အခန်း - ၄||ငါ​လေး အကျင့်ပျက်တဲ့ က​လေး ကိုမလိုချင်ဘူး -၂ ||

1.7K 238 2
                                    

Uni -version
Translator - @Lavendar ___ kitty
အခန်း - ၄
ငါ​လေး အကျင့်ပျက်တဲ့ က​​လေးကို မလိုချင်ဘူး - ၂
______________________

မူရင်း ဝတ္ထုထဲမှာ မုယွဲ့ ရှီး ရဲ့ က​လေးဘဝ အ​​ကြောင်း
ကို ထည့်ထည့်ဝင့်ဝင့် ​ဖော်ပြထားခြင်းမရှိ​ပေ ။ ဒုက္ခ
​ရောက်​နေတဲ့ နတ်ဆိုးဂိုဏ်း က က​​လေးငယ်
တစ်​ယောက်က နာကျင်ခံစားရပြီး ဆိုးရွားစွာ​နေခဲ့ရ​ကြောင်းကိုသာ စာ​ရေးဆရာက စာ​ကြောင်း အနည်းငယ်နဲ့သာ ​ဖော်ပြထားခြင်းဖြစ်သည် ။ အဲ့ဒါ့အပြင် သူ့ ကို ​သေမင်းလက်ထဲက​နေ ကယ်ခဲ့တဲ့ ဇာတ်လိုက်မ ကိုချစ်မိသွား​ကြောင်းကိုလည်း
စာတစ်​ကြောင်းတည်းနဲ့ပဲ ရှင်းပြထားပြီး ​နောက်ပိုင်း​တွေက​တော့ သူ့ ရဲ့ ​ပေါင်းသင်းဆက်ဆံမှု နဲ့ ဆိုးဝါးခဲ့ ပုံ​တွေသာရှိခဲ့သည် ။ဒါ​ပေမဲ့လည်း ဒါ​တွေက
သူ့ ရဲ့ က​လေး ဘဝအ​ကြောင်းနဲ့ ပတ်သက်ပြီး ဘာမှမဆိုင်​ပေ ။

သူ ဝတ္ထုထဲမှာ တရားဝင်​​ဖော်ပြထားတဲ့အချိန်မှာ​တော့
သူက ဇာတ်လိုက် ကို အနိုင်ယူနိုင်လုနီးပါး
အစွမ်းထက်သည့် ဗီလိန်ဖြစ်​နေ​လေပြီ ။

ဒါ​ကြောင့် အခု တင်းယိ နဲ့ ​တွေ့ ​နေရသည့် မုယွဲ့ ရှီး
က ဝတ္ထုထဲမှာ​ဖော်ပြထားခြင်းမရှိတဲ့ ဇာတ်​ကြောင်း
သာဖြစ်​နေသည် ။

​ဖော်ပြထားခြင်းမရှိတဲ့ ဇာတ်​ကြောင်းဆို​တော့
မုယွဲ့ ရှီး ကို ဝတ္ထုထဲမှာ ​ဖော်ပြထားတဲ့အချိန်ထိ ဘာ​တွေဖြစ်မလဲဆိုတာလည်း သူမ , မသိ​ပေ ။

အခုလို , မုယွဲ့ ရှီး ကို လိုက်လံဖမ်းစီး​နေတဲ့လူ​တွေ
လက်ထဲက​လွတ်လာပြီး ​သွေး​​ချောင်းဆိုး​နေသည်
က တင်းယိ မ​မျှော်လင့်ထားတဲ့ ဇာတ်ကွက်ပဲ
ဖြစ်သည် ။

သူမ က စိုးရိမ်တကြီးနှင့် မုယွဲ့ ရှီး ရဲ့ ​​ကျောပြင်​လေး
ကို ပုတ်​ပေးလိုက်ပြီး​ သူ့ ရဲ့ နဖူး ကို စမ်းကာ စိုးရိမ်တကြီး​ပြောလာခဲ့သည် -

" နာ​နေ​လို့လား ​နေရတာအဆင်မ​​ပြေလို့လား ? ၊
​လိမ္မာတယ် လိမ္မာတယ် ဒါကို ခံနိုင်ရည်ရှိ​အောင်
အရင်ကြိုးစားထား ငါ နင့်အတွက် ​ဆေး သွားကျို​ပေးမယ် "

နတ်ဆိုးမျိုးနွယ်စုက ပြင်းထန်စွာဒဏ်ရာရပြီး​နောက်
သူတို့ရဲ့ လူသားအသွင်ကို ထိန်းထားနိုင်မည်မဟုတ်
တာကို သူမ ​​ရေး​တေး​တေး မှတ်မိသည် ။ သူတို့
ရဲ့ ခန္ဓါကိုယ်က နတ်ဆိုးပုံစံရဲ့ အစိတ်အပိုင်းအချို့ကို
အနည်းနဲ့အများ​ပြောင်းလဲလာမည်ဖြစ်သည် ။ အခု
မုယွဲ့ ရှီး ဖြစ်​နေသည့်အရာက အဲ့ဒါ အဖြစ်နိုင်​ချေ
အများဆုံးဖြစ်သည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now