အခန်း-၃၀||အဆိုးတကာအဆိုးဆုံးပဲ,ငါတို့​တွေတ​ေစ္ဆနဲ့ညှိနှိုင်းကြမယ် - ၂||

780 116 1
                                    

အခန်း - ၃၀

|| အဆိုးတကာ အဆိုးဆုံးပဲ , ငါတို့​တွေ တ​ေစ္ဆ နဲ့
ညှိနှိုင်းကြမယ် - ၂ ||

-------- uni - version ---------
-------- translator @Lavendar___kitty ----

မုယွဲ့  ရှီး က  ပုံမှန်ဆိုရင် နာခံလွယ်​ပေမဲ့လည်း
သူ့ မျက်နှာလှလှ​လေး​ပေါ်မှာ ချီတုံ့ချတုံ့ဖြစ်
သည့်  အခိုက်အတန့်လည်းရှိ​သေးသည်  ။

တင်းယိ  မှာ သရဲ နှင့် စကား​ပြောရန်အတွက်
အလွန်စိတ်လှုပ်ရှား​နေပြီး  ဖ​ယောင်းတိုင်  ၊
​​ငွေစက္ကူရွက် နှင့်  အခြားလိုအပ်တဲ့ ပူ​ဇော်
ပစ္စည်းအမျိုးအစား​တွေကို ပြင်ဆင်ထား​လေ
သည်  ။

​ဆေးသုတ်ထားသည့်  တံခါးက ကျိုးပဲ့​နေပြီ
ဖြစ်​သော်လည်း   ၎င်းကို ပြန်ပြင်ရန် စိတ်မဝင်
စား​တော့တာ​ကြောင့်   ဒီတိုင်းပဲထားလိုက်​တော့
သည်   ။

ညစာစားပြီး​နောက်မှာ​တော့   တံခါးကို ဖွင့်ဟ
ထားခဲ့ပြီး  တင်းယိ  နှင့်  မုယွဲ့  ရှီးတို့က
ခြံအလယ်ကို  ခုံတန်းအရှည်တစ်ခုယူလာ
ထား​လေသည်   ။   နှစ်​ယောက်သား ဖြစ်လာ
မည့်  အကျိုးဆက်​တွေကို ​တွေးမ​နေကြပဲ
ညဥ့်​ရောက်လာမည် အချိန်ကိုသာ တည်တည်
ငြိမ်ငြိမ်နှင့်  ​စောင့်​မျှော်​နေ​လေ၏  ။

လာခဲ့စမ်းပါ  !   နင့်ကို ဘယ်သူမှမ​ကြောက်ဘူး  !

​ကောင်းကင်က ​မှောင်မည်းလာပြီး လမင်းကြီး
က  အထက်ကို တက်လာသည့် အချိန်မှာ​တော့
အ​ဝေးက  ​ခွေး​ဟောင်သံ​တွေက တစထက်တစ
ပိုပိုပြီး ကျယ်​လောင်​လေ၏   ။ ​အေးစက်ကြမ်းတမ်း
မှုက ဖြတ်သန်းသွားပြီး​နောက်မှာ ည , ပတ်ဝန်းကျင်
က  တုန်လှုပ်​ခြောက်ခြားစရာ အ​ခြေ​နေသို့
​ပြောင်းလဲသွားခဲ့သည်  ။

တင်းယိ  က  မုယွဲ့  ရှီး ကို တင်းတင်းကြပ်ကြပ်
ဖက်ထားပြီး သူမ ၏ စိတ်နှလုံးအစုံကို ငြိမ်​အောင်
ကြိုးစား​နေသည်  ။  သူမ က တံခါးဝကို
စိုက်ကြည့်​ရင်း  system  ကို ​မေးလိုက်တယ် -
  အဲ့ဒါ​ရောက်​နေပြီလားဟင်  ​ရောက်​နေပြီလား  ,
ငါတို့ရဲ့   တည်တည်ငြိမ်ငြိမ်ရှိတဲ့ အပြုအမူ​တွေ
က  သူ့ ကို ရှိန်​စေတယ်မဟုတ်လားဟဲ့  ?     ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now