အခန်း - ၃၆ || Boss နှင့် ပွဲကြီးပွဲ​ကောင်း - ၂ ||

642 116 1
                                    

uni - version

အခန်း - ၃၆

|| Boss နှင့် ပွဲကြီးပွဲ​ကောင်း - ၂ ||


သူ၏ အမူအရာက ရက်စက်ကြမ်းတမ်းသည့်
အသွင်​ပြောင်းလဲသွားပြီး ​အေးစက်စွာ
​အော်ဟစ်လာသည် : " ဒီအဘိုးကြီး က
သူတို့ အပြစ်​တွေအတွက် ​သေမင်းစီ အချိန်နည်း
နည်း​စော​စော​လေး ပို့​ပေးလိုက်တာပဲရှိတာ ၊
​ကောင်မစုတ်​လေး မင်း​ကြောင့်သာ မဟုတ်ရင်
ဖွဲ့စည်းပုံက ပြီးသွား​လောက်ပြီ ဒီလူအိုကြီး
က မလိုအပ်ဘဲ ​သွေးစွန်းမခံချင်​ပေမဲ့ မင်း
က သူ့ ကို ​ရွေးချယ်စရာမရှိ​အောင်လုပ်တာပဲ ! "

ထိုသို့​ပြောပြီးသည် နှင့် ယွမ်ခုန်း ကျန်းရန်
က တင်းယိ အ​ပေါ် သို့ လက်သိုင်းကွက်ထုတ်
ကာ တိုက်ခိုက်​လာသည် ။

ဒီ boss ရဲ့ စွမ်းအား က လူ​တွေကို ​ခြောက်လှန့်
သည် အငြိုးကြီး တ​ေစ္ဆ နှင့် နှိုင်းယှဥ်လျှင်
အလွန်ပင် ကွာခြား​သည် ။

တင်းယိ မှာ ​ရှောင်ရှားချိန်ပင် မရလိုက်ဘဲ အနီး
အနားရှိ သစ်လုံးတိုင်စီသို့ လွှင့်သွား​လေသည် ။
သူမ ​သွေး​တွေ အန်ထွက်လုနီးပါး ခံစားလိုက်
ရသည် ။

system စီက အကာအကွယ်စနစ် ကိုသာ
မ​တောင်းထားဘူးဆိုရင် အခုချိန်မှာ သူမ
က ​သေချာ​ပေါက်ကို အသားစင်း​ကော ဘဝ
​ရောက်​နေမှာ အမှန်ပင် ။

system က သူမ ကို တိုက်တွန်းလာသည် :
မင်း အရင်ဆုံး ဖွဲ့စည်းပုံကို ဖျတ်စီးဖို့ အာရုံစိုက်
ထားသင့်တယ်

အခု စကား​ပြောဖို့အတွက် ​နောက်ကျသွား
ပြီဖြစ်သည် ။ အဓိကရည်ရွယ်ချက်က
ယွမ်ခုန်း ကျန်းရန် ၏ မျက်နှာဖုံးကို ခွာချရန်
နှင့် ​မှော်နက်ကို ဖျတ်စီးရန်ဖြစ်သည် ။

တင်းယိ က ပါးစပ်ထဲက သံဓါတ်အရည်​တွေ
ကို လည်​ချောင်းထဲပြန်မျိုချရင်း အံကြိတ်ကာ
မတ်တပ်ရပ်လိုက်တယ် ။ ​သေခြင်း နှင့် ရှင်ခြင်း
ကို ဆုံးဖြတ်​ပေးနိုင်သည့် ယွမ်ခုန်း ကျန်းရန် ၏
မဆုတ်မနစ်တဲ့ တိုက်ကွက်​တွေကို ခုခံဖို့ကြိုးစားရင်း
ချဥ်းကပ်ရန် မက်မွန်သစ်သားဓါး ကို ဆွဲထုတ်
လိုက်သည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now