အခန်း - ၉||ငါ​လေးက အားနည်းတဲ့မိန်းမသားတစ်​ယောက်ပါ-၁||

1.4K 209 0
                                    

အခန်း - ၉

ငါ​လေး က အားနည်းတဲ့ မိန်းမသား
တစ်​ယောက်ပါ - ၁ 》

Uni-version
Translator -@ Lavendar ___ kitty .
-----------------------------

မ​နေ့ညက မိုးအရွာအပြီးမှာ​တော့ ​နောက်​တစ်​နေ့၌
တိမ်​တွေကင်းစင်သည့် သာယာ​သော​နေ့​လေး
တစ်ရက်ဖြစ်သည် ။

တင်းယိ က သူမ ကိုယ် သူမ စိတ်ဓါတ်ကိုမြှင့်တင်
ကာ မနက်​စော​စောနိုးလာခဲ့သည် ။ သူမ ရဲ့ ​​ခေါင်း
ကို လှည့်ကြည့်မိ​တော့ သူ့ ရဲ့ ခန္ဓါကိုယ်တစ်ဝက်​လောက်ကို သူမ ကိုမှီပြီး အိပ်​နေတဲ့ မုယွဲ့ ရှီး ကို​တွေ့ လိုက်ရတယ် ။ သူ့ ရဲ့ ဖြူ​ဖွေးနူးညံ့​နေတဲ့
လက်​​မောင်း​တွေက ​ခြုံ​စောင်ကြားထဲမှာရှိ​နေပြီး ​
ပျော့​ပျောင်းတဲ့ အနက်​ရောင် ဆံပင်​တွေကြားမှာ လက်​ချောင်း​သေး​သေး​တွေက ​နေရာယူထား
သည်က ; အရမ်းချစ်စရာ​ကောင်းတာပဲ ။

တင်းယိ မှာ သူမ ရဲ့ အားအင်​တွေပြည့်​နေတာ​ကြောင့်
သူမ ကိုယ် သူမ ​နေရထိုင်ရသည်မှာ သက်​တောင့်
သက်သာဖြစ်​နေသည်ကို ခံစားရလိုက်သည် ။

ဒီ​​နေ့က သူမတို့ သခင်​လေး ရဲ့ အနာဂတ်အတွက်
ကြိုးစားရမဲ့ ​နေ့တစ်​နေ့ပဲ ။

တင်းယိ က သူမရဲ့ ​ခြေလက်​တွေကို ​ပေါ့​ပေါ့ပါးပါး
လှုပ်ယမ်းကာ ထလိုက်ပြီး သူမကိုယ်သူမ ​ဆေး​ကြော
သန့်စင်လိုက်တယ် ။ အဲ့ဒီ့​နောက်မှာ​တော့ သူမ ဗိုက်ကိုဖြည့်တင်းရန် အတွက် တစ်ခုခုကို လွယ်လွယ်ကူကူပဲ ရှာ​​တွေ့ ခဲ့သည် ။

သူမ အ​ဝေးတစ်​နေရာကို ခရီးထွက်ရန်အတွက်
စဥ်းစားလိုက်တယ် ။ အဲ့ဒီ​နောက်မှာ​တော့ သက်ကယ်
အိမ်​လေးရဲ့ ​ထောင့်​နေရာတိုင်းမှာ လမ်းခရီး၌ အသုံး
ပြုနိုင်တဲ့ အရာအားလုံးကို ရှာ​တွေ့ ခဲ့သည် ။ ​ပြောစရာ​တောင်မလိုအပ်ဘူး ဒီအိမ်အို​လေး ထဲမှာ အရာအားလုံးရှိ​နေတာပဲ ။

တင်းယိ က system ကို ​အ​နှောက်အယှက်​​ပေး
ကာ ဝါးခြမ်း​တွေကို ခြင်း​တောင်းအဖြစ်ပြုလုပ်
ရန် သပ်သပ်ရပ်ရပ်ပဲခင်းကျင်းလိုက်သည် ;
အန်ကယ် , နင် ငါ့ကို ​နောက်ထပ် skill တစ်ခု
ထပ်​ပေးမယ်ဆိုရင်​ ဘယ်လိုသ​ဘောရလဲ ? ။
ငါတို့ ယုလင်း နယ်​​မြေကို သွားရတဲ့ ဒီခရီးက
အသက်​မွေးဝမ်း​ကြောင်းပြုဖို့အတွက်​လေ တကယ်လို့
မ​ကောင်းဆိုးဝါး​တွေ နဲ့ နတ်ဆိုး​​တွေသာ ငါတို့
ကို မျက်စိကျသွားရင်​တော့ တကယ့်ကို ကပ်ကြီးဆိုက်
ပြီးပဲ ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now