အခန်း - ၅၃ || ဒီကိုလာခဲ့ - ၁ ||

600 85 0
                                    

အခန်း - ၅၃

|| ဒီကိုလာခဲ့ - ၁ ||

တင်းယိ မှာ ထိတ်လန့်မှု​ကြောင့် ​မူး​မေ့
လုနီးပါး ဖြစ်သွားရတယ် ။

ဒါ​ပေမဲ့ သူမ ရဲ့ ပြင်းထန်သည့် ရှင်သန်လို
စိတ်ပြည့်နှက်​နေတဲ့ ဗီဇက အခုချိန်က
အဆင်​ပြေတဲ့ အ​​နေအထားမှာ မဟုတ်ဘူး
လို့ သတိ​ပေး​နေခဲ့သည် ။ ဘာမှ​ပြော
မ​နေပဲ , ​​ပြေး​တော့ !

တင်းယိ လှည့်​ပြေးဖို့ ပြင်လိုက်​သော်
ငြားလည်း သူမ ရဲ့ လက်​မောင်းမှာ
ဖမ်းဆုပ်ခံထိလိုက်ရ​လေသည် ။

သူမ မှာ တစ်လက်မ​လေးမှ​တောင် မလှုပ်ရှား
ရဲ​တော့ဘဲ ​ကြောက်ရွံ့ မှုကြီးက ​ကျောရိုး
တစ်​လျှောက်ကို ​ပြေးတက်လာခဲ့တယ် ။
သူမ ​ကျောပြင်​လေးမှာ ​ ​အေးခဲ​တောင့်တင်း
​နေပြီး ​နောက်ပြန်လှည့်ကြည့်ရန်ကိုပင်
​ကြောက်​နေမိ​​လေ၏ ။

အိုး ... ဘုရားသခင် , ငါ့ကို ​ကျေးဇူးပြုပြီး
တစ်​ယောက်​ယောက် ကယ်​ပေးကြပါ ...
ဒီလူ .... ဒီလူက မူရင်း ဝတ္ထုဇာတ်လမ်း
က ​သွေးသန့်နတ်ဆိုး​ မုယွဲ့ ရှီး ပဲ !!

ဒီ မုယွဲ့ ရှီး က ဆိုးဝါးတဲ့ အ​ငွေ့ အသက်​တွေ
ဖြာထွက်​နေပြီး သူ့ မျက်လုံး​တွေက​တော့
​အေးစက်​ကာ ခံစားချက်ကင်းမဲ့​နေပြီး
ဒဏ်​ရာ​တွေ​ကြောင့် သူ့ ရဲ့ ကြမ်းတမ်း
ရက်စက်သည့် အသွင်ပြင်မှာ ဖြူ​ဖျော့​နေ
​လေသည် ။

သူက တစ်စုံတစ်ရာ ကို သိရ​အောင်
ကြိုးစား​နေပုံရပြီး အချိန်အနည်းငယ်
ကြာပြီး​နောက်မှာ​တော့ ​မေးလာခဲ့တယ် :
" တင်းယိ လား ? "

တင်းယိ ​ အော်သာ ငိုချင်​တော့တယ် ။

မဟုတ်ရပါဘူး , ငါ မဟုတ်ရပါဘူး​နော်
အဲ့ဒါ့​ကြောင့် ငါ့ ကို လွှတ်​ပေးလို့ရမလား

မုယွဲ့ ရှီး မှာ စိတ်ရှုပ်​ထွေး​နေပုံရကာ
တင်းယိ ၏ ​ကျောပြင်​လေးကို မျက်ခုံး​တွေကို
ပင့်ပြီး ဇ​ဝေဇဝါဖြင့်သာ စိုက်ကြည့်​နေ​လေ
သည် ။

တင်းယိ ရဲ့ နှလုံးသား မှာ ရင်ဘတ်ထဲက
​နေအပြင်ကို ခုန်ထွက်လုမတတ် ခုန်​ပေါက်
​နေပြီး သူမ လက်ဖဝါး​တွေမှာလည်း ​ချွေး​အေး
​တွေ​ကြောင့် ​စေးကပ်​နေပြီဖြစ်ကာ သူမ
​သေ​ဆုံးနိုင်​ခြေရှိတဲ့ နည်းလမ်းမှန်သမျှအား
စဥ်းစား​နေပြီပဲဖြစ်​​တော့သည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now