အခန်း - ၈|| ဒီ​နေ့ကစပြီး က​လေးတစ်​ယောက်ကိုပြုစုပျိုး​ထောင်ရ​တော့မယ် - ၃||

1.3K 211 2
                                    

အခန်း - ၈

ဒီ​နေ့ကစပြီး က​လေးတစ်​ယောက်ကို
ပြုစုပျိုး​ထောင်ရ​တော့မယ် - ၃ 》

Uni-version
Translator -@kissmarry-Lulu .
--------------------------

တင်းယိ မှာ အမြီးကို တက်နင်းမိတဲ့ ​ကြောင်​​လေး
တစ်​ကောင်နှင့်ပင်တူ​နေပြီး သူမ က တုံ့ဆိုင်း
ခြင်း မရှိပြန်​ပြောလာခဲ့သည် ;
ဒါက ဘယ်လိုလုပ် တရားမဝင်တာဖြစ်ရမှာလဲ ? ။
ငါက လူ​တွေကို ဒုက္ခ​ပေး​နေတဲ့ မ​ကောင်းဆိုးဝါးကို
သတ်​ပေးလိုက်တာပါ ok တယ်​နော် ? ။

ငါက ဒီမှာရှိ​နေတဲ့ အစ်ကို​တွေ , အစ်မ​တွေ
အတွက် ကလဲ့စား​ချေ​ပေးခဲ့တာပါ​နော် ၊ ဒီလို
အ​သေးအမွှားဆုလာဘ်​လေးလို ဘာ​ကြောင့် တွန့်တို
​နေရတာတုန်း ? ၊ အဲ့ဒါ့အပြင် က​​လေး တစ်​ယောက်
ကို ပြုစုပျိုး​ထောင်ရတာ ဘယ်​လောက်​တောင် ခက်ခဲ
လဲဆိုတာ ဒီက အဘိုးအဘွား​တွေသိခဲ့ရင်လည်း
​​သေချာ​ပေါက် ငါ့ကို နားလည်ခွင့်လွှတ်​ပေးအုန်းမှာ ။

ဒီအသုံးမကျတဲ့ ငြင်းခုံမှုကြီးက တကယ့်ကို အဓိပ္ပါယ်
​တော့ရှိ​နေ​လေသည် ။

system မှာ ချီတုံချတုံဖြစ်သွား​တော့သည် ။

တင်းယိ က အခြား​သေရည်အိုးမှ ဒင်္ဂါးပြား နှစ်​စေ့
ကို ထုတ်ကာ သူမ ရဲ့ အိတ်ကပ်ထဲကို ကျွမ်းကျင်
စွာ ထည့်လိုက်သည် ။ အဲ့ဒီ့​နောက်မှာ​တော့ သူမ က
ဝမ်းနည်း​နေဟန်ဖြင့် ;
ငါ​လေးလည်း ကြိုးစားရုန်းကန်​နေတာပါပဲ​နော် ၊
လူတစ်​ယောက်ရဲ့ ထမင်းစရိတ်က ဘယ်​လောက်​စျေးကြီးလဲ ငါလည်းမသိဘူး ။ system ,
က​လေးတစ်​ယောက်ကို ပြုစုပျိုး​ထောင်ရတာ
ဘယ်​လောက်ကုန်ကျလဲ နင်သိလား ? ။ ငါက ဆင်းရဲတာ မှန်​ပေမဲ့ နင်  ငါ့ရဲ့ အကျင့်စာရိတ္တကို အပြစ်ရှာ​ချင်​နေတာချည်းပဲ ။ system , နင်က​​​လေ တကယ့်ကို မ​ကောင်းတဲ့သူ။

system: .....

system မှာ​တော့ ​​​​ဒေါသထွက်ရလွန်းလို့
offline သာလုပ်ထားလိုက်​တော့သည် ။

တင်းယိ က​တော့ အဲ့ဒါကို လစ်လျူရှုလိုက်ပြီး
အိမ်ရဲ့ ​ထောင့်​နေရာတိုင်းမှာ လိုက်ရှာ​ဖွေ​တော့သည် ။
မထင်မှတ်မိသည်က သူမ တကယ်ကြီး အခြားအရာ
​တွေကိုလည်း ရှာ​​တွေ့ ခဲ့​လေသည် ။ သူမ က
ကံမ​ကောင်းစွာနှင့် မ​ကောင်းဆိုးဝါးအိုကြီးစီ ​ပြေးဝင်သွားခဲ့​ပေမဲ့လည်း​ကံကြမ္မာရဲ့ ​သေးငယ်တဲ့ မျက်နှာသာ​ပေးမှုကို​တော့ ရရလိမ့်မယ်လို့
မထင်ထား​ပေ ၊ ဒါက ကွယ်ဝှက်​နေတဲ့
​ကောင်းချီး​ပေးမှုပဲ ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now