အခန်း - ၃၄||ဒီ Boss မှာနောက်ခံ နည်းနည်းတော့ရှိတယ် - ၂||

678 102 3
                                    

uni - version
translator @Lavendar__kitty

-----------

အခန်း - ၃၄

|| ဒီ Boss မှာ နောက်ခံ နည်းနည်း
တော့ရှိတယ် - ၂||

သူမ အခန်းထဲက​နေ ထွက်လာပြီး ခမ်းနား
ထည်ဝါလွန်းတဲ့ ခြံဝန်းကြီး ကို ကြည့်လိုက်
တယ် ။ ယင်ယန် မျက်လုံး အစွမ်း​ကြောင့်
မြင်​တွေ့ ရသည့် ​နေရာတစ်ခုလုံးက အဖြူ
အမည်းဖြင့် ​ရေးဆွဲထားသည့် ပန်းချီကား
သဖွယ်ဖြစ်​နေ​လေသည် ။

သက်ရှိလူသား​တွေ ​နေထိုင်တဲ့ ​နေရာကို
ဆိုးဝါးကြမ်းကြုတ်တဲ့​နေရာ အဖြစ်​ပြောင်းလဲဖို့
အတွက် တစ်စုံတစ်​ယောက်က ' လျူ ' မိသားစု
ကို ကျိန်စာတိုက်ထားခြင်းဖြစ်နိုင်သလို ,
ဒီ​နေရာမှာ လူ​တွေအများကြီး ​သေဆုံးခဲ့တာ
​ကြောင့်လည်း ဖြစ်နိုင်သည် ။

တင်းယိ က ​ခေါင်းခါယမ်းလိုက်ရင်း အနက်
​ရောင် အ​ငွေ့အသက်​တွေ အသိပ်အသည်းဆုံးဖြစ်
သည့် ​နေရာစီကို မသက်မသာဖြစ်စွာ ဦးတည်
သွားလိုက်တယ် ။ ပိတ်ထားသည့် တံခါး
​ရှေ့​ရောက်သွားချိန်မှာ​တော့ သူမ ​ခြေလှမ်း
​တွေကို ရုတ်တရက်ပဲ ရပ်တန့်လိုက်သည် ။

တင်းယိ က အဲ့ဒီ​နေရာမှာပဲ မတ်တပ်ရပ်​နေ
ရင်း ပိတ်ထားတဲ့ သစ်သားတံခါးကို ကြည့်
ကာ ​မေးခွန်း​မေးလိုက်သည် : " ဒီ​နေရာက
ဘာလဲ ? "

လူအိုကြီး မှာ မ​ပြောပြလာခင် ခဏ
​လောက် တိတ်ဆိတ်သွားပြီးမှ : " ဒီ​နေရာက
အရင်တုန်းက ​ရေပူစမ်း​ရေကန် ဖြစ်ခဲ့ဖူး​ပေမဲ့
ယွမ်ခုန်း ကျန်းရန် * က နတ်ဆိုးနှင်တဲ့ ထုံးတမ်း
အစဥ်လာ​တွေ လုပ်​ပြီးတဲ့​ ဒီ​နေရာကို ချိပ်ပိတ်
ထားလိုက်တာပါ ၊ အဲ့ဒီ့တုန်းက ကျန်းရန် က
ဒီ​နေရာက လုံးဝ မလာသင့်တဲ့ ​နေရာဆိုပြီး
​ပြောခဲ့တာ​ကြောင့် အမှားအယွင်း​တွေ ဖြစ်မှာ
စိုးရိမ်လို့ ကျုပ်တို့​တွေ ​သော့​​ခေတ်ပြီး ပိတ်ထား
လိုက်တာပါ .... "

[ t/n - ယွမ်ခုန်း က လူ နာမည်ပါ သူ့
အ​နောက်က ကျန်းရန် က​တော့ ကျင့်ကြံ​ရေး
​လောက မှာ ​အောင်​အောင်မြင်မြင် ကျင့်ကြံ
အားထုတ်နိုင်ခဲ့တဲ့ သူ​တွေကို ​ဂုဏ်ပြုတဲ့ အ​နေနဲ့ ပေးတဲ့ ဘွဲ့ နာမည်ပါတဲ့ ]

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now