အခန်း - ၂၅||သန်ခေါင်ချိန်မှ တ​ေစ္ဆ​ခေါက်တဲ့တံခါးသံ - ၁||

811 134 1
                                    

အခန်း  -  ၂၅

|| သန်ခေါင်ချိန်မှ တ​ေစ္ဆ​ခေါက်တဲ့တံခါးသံ - ၁||

-------- uni - version ---------
-------- translator @Lulu ------------

   အ​ဖြေပြန်​ပေးသံ မကြားရ    ။

တင်းယိ   မျက်လုံး​တွေကို မှိတ်ထားပြီး  သူမ
ရဲ့ လည်ပင်း တစ်ဝိုက်က  ​အေး​စက်​နေတဲ့
​လေထုက ပိုပြီး​ လေးလံလာသလို ခံစားလိုက်
ရသည်  ။   အ​အေးဓါတ်က ပြတင်း​ပေါက်က
​နေ တဆင့်ဝင်​ရောက်လာပြီး ​လေထုကို ကွဲအက်
သွား​စေသည်  ။

ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်​နေပြီး
တုန်လှုပ်​ခြောက်ခြားဖွယ်​ကောင်း​နေ​လေ၏ ။

ရုတ်တရက်ပဲ   စင်​ပေါ်မှာ ထွန်းထားတဲ့ ဖ​ယောင်း
တိုင်မီး က ငြိမ်းသွားခဲ့တယ်  ။

အခန်းက ချက်ချင်းဆိုသလို အ​မှောင်ကျသွား
ခဲ့သည်  ။   တင်းယိ က မျက်ခုံးကို မသက်မသာ ပင့်လိုက်ပြီး အကြိမ်အနည်းငယ်​လောက် ​ခေါ်
​ပြော​နေ​ပေမဲ့လည်း  မုယွဲ့  ရှီး   စီက​နေ ဘာအသံ
မှ မကြားရ​ချေ   ။ ဒါ့​ကြောင့်  သူမ  မျက်လုံး​တွေ
ကို  သတိထားပြီးဖွင့်ကြည့်လိုက်တယ် .......  

အခန်းက မြူခိုး​တွေနှင့် ပြည့်နှက်​နေသည် ။
မြင်ရတဲ့ တစ်ခုတည်း​သောအရာက ကုတင်​ပေါ်
ကို ဖြန့်ကျက်​နေတဲ့ လ​ရောင်ဖြစ်ပြီး ​လေထုထဲမှာ
​ရွေ့လျား​ လွင့်​မျော​နေတဲ့   ပတ်ဝန်းကျင်ကိုဖြစ်
​ပေါ်​​စေသည်   ။

သူမ မျက်လုံး​တွေကို အာရုံစုစည်းလိုက်တဲ့
အချိန်  အခန်း​ထောင့်တစ်​နေရာမှာ အနက်​ရောင်
ပုံရိပ်တစ်ခုကို ​တွေ့ လိုက်ရသည်  ။  အဲ့ဒီ့ ပုံရိပ်
က  သူမ ကို စိုက်ကြည့်​နေသလို ခံစားလိုက်ရ
တယ်  ။

လူ  တစ်​ယောက်လား   ?

ညသန်း​ခေါင်ချိန်ကြီး ရှိ​နေပြီ  ,  အဲ့ဒီ့မှာ
ရပ်​နေတာ ဘယ်သူလဲ    ?     ။

တင်းယိ ရဲ့ အိပ်ချင်​နေတဲ့ စိတ်​တွေမှာ ကြက်​ပျောက်
ငှက်​ပျောက် ,​ပျောက်သွားခဲ့ပြီး ​အေးစက်စက်
ခံစားချက်က သူမ ​ကျောရိုးတစ်​လျှောက်ကို
​ပြေးဆင်းသွားသည်   ။

သူမ က ရုတ်တရက် ထထိုင်လိုက်ပြီး
​အော်​မေးလိုက်သည်  :
"   အဲ့ဒီ့မှာ  ဘယ်သူလဲ   !    "

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now