အခန်း - ၄၅|| ဇာတ်လိုက် နှင့် ဗီလိန်တို့ရဲ့ ​ပျော်ရွှင်ဖွယ် ​တွေ့ ဆုံခန်း - ၁ ||

798 105 7
                                    

အခန်း - ၄၅

|| ဇာတ်လိုက် နှင့် ဗီလိန်တို့ရဲ့ ​ပျော်ရွှင်ဖွယ်
​တွေ့ ဆုံခန်း - ၁ ||

အိပ်ယာမဝင်ခင် တင်းယိ မှာ ပုံမှန်မဟုတ်
သည့် အ​ခြေ​အ​နေ သတိ​ပေးချက်အ​ကြောင်း
​မေးချင်​သော်လည်း system မှာ off - line
ဖြစ်​နေပုံရသည် ။

အိပ်ယာ​ပေါ်မှာ ဝင်လှဲချလိုက်ရင်း ​အိမ်​ခေါင်မိုး
အား စိုက်ကြည့်ကာ ခုနက ​ပြောခဲ့သည့် မုယွဲ့ ရှီး
ရဲ့ စကားကို ​တွေး​နေမိသည် ။

ရိုးရိုးသားသား မညာစတမ်း ဝန်ခံရမည်ဆိုလျှင်
သူမ ဒီ ကမ္ဘာမှာ နှစ်ကာလရှည်ကြာစွာ
​​နေထိုင်ရပြီး​နောက်မှာ​တော့ သူမ ရဲ့ အရင်ဘဝ
တုန်းက ' အိမ် ' ဆိုသည့်အရာကို ​မေ့​လျော့
​နေပြီပဲဖြစ်သည် ။ point ​တွေ အလုံအ​လောက်
စု​ဆောင်းပြီး အိမ်ပြန်ရဖို့အတွက် system
ရဲ့ တာဝန်​တွေကို အလွန်ကြိုးစားအားထုတ်
ခဲ့​ပေမဲ့လည်း သူမ ရဲ့ ဘဝအ​ကြောင်းကို
​တွေး​တောပြီး​နောက်မှာ​တော့ အရင်ဘဝ
ကိုပြန်သွားချင်ရသည့် အ​ကြောင်းပြချက်ကို
စတင်​တွေးလာမိသည် ။

သူမ ရဲ့ ယခင် အိမ် က တိုက်ခန်းလွတ်တစ်ခု
သာဖြစ်သည် ။ အဲ့ဒီ့​နေရာမှာ သူမ ကို
ဂရုစိုက်​ပေးမည့်သူ​ မရှိသလို သူမ ဂရုစိုက်ရ
မည့်လူလည်း တစ်ဦးတစ်​ယောက်မှ မရှိ​ချေ .....

သူမ ထိုအ​ကြောင်းကို ​တွေးလိုက်မိသည်နှင့်
ပို ,ပိုပြီး​တော့ စိတ်မသက်မသာ ခံစားရ​
သည် ။ ဒါ့​ကြောင့် သူမ ရဲ့ အ​တွေး
ရထားကို ရပ်တန့်လိုက်ပြီး တင်းယိ မှာ သူမ
၏ မျက်နှာကို ​စောင်ဖြင့်ခြုံလိုက်​တော့တယ် ။
ညသန်း​ခေါင်အချိန်​​ကျော်လွန်မှ သူမ အိပ်​မော
ကျသွားခဲ့သည် ။

တစ်ချိန်တည်းမှာပင် ​နံ​ဘေးရှိအခန်းမှာ
ဖ​ယောင်းတိုင်မီး​တွေ လင်းထိန်​နေ​သော်လည်း
အခန်းထဲမှာ လွတ်ဟ ​နေ​လေသည် ။

​နောက်​နေ့ မနက် တင်းယိ အိပ်ယာနိုးလာချိန်
မှာ​တော့ မုယွဲ့ ရှီး ကို အိမ်ရဲ့ မည်သည့်​
နေရာမှာမှ မ​တွေ့ ရ​ပေ ။ မီးဖို​ချောင်
ထဲသွား ကြည့်ချိန်မှာ​တော့ မီးဖို​ပေါ် မှာတင်
ထားသည့် စားစရာအချို့ ကိုသာ ​တွေ့ လိုက်
ရသည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now