အခန်း - ၅၇|| ဒီကိုလာခဲ့ - ၅ ||

549 77 4
                                    

အခန်း - ၅၇

|| ဒီကိုလာခဲ့ - ၅ ||

​နောက်ဆုံးမှာ​တော့ ကျန်းမို့ချန်း မှာ
သူ့ ရဲ့ ရှာ​ဖွေမှု​တွေကို စွန့်လွှတ်လိုက်ရပြီး
မုယွဲ့ ရှီး ကိုသာ ပြန်လည် အာရုံစိုက်ရ
​တော့သည် ။

သူ က ​အေးစက်စက်ပဲ ခြိမ်း​ခြောက်ခဲ့
သည် ။ " မင်း ​နေနှင့်ဦး​ပေါ့ကွာ ,
ငါ့မှာ မင်းအတွက် နည်းလမ်း​တွေအများကြီး
ရှိတယ် ။ မင်း တစ်ခုခုလုပ်ရင်​တော့
ငါ .... "

မုယွဲ့ ရှီး ; " အဲ့​တော့ မင်းဘာလုပ်မှာလဲ ? "

ကျန်းမို့ချန်း မှာ တစ်စက္ကန့်လောက်
ဘာ​ပြောလို့ ​ပြောရမှန်းမသိ ဖြစ်သွားခဲ့
ပြီးမှ : " မင်းကို ယုလင်း ​တောင်​ပေါ်
မသွားနိုင်​အောင် ငါ လုပ်မှာ "

ထို ခြိမ်း​ခြောက်မှုက အမှန် ဟုတ် , မဟုတ်
ကျန်းမို့ချန်း တစ်​ယောက်တည်းသာ သိ​ပေ
လိမ့်မည် ။ တစ်ရက်ပြီး တစ်ရက်
​နေ့​တွေက လျင်လျက်မြန်မြန်ပဲ ကုန်ဆုံး
သွားခဲ့ပြီး မကြာခင်မှာပဲ ယုလင်း ​တောင်
၌ တပည့်လက်ခံမည့် အချိန်​ရောက်ရှိလာပြီ
ပဲဖြစ်သည် ။

တင်းယိ မှာ ထိုအချိန်​ ကို အမြဲတမ်း
​စောင့်​မျှော်​နေခဲ့ရပြီး သူမလည်း ပြင်ဆင်
ထားပြီးပြီဖြစ်သည် ။ အချိန်ကျသည်နှင့်
တပြိုင်နက်တည်း များပြားလှသည့် အထုပ်
အပိုး​တွေနဲ့ ထွက်ခွာလာပြီပဲဖြစ်​သည် ။

ကျင့်ကြံ​ရေး၌ မုယွဲ့ ရှီး အာရုံ​ထွေပြား
ခြင်းမရရှိဘဲ ရုတ်တရက်ဖြစ်​ပေါ်လာ
နိုင်သည့် ပြသနာ​တွေအတွက် သူမ အချိန်
​တော်​တော်ကြာကြာကပင် ပြင်ဆင်ထားခဲ့
ပြီးပြီပဲဖြစ်​လေသည် ။

အင်း , သူမ က က​လေးထိန်း
တစ်​ယောက်အဖြစ် ​မွေးဖွားလာတာပါပဲ !

ကျန်းမို့ချန်း ကို​တော့ တစ်စုံ​တစ်​ယောက်
က တစ်လ အချိန်​စောပြီး လာ​ခေါ် သွားတာ
​ကြောင့် သူ က ထွက်သွားနှင့်ပြီ ။

အိမ်အ​ရှေ့ မှာ ပန်းကန် အ​ပေ​တွေကို
ခန့်ခန့်ညားညား ​ဆေး​ကြော​နေချိန်မှာ
သူ့ မျိုးနွယ်စုဝင် တစ်​ယောက် အား မြင်​တွေ့
လိုက်ချိန်မှာ​တော့ ချက်ချင်းဆိုသလို သူ့ ရဲ့
မာနကြီးသည့် သခင်​လေး အသွင် ​ပြောင်းလဲ
သွားကာ ​ပျော်​ပျော်ရွှင်ရွှင်ပဲ ပြန်လိုက်သွား
​တော့တယ် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now