အခန်း - ၂၃||အသာစီးမယူတဲ့ လူယုတ်မာ- ၁||

876 134 0
                                    

အခန်း - ၂၃

|| အသာစီးမယူတဲ့ လူယုတ်မာ - ၁ ||

--------uni - version -------------
--------- translator @ Lulu --------------

တင်းယိ နှင့် မုယွဲ့ ရှီး တို့၏ ချုံးကျိုး ခရီး
စဥ်က အ​တော်​လေး ​ချော​မွေ့ ခဲ့ပါသည် ။

လုလီဟုန် ရဲ့ ​ကျေးဇူး​ကြောင့် သူတို့ရဲ့
လိုရာခရီးကို လုံလုံခြုံခြုံ​ရောက်ရှိခဲ့သည် ။

သို့​သော်လည်း တင်းယိ ​ကျေးဇူးတင်မိသည်
မှာ လုလီဟုန် က မြို့​တော်တွင်းသို့ဝင်​ရောက်
ရန် မုယွဲ့ ရှီး နှင့် သူမ ကို ကိုယ်တိုင်ကူညီ​ပေး
ခဲ့တာ​ကြောင့်ဖြစ်သည် ၊ အဲ့ဒီ့အ​ကြောင်းအရာ
က သူမ ကို ပြသနာအများကြီး မ​တွေ့ ကြုံရ
​အောင်ကူညီ​ပေးပြီး ပိုက်ဆံ​တွေကိုလည်း
အများကြီး ​သက်သာ​စေတာ​ကြောင့်ဖြစ်သည် ။

လုလီဟုန် က အမြဲတမ်း နူးညံ့ပြီး ယဥ်​ကျေး
စွာ ​မေးမြန်းလာခဲ့သည် ;
" ချုံးကျိုး ရဲ့ တရားစီရင်ခွင့်တွေက အခြား
​နေရာ​တွေနဲ့ မတူညီဘူး ၊ ဒါ့​ကြောင့်
မိန်းက​လေး တင်း အခု ဘယ်လိုအစီစဥ်​တွေ
များ ချထားလဲ ? "

တင်းယိ မျက်နှာ မှာ ရှက်ရွံ့မှု​တွေဖြင့် ပြည့်နှက်
​နေ​လေသည် ။ သူမ က ပထမကမြို့​ ထဲ
ကို ခိုးဝင်ပြီး ​, နောက်မှ တစ်မျိုးကြံစည်မည်
ဟု ရည်ရွယ်ထားတာ​ကြောင့် ဘယ်လိုအစီအစဥ်
​တွေ ရှိမှာတုန်း ? ။

ဒါ​ပေမဲ့ အမှန်တိုင်း​ပြောဖို့အတွက်လည်း သူမ
ရှက်​နေမိသည် ။

လု သခင်​လေးက သူမ အခက်အခဲကို ခန့်မှန်း
မိသည်နှင့် တူသည် ၊ သူ သိ​ပေမဲ့လည်း
ထုတ်​ပြောမ​နေ​တော့ပဲ မြို့ ထဲကို အတူတူဝင်
ရန် ကမ်းလှမ်းလာခဲ့ပြီး အတူပါလာသည့် က​လေး
အား အိမ်အ​ရောင်းအဝယ်အကျိုး​ဆောင်​တွေ
ကို ​စျေးလမ်း၏ မည်သည့်​နေရာမှာ ရှာ​ဖွေလို့ရ​ကြောင်း​မေးမြန်း​ခိုင်းခဲ့​လေသည် ။

တင်းယိ မှာ ရင်ထဲ အရမ်းထိမိသွားတာ​ကြောင့်
စကား​တောင် မ​​ပြောနိုင်​တော့​ချေ ။
ရှင်က တကယ့်ကို အရမ်း​​ကောင်းလွန်းတဲ့
လူ​ကောင်း တစ်​ယောက်ပါ လု သခင်​လေး​ရေ ။

လုလီဟုန် က ​စေတနာထားပြီး ရက်ရက်​ရော​ရော ကူညီ​ပေး​​ခြင်းဖြစ်​သော်လည်း သူမ စိတ်ထဲမှာ
​တော့ မတင်မကျဖြစ်​နေမိသည် ၊ သူမ မှာ
သမာသမတ်​တော့ မရှိ​ပေမဲ့လည်း အရှက်က​တော့
ရှိပါ​သေးသည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now