အခန်း - ၂၆ ||သန်း​ခေါင်ချိန်မှ တ​ေစ္ဆ​ခေါက်တဲ့တံခါးသံ - ၂ ||

783 130 1
                                    

အခန်း - ၂၆

|| သန်း​ခေါင်ချိန်မှ တ​ေစ္ဆ​ခေါက်တဲ့တံခါးသံ - ၂ ||

-------- uni - version ---------
-------- translator @Lulu ------------

" တင်းယိ ! တင်းယိ ထပါဦး ​!! "
မုယွဲ့ ရှီး ရဲ့ စိုးရိမ်ပူပန်​နေတဲ့ မျက်နှာ​လေး
က သူမ အာရုံထဲကို တဖြည်းဖြည်းဝင်​ရောက်
လာ​လေသည် ။ တင်းယိ မှာ ​ရေနစ်​နေသည့်
အမျိုးသမီးလို အသက်ကို ရှူ​နေမိသည် ။
သူမ မှာ ထိတ်လန့်​တုန်လှုပ်​နေဆဲဖြစ်ပြီး
သူမ မျက်လုံး​တွေမှာ အခန်းတစ်ခုလုံးကို
စူးစူးစိုက်စိုက် ကြည့်​နေခဲ့သည် ။

ဘယ်သူမှမရှိဘူး ..... ။ ဒီ​နေရာမှာ မုယွဲ့ ရှီး
ကလွဲပြီး သရဲတ​ေစ္တရဲ့ အရိပ်​ယောင်​တောင်
မမြင်ရဘူး ။

ဒါဆို အိမ်မက် ,မက်​နေတာလား ?

တင်းယိ မှာ နာကျင်​နေတဲ့ သူမ ဦး​ခေါင်းကို
ပွတ်ရင်း ခက်ခက်ခဲခဲ ထလိုက်တယ် ။

" ငါ အိပ်​ပျော်သွားတာလား " လို့ တင်းယိ
မှာ ဇ​ဝေဇဝါဖြင့် ​မေးလိုက်သည် ။

မုယွဲ့ ရှီး ၏ မျက်နှာ​​လေးပေါ်က စိုးရိမ်​နေ​သေး
တဲ့ အရိပ်အ​ယောင်​တွေက မ​ပျောက်​သေး
ဘဲ ​ခေါင်း​လေးညိတ်ရင်း ပြန်​ဖြေလာသည် ;
" ငါ မင်းကို ​ခေါ်နိုး​ပေမဲ့ မင်းက နိုးမလာ
ဘူး ၊ ပြီး​တော့ မင်းဘာသာ့ ​အော်ပြီး လန့်နိုး
လာတာ "

သူက ပြန်​ဖြေ​ပေးလိုက်ရင်း , မုယွဲ့ ရှီး
ကြမ်းပြင်​ပေါ် မှာ အနည်းငယ် ချိုင့်ဝင်သွားသည့်
​နေရာကို ညွှန်ပြလိုက်​သည် ။

တင်းယိ မှာ နာကျင်စွာဖြင့် အံကြိတ်လိုက်မိတယ် ။

ဒီ​​လောက်ထိနာ​နေတာ မထူးဆန်း​တော့ဘူး !

မုယွဲ့ ရှီး မျက်နှာ​​လေးက စိုးရိမ်ပူပင်မှု​တွေပြည့်
​နေတာ ​တွေ့ လိုက်​တော့ တင်းယိ မှာ သူမ
နှုတ်ခမ်း​တွေကို စိတ်​အေးလက်​အေးဖြစ်​​အောင်
ပြုံးပြလိုက်ရင်း ​ချော့​မော့လိုက်သည် ;
" ငါ အဆင်​ပြေပါတယ် ၊ ပင်ပန်းလွန်းတာ
​ကြောင့် အိမ်မက်ဆိုး ,မက်​​နေမိတာ ။
နင့်ရော ဘာလို့ မအိပ်​သေးတာလဲ , အိပ်​တော့ "

မုယွဲ့ ရှီး က ကုတင်​ပေါ်မှာ လူးလှိမ့်လိုက်ပြီး
သူ့ မျက်​လုံး​တွေက​တော့ ​လေးနက်စွာဖြင့် :
" မအိပ်ချင်​သေးဘူး ၊ ငါ မင်းကို
အ​ဖော်ပြု​ပေးမယ်​လေ "

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now