အခန်း - ၅၆|| ဒီကိုလာခဲ့ - ၄ ||

376 62 0
                                    

အခန်း - ၅၆

|| ဒီကိုလာခဲ့ - ၄ ||

ဒီသခင်ငယ်​လေး က အဲ့ဒီ့အ​ကြောင်း
​မေ့​ကောင်း ​မေ့နိုင်​ပေမဲ့ အနက်​ရောင်
​သွေး​မျက်ရည် ​ကျောက်စိမ်းက​တော့
တားစီးမနိုင်ရ​လောက်​အောင် များပြား
တဲ့ စွမ်းအင်​တွေရှိသည့် ​ ရှေး​ဟောင်း
ပစ္စည်းတစ်ခုဖြစ်သည် ။ ၎င်းအရာ
ကို နတ်ဆိုးစွမ်းအင် တစ်ခုတည်းဖြင့်သာ
အသုံးပြုနိုင်ပြီး ​လောက အတွက် ကြီးမား
သည့် ခြိမ်း​ခြောက်မှုတစ်ခုပဲဖြစ်သည် ။

ထျန်းယိ ​မျှော်စင် အား ဖျတ်စီးသည့်
ရည်ရွယ်ချက်မှာ ထို အနက်​ရောင်
​ကျောက်စိမ်း က အ​ရေးကြီးသည့် အ​ကြောင်း
ပြချက်ပဲဖြစ်သည် ။ နတ်ဆိုးသခင်
​သေဆုံးသွားချိန်မှာ​တော့ ထို ပစ္စည်းပါ
ဖျတ်ဆီး ခံလိုက်ရပြီဆိုတဲ့ ​ကောလဟလ​တွေ
ထွက်​ပေါ် လာ​ပေမဲ့ အဲ့ဒီ့​နေ့က ဖြစ်ပျက်
ခဲ့သည့် အမှန်တရားကို​တော့ တစ်ဦး
တစ်​ယောက်မှ မ​တွေ့ မမြင်ခဲ့ရသလို ၊
​နောက်ဆုံးမှာ ထို ပစ္စည်း​က ဘယ်​​နေရာ
မှာ ရှိ​နေမှန်းလည်း မသိကြ​ပေ ။

ဖျတ်ဆီးခံရသင့်သည့် ပစ္စည်းတစ်ခု
က ကျန်းမို့ချန်း အား မုယွဲ့ ရှီး ၏
​နောက်ခံကို ​မေးခွန်းထုတ်​စေခဲ့သည် ။

မုယွဲ့ ရှီး က သူ့ ကို ​အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး ; " မင်း
ဘာ​ကို ​ပြောချင်​နေတာလဲ ? "

" မင်း ​နောက်ခံက တကယ့်ကို
မသင်္ကာစရာ​ကောင်းလွန်းတယ် ၊ တကယ်
လို့ မင်း လက်ထဲမှာ ​ကျောက်စိမ်းနက်
ရှိ​နေတယ်ဆိုရင် လက်လွှဲပေးလိုက် " ။
ကျန်းမို့ချန်း က အ​လေးအနက်ပုံစံဖြင့်
ခဏ​ကြာမှ စကားလုံး​တွေ ထွက်​ကျလာခဲ့
တယ် : " မင်း ယုလင်း ​တောင်​ပေါ်
တက်လို့ရမှာ မဟုတ်သလို တစ်​ယောက်
​ယောက်သာ သိသွားခဲ့မယ်ဆိုရင် မင်း ​သေသွားလိမ့်မယ် "

အကယ်၍ သူ ​မေးခွန်းထုတ်ထား
သည့် ပစ္စည်းသာ လက်ထဲ​ရောက်လာပါက
ယုလင်း​တောင် ဂိုဏ်းချုပ်ထံ ဖျတ်ဆီးပစ်
ရန်အတွက် ကျန်းမို့ချန်း ​ လက်လွှဲ​ပေး
မှသာ မုယွဲ့ ရှီး ဒီ အ​ရှုပ်​အယှက်​တွေကြားထဲက
လွတ်​​မြောက်ပြီး ​ဘေးကင်းနိုင်မှာပဲဖြစ်သည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now