အခန်း - ၂၉||အဆိုးတကာအဆိုးဆုံးပဲ, ငါတို့​တွေ တ​ေစ္ဆ နဲ့ ညှိနှိုင်းကြမယ် - ၁||

798 131 0
                                    

အခန်း - ၂၉

|| အဆိုးတကာ အဆိုးဆုံးပဲ, ငါတို့​တွေ တ​ေစ္ဆ နဲ့
ညှိနှိုင်းကြမယ် - ၁ ||

-------- uni - version ---------
-------- translator @Lavendar__kitty------

ဖြတ်သွားကြတဲ့ လမ်းသွားလမ်းလာ​တွေမှာ
အမျိုးသမီး နဲ့ က​လေး စုံတွဲကိုကြည့်ပြီး
အချင်းချင်း ညည်းတွား​နေ​လေ​သည် ။

လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်ကပင် ​မူး​ဝေ
​နေရတဲ့ တင်းယိ မှာ လူအများရဲ့ ထူးဆန်းသည့်
အကြည့်​တွေ​ကြောင့် စိတ်​အ​နှောက်အယှက်ဖြစ်
​နေရ​သည် ။ ဒီထက်ပိုပြီး ထူးဆန်းသည်မှာ
လူတိုင်းက သူမတို့အ​ကြောင်းကို ​ပြောဆို​နေကြ
​သော်လည်း ဘယ်သူကမှ သူမတို့နှင့် စကား​ပြောရန် မဝံ့ရဲကြ​ပေ ။

ဒီကလူ​တွေ အားလုံး အမြင်အာရုံချို့ယွင်း
​နေကြတာလားဟ ? ။ ဘာဖြစ်လို့ သူမ
ကို သရဲတစ်​ကောင်မြင်​နေရသလို ဖြစ်​နေကြ
ရတာတုန်း ? ? ?

မုယွဲ့ ရှီး က တင်းယိ ရဲ့ အင်္ကျီစကို
ဆွဲကိုင်လာပြီး တိုးတိုး​လေး​​ပြောလာခဲ့တယ် :
" တင်းယိ , အဲ့ဒီ့ ဆိုင်ရှင်က အမှန်​ပြော
​နေတာ မလိမ်ဘူး "

တင်းယိ မှာ မျက်လုံး​တွေ မှိတ်လိုက်ပြီး
သက်ပြင်းချလိုက်မိသည် :
" ဖြစ်နိုင်တယ် ၊ ကြည့်ရတာ ငါတို့​တွေ
ဒီအိမ်ကို ပြန်အပ်လို့ မရ​တော့ဘူးနဲ့ ထင်တယ် "

မုယွဲ့ ရှီး က အပြစ်ကင်းစင်တဲ့ မျက်လုံး​လေး
​တွေဖြင့် ကြည့်လာပြီး​ပြောလိုက်သည် ။
" ဒါဆိုလည်း ငါတို့တွေ ပြန်မအပ်ကြ
ရ​အောင်​လေ "

မုယွဲ့ ရှီး ၏ စကား​​ကြောင့် တင်းယိ ရဲ့ စိတ်ရှုပ်
​ထွေး​နေတဲ့ မျက်နှာ​လေးမှာ အနည်းငယ်
ရှင်းလင်းသွားပုံရသည် ။ သူ ဘယ်​လောက်ထိ
ငြိမ်သက်​နေလဲဆိုတာ မြင်လိုက်ရ​တော့ တင်းယိ
ရဲ့ စိုးရိမ်စိတ်​တွေက အနည်းငယ်​လျော့ပါး
သွားခဲ့သည် ။

သူမ ရဲ့ အ​ခြေအ​နေကို လက်ခံလိုက်ပြီး​နောက်
မှာ​တော့ တင်းယိ က မုယွဲ့ ရှီး ကို သူတို့ရဲ့
အိမ်စီပြန်​ခေါ်သွားခဲ့ပြီး လမ်းတ​လျှောက်လုံး
​မေးခွန်း​တွေ ​မေးလာသည် ;
" ငါတို့ အဲ့ဒီ့အိမ် မှာ ဆက်​နေရင် အဲ့ သရဲက
ညတိုင်း သန်းခေါင်အချိန်မှာ လာ,လာလည်​နေ
လိမ့်မယ် ဒါကို နင် မ​ကြောက်ဘူးလား ? "

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now