အခန်း - ၁၂||တာဝန်ကို ငြင်းဆန်ခြင်းက အလွဲသုံးစား မှုကို ဦးတည်​စေနိုင်တယ် -၁||

1.3K 192 0
                                    

အခန်း -၁၂

တာဝန်ကို ငြင်းဆန်ခြင်းက အလွဲသုံးစား
မှုကို ဦးတည်​စေနိုင်တယ် - ( ၁ ) 》

Translator -@ Lavendar ___ kitty
Unicode -version

အနက်​ရောင်သွေးမျက်ရည် ​ကျောက်စိမ်း ,
ဒီပစ္စည်းကို နတ်ဆိုး တစ်​ထောင် ရဲ့ နှလုံးသား
လို့ လူသိများကြပြီး Big Boss ဖြစ်တဲ့ မုယွဲ့ ရှီး
၏ ကိုယ်ပိုင် ပစ္စည်းတစ်ခုဖြစ်သည် ။ ၎င်းက
နတ်ဆိုးကျင့်ကြံသူ​​တွေ အတွက်​တော့ အဆင့်မြင်
​မှော်လက်နက် ၊ လူသတ်လက်နက် ဒါမှမဟုတ်
ခိုးဝှက်မှု​တွေအတွက် မရှိမဖြစ် အ​ရေးပါလိုအပ်တဲ့
လက်နက် တစ်ခုဖြစ်သည့်အပြင်
အမျိုးသမီးဇာတ်လိုက်ကို ချုပ်​နှောင်
ထားရန်အတွက်ပါ အသုံးပြုတဲ့ အနက်​ရောင်
အခန်းငယ်​လေး တစ်ခုပါဖြစ်သည် ။

၎င်းအရာက အလုံးစုံအစွမ်းထက်တဲ့ ​ကျောက်ဆွဲသီး
တစ်ခု ဆိုတာယုံမှားစရာကို မရှိ​ပေ ။

တင်းယိ မှာ စိတ်လှုပ်ရှားစွာနဲ့ပဲ သူမ ​ခေါင်း
ကို ငုံ့ထားလိုက်တယ် ။ လိမ်လည်လှည့်ဖြားတတ်
တဲ့ code ​လေးရဲ့ မျက်နှာအစစ်အမှန်ကို ​လေ့လာ
ပြီးတဲ့​နောက်မှာ​တော့ သူမ ရဲ့ ​မျက်လုံး​​ထောင့်​တွေက
​တုန်လှုပ်သွားပြီး​ သူမ ရဲ့ အမူအရာ​မှာ ရှုပ်​ထွေး​နေတာ​​ကြောင့် ပုံပျက်ပန်းပျက်ဖြစ်​နေ​လေ၏ ။

* t/n - မူရင်းထဲက Biss Boss ဖြစ်သူရဲ့
ဇာတ်​ကောင်က လိမ်လည်လှည့်ဖြားတတ်တာ
​ကြောင့် ​ကျောက်စိမ်းက အစစ်အမှန်အလားဆိုတာ
​​ဝေခွဲမရဖြစ်​နေတာပါ​နော် *

ဘာကြီး ၊ ဒါက တကယ်ပဲ အစစ်ကြီးလားဟဲ့ ?

system က​တော့ ​​အေးစက်စက်သာပြန်​ဖြေ
လာခဲ့သည် ;
လုံးဝကို အစစ်ကြီး

system ကိုယ်တိုင်ကိုယ်ကျ သက်​သေမခံဘူး
သာဆိုရင် သူမ ၎င်းအရာကို အစစ်ဖြစ်မယ်လို့
မထင်မှာ အ​သေအချာသာဖြစ်တယ် ၊ ၎င်းအရာ
က မီး​သွေး နှင့်ပင် ဆင်တူ​နေ​လေသည် ,
​​သေ​သေချာချာ​ပြောရရင် အဲ့ဒီ့အရာက သိုး​ခြေရာ
နဲ့​တောင် ခပ်ဆင်ဆင်ဖြစ်​နေပြီး အစွမ်းထက်လှတဲ့
ပစ္စည်းနဲ့​တောင် လုံးဝကို တူမ​နေဘူး ။ ဒါ​ပေမဲ့
မူရင်းစာအုပ်ထဲမှာနဲ့ သူ့​သေခြင်းတရားမှာ​တောင်
အဲ့ဒီ့အရာက ​လေ နဲ့ မိုးကို ဆင့်​ခေါ်နိုင်တဲ့အပြင်
သခင်​လေးမု ရဲ့ နတ်ဆိုးစွမ်းအင်​တွေကိုပါ တွန်းလှန်
နိုင်တဲ့ Super အဆင့် နတ်ဘုရား လက်နက်​တောင်
ဖြစ်လာ​သေးသည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now