အခန်း - ၅||ငါ​လေး အကျင့်ပျက်တဲ့ က​လေး ကိုမလိုချင်ဘူး-၃ ||

1.6K 241 3
                                    

Uni - version
Translator - Lavendar ___ kitty
* kitty ကြိုသတိ​ပေးချင်လို့ပါ​နော် ဒါ​လေးရဲ့
English translator က cha -4 ကစပြီး
အခြားတစ်​ယောက်ပါ​နော် ၊ ဒါ​ကြောင့် အရင်က
အပိုင်း​တွေနဲ့ ဖတ်ရတာ​ထောက်​နေမှာစိုးရိမ်လို့ပါ ။
-----------------------

မားမား ​ရေ ! အဲ့ဒါကကြီးက ​ေ-ာက်ရမ်းမိုက်ပြီး
​ကြောက်စရာ​ကောင်းလွန်းတယ် ။

အချိန်ကြာသည်အထိ အသံမကြားရတာ​ကြောင့်
​ခြောက်သွေ့​နေတဲ့ အရိုး​ဝါးစုကြီး က
ဝါးအိမ်​လေး ထဲမှာ တစ်ခုခုမူမမှန်တာဖြစ်​နေပြီဆိုတာကို သိလိုက်တာ​ကြောင့် လူသတ်ချင်တဲ့ ရည်ရွယ်ချက်က ဟန်​ဆောင်လို့မရ​အောင်​ပင် ထွက်​​ပေါ်လာ​တော့သည် ။

" ​ပေါင်မုန့် နဲ့ စပျစ်ရည်ကို​ယူမ​နေနဲ့ ၊ နံ​စော်​နေတဲ့ ​ကောင်မ​လေး , အဲ့ဒီ့နတ်ဆိုး​လေး ကို ငါ့စီမြန်မြန်အပ်လိုက်မဟုတ်ရင် မင်းရဲ့ ​ခေါင်းကို ငါ အစိမ်းလိုက်ဝါးစားလိုက်မယ် "

ထင်တဲ့အတိုင်းပဲ အဲ့ဒါ့ကို ​ခြောက်​သွေ့ ​နေတဲ့
အရိုး​ဝါးစုကြီး လို့ ​ခေါ်တာမထူးဆန်း​တော့ပါဘူး​လေ ။
အရိုး​ဝါးစုကြီး ရဲ့ သဘာဝကို အရိုး​တွေကို စားရတာ
ကြိုက်နှစ်သက်တဲ့အရာဆိုတာ ရှင်းရှင်း​လေးရယ် ။

ဒီ​တော့ ဒီမ​ကောင်းဆိုးဝါးကြီး ​ပေးထားတဲ့ ​ဆေးရည်
​တွေကလည်း ​ကောင်းတဲ့အရာ​တွေမဟုတ်​လောက်ဘူး၊ငါ​နော် ဒင်းရဲ့ အရိုး​တွေကို ပန်းကန်လုံးနှစ်လုံးထဲအပြည့်သိပ်ပြီး အချဥ်​ဖောက်ထားချင်လိုက်တာ​နော် !

တင်းယိ ရဲ့ စိတ်နှလုံးက တကယ့်ကို ရိုးရှင်းလွန်း
တာ​ကြောင့် သူမ က ​လေးလံတဲ့ သစ်သားပုံးကြီး
ကို တွန်းထုတ်ကာ တံခါးကို ပိတ်ဖို့အတွက် အစွမ်းကုန်ကြိုးစား​တော့သည် ။

ဒါ​ပေမဲ့ တင်းယိ သတိမထားမိသည်က တံခါးကို
ပိတ်ထား​ပြီး မ​ကောင်းဆိုးဝါးကြီး က တံခါးကို
ဖွင့်ပြီး မဝင်လာနိုင်​ပေမဲ့လည်း ဘယ်အချိန်မဆို ဝါးအိမ်​လေးရဲ့ တစ်​နေရာရာက​နေ ဖျတ်စီးပြီးဝင်လာလို့ရ​ပေသည် ။

သူမ အတွက် system ထည့်သွင်း
ထားတဲ့ အဆင့်နိမ့် နတ်ဆိုးမြင်နိုင်စွမ်းရှိတဲ့ X-ray
မျက်လုံး​တွေ နဲ့ အပြင်ဘက်မှာ i can fly လုပ်​နေတဲ့အရိုးစု​တွေကို အထိတ်တလန့်ကြည့်ရင်း တင်းယိ မှာ​​ချွေးသီး​​ချွေး​ပေါက်​တွေကျ​နေ​လေသည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now