အခန်း - ၆၄||ငါနင့်အတွက်နေ​,​နေခဲ့တာ​လေ - ၁||

310 52 2
                                    

အခန်း - ၆၄

|| ငါ နင့်အတွက် ​နေ​,​နေခဲ့တာ​လေ - ၁ ||

တင်းယိ ရဲ့ မျက်လုံးတွေမှာ စိုးရိမ်ပူပင်မှု
​တွေဖြင့် ပြည့်နှက်​နေခဲ့တာ​ကြောင့်
မုယွဲ့ ရှီး မျက်ဝန်း​တွေထဲက အ​နေရခက်
​စေသည့် ခပ်စူးစူးအကြည့်​တွေကို မမြင်ခဲ့
ရ​ချေ ။

မုယွဲ့ ရှီး ၏ ဘယ်ဘက်ရင်ဘတ်ခြမ်းက
ဒဏ်ရာကို သူမ ကြည့်လိုက်တယ် ။
​သေ​သေချာချာကို ကာမနတ်ဆိုးက
သူ့ နှလုံး ကို ဦးတည်ပြီး ပစ်မှတ်ထား
ခဲ့တာပဲ ။ သူမ ရည်ရွယ်ချက် မ​အောင်မြင်​
ပေမဲ့ မုယွဲ့ ရှီး ကို ဒဏ်ရာရ​​အောင်​တော့
လုပ်နိုင်ခဲ့သည် ။

အဲ့ဒီ့နတ်ဆိုး က ​​ကြောက်စရာမ​ကောင်း
တဲ့ပုံစံဖြစ်​နေ​သော်လည်း မူရင်းဇာတ်လမ်း
ထဲ၌ မုယွဲ့ ရှီး ၏ အတွင်းနတ်ဆိုးကို ပထမ
ဆုံး အစပျိုး​ပေးသည့် အန္တရာယ်ရှိသည့်
အရာပဲဖြစ်သည် ။

​စော​စောတုန်းက ကျန်းမို့ချန်း အနီးနား
မှာရှိ​နေ​သေးတာ​ကြောင့် သူမ မ​မေးနိုင်
ခဲ့သည့် ​မေးခွန်းအား သူ ထွက်သွားပြီ
ဖြစ်​တော့မှ သူမ အသံအား​လျော့လိုက်
ကာ : " ပွဲကြည့်စင်ထဲက ကာမနတ်ဆိုး
ကို နင်တကယ်ပဲ သတ်ခဲ့တာလား ? "

မုယွဲ့ ရှီး က မငြင်းဆန်ပဲ ​ခေါင်းညိတ်
ပြလာသည် ။

တင်းယိ ရဲ့ စိတ်ခံစားချက်​တွေမှာ ရှုပ်
​ထွေး​နေခဲ့ပြီး အခုချိန်မှာ မ​ကောင်းဆိုးဝါး
က ​သေဆုံးသွားသည်မှာ အမှန်ပင် ။

မုယွဲ့ ရှီး မှာ သူမ ရဲ့ အနည်းငယ် ဘဝင်
မကျသည့် အမူအရာ​တွေကို သတိပြုမိ
တာ​ကြောင့် ​မေးလိုက်သည် ။
" ဘာဖြစ်လို့လဲ ? "

နင်က ကျန်း သခင်ငယ်​​​​လေး သရုပ်
​ဆောင်ရမဲ့ ဇာတ်ကွက် ကို သရုပ်​ဆောင်
သွားမှ​တော့ အခု ဇာတ်​ကြောင်းက ဘယ်လို
ဆက်ပြီး​တော့ သွားမှာလဲ ငါ မသိ​တော့ဘူး
လို့ !

သူမ မှာ မုယွဲ့ ရှီး ကို ​သေချာ​ပေါက်
အဲ့လို​ပြောလို့မရတာ​ကြောင့် သူမ ၏
ဖရိုဖရဲဖြစ်​နေတဲ့ စိတ်ခံစားချက်​တွေအား
ထိန်းချုပ်လိုက်ပြီး မုယွဲ့ ရှီး ကို စိတ်သက်
သာရာရ​စေရန် နူးနူးညံ့ညံ့​လေးပဲ ​ပြော
လိုက်သည် : " ဘာမှမဟုတ်ပါဘူး ။
နင် အဆင်​ပြေတယ်ဆို​တော့ ငါ စိတ်
သက်သာရာရသွားပါပြီ "

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now