အခန်း - ၃၇||မင်းကို သူ့ဝိဉာဥ်​ပေးထားတယ်- ၁||

715 103 3
                                    

Uni - version

အခန်း - ၃၇

|| မင်းကို သူ့ ဝိဉာဥ်​ပေးထားတယ် - ၁ ||

[ ဂုဏ်ယူပါတယ် ! ဖုံးကွယ်ထားသည့်
ဇာတ်​ကြောင်း " အ​နောက်လမ်းမထက်က သရဲ
​ခြောက်တဲ့ စံအိမ် " ကို ​ဖြေရှင်းပြီးပါပြီ ၊
စိတ်ဝိဉာဥ်​ပေါင်းစပ်မှု ဖွဲ့စည်းပုံ ကို ပယ်ဖျတ်
နိုင်ခဲ့တာ​ကြောင့် သင့် ရဲ့ ဇာတ်​ကောင် ဖွံ့ ဖြိုးမှု
က 30 % တိုးတက်လာပါတယ် ။
ကြံစည်တိုးတက်မှု +10 , ဖွံဖြိုးတိုးတက်မှု
အမှတ် + 50 , EXP + 200 , ပစ်မှတ်၏
မှီခိုမှု + 1000 တိုးတက်လာပါတယ် ,
ပစ်မှတ် စိတ်ပိုင်းဆိုင်ရာအ​ရေးပါသူအဖြစ် ​ပြောင်းလဲသွားပြီး နဲ့ အမြင့်ဆုံး ခိုင်မာတဲ့
ယုံကြည်မှုကိုတည်​ဆောက်နိုင်ခဲ့သည့် အတွက်
ဂု​ဏ်ယူပါတယ် ! system က အသုံးပြုသူ
ရဲ့ level ကို မြှင့်တင်​ပေး​မည်ဖြစ်ပါတယ် ။
​​​ကောင်းမွန်ပါတယ် ! ​ကျေးဇူးပြုပြီး ဒီတိုင်း​လေးပဲ
ဆက်ကြိုးစား​ပေးထားပါ ! ]

တင်းယိ ရဲ့ စိတ်ထဲမှာ မီးရှူးမီးပန်း ​ဖောက်သံ
​တွေ ဆူညံ​နေ​သော်လည်း သူမ ဂရုမစိုက်နိုင်​ပေ ။

သူမ က သတိ​မေ့​နေပြီဖြစ်သည့် မုယွဲ့ ရှီး
ကို အမြန်ချီပိုးကာ အခန်းထဲက​နေ ထွက်လာ
​​​လေသည် ။ သူမ ဆုလာဘ်​တွေကို စစ်​ဆေး
နေဖို့ စိတ်ဝင်မစား​ချေ ။

တင်းယိ မှာ သူ့ မျက်နှာ​ပေါ်က ​သွေး​တွေကို
သုတ်​ပေး​နေရင်း ငို​နေမိသည် ။ ဘယ်လိုလုပ်
ရမလဲ ? သူက ​​သွေး​ထွက်လွန်​နေပြီ
ပြီး​တော့ အခုမှ ငယ်ငယ်​လေးပဲရှိ​သေးတာ
အဲ့ဒီ့ယုတ်မာတဲ့ ဘုန်းကြီးစုတ် က တကယ့်ကို
စိတ်မရှည်နိုင်ဘူးလား !

မုယွဲ့ ရှီး မှာ ဒဏ်ရာအပြင်းထန်ရခဲ့သလို
သူမ ၏ ​ဒဏ်ရာ​တွေမှာလည်း ​သေးငယ်လှသည်
မဟုတ်​ပေ ​။

အမြဲတမ်း ​ဘေးထွက်​နေရတဲ့ အ​မြှောက်စာ
ဇာတ်​ကောင်​လေး​တွေ အတွက် အ​ရေးကြီးဆုံး
က သူတို့အသက်ပဲဖြစ်သည် ။

ယွမ်ခုန်း ​သေဆုံးပြီး​နောက်မှာ ယခုပရမ်းပတာ
ဖြစ်​နေသည့် " လျူ " စံအိမ် ၏ ​နောက်ဆက်တွဲ
ကိစ္စရပ်​တွေကို လျစ်လျူရှုကာ တင်းယိ သူမတို့
အိမ်ကိုသာ အမြန်​ပြေးပြန်လာခဲ့သည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now