အခန်း - ၆|| ဒီ​နေ့ကစပြီး က​လေးတစ်​ယောက်ကိုပြုစုပျိုး​ထောင်ရ​တော့မယ် - ၁||

1.6K 207 0
                                    

အခန်း - ၆

ဒီ​​နေ့ကစပြီး က​လေးတစ်​ယောက်
ကို ပြုစုပျိုး​ထောင်ရ​တော့မယ် - ၁ 》

တကယ်​တော့ အစိမ်း​ရောင်မီး​တောက်အရိုး​ခေါင်းခွံ
နဲ့ တိုက်ခိုက်​နေတဲ့ တင်းယိ အတွက်​တော့ ​သေခြင်း
တရားက မလှမ်းမကမ်းမှာပင်ရှိ​နေ​လေသည် ။

ဒါ​ပေမဲ့လည်း ဒီလိုအ​ရေးကြီးတဲ့ အခိုက်အတန့်မှာ
system က​ သူမ ကို ဒီ​နေရာမှာ​​တော့ပေးမ​သေ​ပေ။
ဒါ​ကြောင့်လည်း သူမ မှာ အနည်းငယ်​တော့ မ​ကျေ
မနပ်ဖြစ်​နေမိသည် ။

ချက်ချင်းကို ​အောင်ပွဲခံပြီး ကြမ်းတမ်းရိုင်းစိုင်းသည့်
အရိုး​ခေါင်းကြီးက​တော့ တင်းယိ ရဲ့ ဦး​ခေါင်းကို
ကိုက်ခါနီး အချိန်​လေးမှာပဲ ကန်ချက်​ကြောင့် ပြုတ်
ကျသွား​တော့သည် ။ ပြုတ်ကျသွားတဲ့ အရိုး​ခေါင်းကြီးအ​နောက်မှာ​တော့ အရိုး​ခြောက်​တွေက ကြမ်းပြင်​ပေါ်မှာ အစိတ်စိတ်အမွှာမွှာ ပျံ့ ကျဲသွား​တော့သည် ။

အရိုး​ခေါင်းခွံကြီး - " ..... "

တင်းယိ : " ...... "

ငါ့ကို လာမကြည်နဲ့ ! ငါ ဘာမှမသိဘူး
ဒီ ကန်ချက်ကို system ပါးပါး ဖန်တီးထားတာ ။

ညှိုးနွမ်း​နေတဲ့ အရိုး​ခြောက်​ခေါင်းခွံကြီးက ​ဒေါသတကြီးနှင့် နာကျင်စွာ​အော်ဟစ်ရင်း သူ့ရဲ့ ​နောက်ဆုံးအာရုံခံစားမှု ချည်မျှင်ကို မပြိုလဲကျသွား​အောင် ထိန်းထားလိုက်သည် ။ သူက မိုးချုန်းသံ
ကဲ့သို့ အသံကြီးဖြင့် -
" မင်း...မင်း ဆိုးဝါးတဲ့ တာအိုသမား​တွေရဲ့
ယုတ်မာတဲ့ လှည့်ကွက်​တွေကို မင်း ​သေချာ​​ပေါက်
သိ​နေတာပဲ ၊ ခက်ခက်ခဲခဲနဲ့ အသွင်​ပြောင်းဖို့အတွက်
၁၀ နှစ်​တောင် အချိန်ယူခဲ့ရတဲ့ ငါ့ရဲ့ ခန္ဓါကိုယ်ကို
မင်း ဘယ်လို​တောင် ဖျတ်စီးရဲတာလဲ ! ​
ကောင်မစုတ်​လေး   ငါ မင်း ကို အရှင်လတ်လတ်ဝါးစားပစ်မယ် မင်း ရဲ့
အရိုး​တွေကိုလည်း ငါ ကိုက်ဝါးပစ်မယ် ! "

ညှိုးနွမ်းပြီး ချိနဲ့​နေတဲ့ အရိုး​ခေါင်းခွံကြီးက ပြင်းထန်
သည့် ​လေအရှိန်ဖြင့် တဟုန်းဟုန်း​တောက်​လောင်
ကာ ပတ်ဝန်းကျင်မှာ ပြန့်ကျဲ​နေသည့် သူ့ရဲ့
အရိုး​တွေ နှင့် အသားအပိုင်းအစ​တွေက ချက်ချင်း
စုစည်းသွားခဲ့သည် ။ ထို​နောက် အရိုးအပိုင်းအစ​တွေ
ဟာ ဓါးသွားအဖြစ်​ပြောင်းလဲသွား​လေသည် ။
အဲ့ဒီ့​နောက်မှာ​တော့ ချွန်ထက်​နေတဲ့ ဓါးသွား​တွေ
ဟာ တင်းယိ စီကို ဦးတည်ကာသွားကြ​တော့သည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now