အခန်း-၁၅||မမျှော်လင့်ထားတဲ့နတ်ဆိုးစွမ်းအားများ- ၂||

1.1K 184 6
                                    

Uni - version
translator -@kissmarry- Lulu.

အခန်း - ၁၅

|| မ​မျှော်လင့်ထားတဲ့ နတ်ဆိုးစွမ်းအားများ - ၂ ||
~~~~~~

ငါ ခဏ​လေးပဲ ထားခဲ့မိပါတယ် ၊ အစ်ကို​လေးရယ်
ဒီအချိန်ခဏ​လေးမှာ ဘယ်လိုအဖြစ်နဲ့ ​ကြုံရလို့
လဲ ? ။

system မှာ လည်း အနည်းငယ်​ ပျာယာ
ခတ်​နေရ​တော့သည် ;
data ​သွေဖယ်​နေတာက ဘာ​ကြောင့် ဒီ​လောက်
ထိ မြင့်တက်လာရတာလဲ ? ။ ပစ်မှတ်ရဲ့
နတ်ဆိုး စွမ်းအင်​တွေကို ထပ်တိုးခွင့်​​ပေးလို့မရ
​တော့ဘူး ၊ host သူ့ ရဲ့ နတ်ဆိုးစွမ်းအင်​တွေ
နဲ့ လူသတ်တာကို မြန်မြန်​လေး တားမှရ​တော့မယ် ။

တင်းယိ မှာ ထိတ်လန့်​ကြောက်ရွံ့​နေတဲ့ ထိုလူ၏
ဦး​ခေါင်းစီကို အရောက်သွား​နေတဲ့ နတ်ဆိုးအ​ငွေ့
အသက်​တွေနှင့် မည်း​​နေတဲ့ မုယွဲ့ ရှီး ရဲ့ လက်​လေးကို
ကြည့်လိုက်မိပြီး ချက်ချင်းဆိုသလို ​အော်လိုက်
တယ် :
" မလုပ်နဲ့ ယွဲ့ ရှီး , ရပ်လိုက် ! မုယွဲ့ ရှီး "

' ကလစ် ' ဆိုသည့်အသံဖြင့် ကျိုးပဲ့သွားသည့်
အရာက ထိုအမျိုးသား၏ ​ခေါင်း​ဘေးမှာ ရှိ​နေ
တဲ့ သစ်သားတိုင်ဖြစ်သည် ။

တင်းယိ မှာ ​ချွေး​အေး ​တွေပြန်​နေ​တော့တယ် ၊
မုယွဲ့ ရှီး မှာ သူမ ရဲ့ အသံကို ကြားလိုက်ပုံရသည်။
သူ့ ခန္ဓါကိုယ်က နတ်ဆိုးစွမ်းအင်​တွေက ​ထိတ်လန့်
သွားသလို ထိန်းချုပ်ခံလိုက်ရပြီး သူ့မျက်လုံးထဲက
​သွေးနီ​ရောင်က အနည်းငယ် မှိန်​ဖျော့သွားတယ် ။
နတ်ဆိုးသခင်​လေး က သူမ တင်းယိ ကို ဗလာ
သက်သက်ဖြင့် ပြန်စိုက်ကြည့်လာခဲ့သည် ။ သူ့
အသံ​တွေကလည်း အနည်းငယ် တုန်လှုပ်သွား
တယ် : " ဘာ​လို့လဲ ? "

system ရဲ့ သတိ​ပေးချက်ကို​ စဥ်းစား​နေစရာမလိုပဲ
ယခု နတ်ဆိုးအ​ငွေ့အသက်​တွေလွှမ်းခြုံထားတဲ့
မုယွဲ့ ရှီး မှာ ဝါး​တောငယ်အတွင်းမှာရှိခဲ့စဥ်က
နတ်ဆိုးအ​​ငွေ့ အသက်​တွေ နှင့် ကွာခြားတယ်
ဆိုတာ တင်းယိ ရှင်းရှင်းလင်းလင်းပင်​ပြောပြ
လို့ရနိုင်သည် ။

အခု , သူမ အ​ရှေ့မှာ ရှိ​နေတဲ့ မုယွဲ့ ရှီး က
တစ်ခုခု​တော့ မှား​နေပြီ ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now