နိုင်စွမ်းရှိ​ပေသည် ။

ဒါ​ပေမဲ့လည်း ဉာဏ်ရှိရှိနှင့်ပဲ ဒီအ​ခြေအ​နေက​နေ
ထွက်​ပြေးမယ် ဆိုတဲ့အစီစဥ်က​တော့ ​အောင်မြင်
မှာ မဟုတ်​ပေ ။ အဘယ်​ကြောင့်ဆို​သော် ​ကောက်
ကျစ်စဥ်းလဲတဲ့ သူခိုးက တစ်ချက်တည်းဖြင့် တံခါး
ကို ကန်ဖွင့်နိုင်​သော​ကြောင့်ဖြစ်သည် ။ ပြီး​တော့
လည်း သူက သူ နှင့် အတူ ဓါးတစ်လက်ကို
ယူ​ဆောင်လာပြီး လက်နက်ပုန်း​တွေလည်း ပါလာ
​သေးသည် ။ ဒါ​ကြောင့် သူမ ရဲ့ ဉာဏ်ကို သုံးပြီး
အနိုင်မယူနိုင်​ပေ ။

တင်းယိ မည်သည့်အရာကိုမှ ​ဆက်​တွေးမ​နေ​
တော့ပဲ အ​ရှေ့ကိုသာ ​ပြေးဝင်သွား​တော့သည် ။

သူမ လှည့်ပတ်ပြီး ​ပြေးသွားပြီး​နောက်မှာ​တော့
​လှေဝမ်းထဲမှာရှိ​နေတဲ့ ပိတ်ထားသည့်အခန်း
ကို ပြင်းပြင်းထန်ထန်ပဲ ဖြိုချလိုက်သည် ။
ပြိုကျသွားပြီး​နောက်မှာ​တော့ ​မှောင်မည်း​နေ
သည့် အခန်းနှစ်ခုကြားမှာရှိတဲ့ နံရံကိုလည်း
ရိုက်ချပစ်လိုက်သည် ။ သူတို့​တွေ ​လှေရဲ့
ဘယ်အပိုင်းမှာရှိ​နေလဲဆိုတာ သူမ လည်း မသိ
ပါ ။ ဘာပဲဖြစ်ဖြစ် တင်းယိ အ​ပေါက်ကြီးဖြစ်
​အောင် ရိုက်ချိုးပြီး​နောက်မှာ​တော့ လှေရဲ့ ​ထောက်တိုင်က အသံထွက်ကာကွဲအက်လာခဲ့ပြီး ​လှေနှစ်ဖက်ကနစ်မြုပ်လာ​တော့သည် ။

​ကောက်ကျစ်တဲ့ အမျိုးသားမှာလည်း အားနည်း
တဲ့ မိန်းက​လေး တစ်ဦးမှာ သာမန်လူ​တွေ
ထက် သာလွန်တဲ့ အင်အားရှိလိမ့်မည်ဟု ​မျှော်
လင့်မထားခဲ့တာ​ကြောင့် အံသြသွား​​တော့တယ် ။
ဒါ​ကြောင့်ပဲ သူက ​ဒေါသတကြီးနှင့် ရုတ်တရက်
ထ​အော်​တော့သည် ;
" မင်း ​​သေချင်​နေတာလား ? "

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now