အခန်း - ၆၆||နင်ထပ်ပြီး​တော့ဇာတ်လိုက်ရဲ့ ဇာတ်ကွက်ယူ သွားပြန်ပြီ - ၁ ||

290 50 1
                                    

အခန်း - ၆၆

||နင်ထပ်ပြီး​တော့ ဇာတ်လိုက်ရဲ့ ဇာတ်ကွက်ယူ
သွားပြန်ပြီ - ၁ ||

တင်းယိ ကပျာကယာပဲ ​​မိန်းမငယ်​လေး
အား ဆွဲကိုင်လိုက်ပြီး တင်းကျပ်​နေသည့်
အသံဖြင့် ​မေးလိုက်သည် , " ​ရှောင်လိလိ
အဲ့အလှ​လေးက ဘယ်သူလဲ ? " " ဘယ်က
လာလဲဆိုတာ နင်သိလား ? "

​ရှောင်လိလိ ဆိုသည့် မိန်းက​​လေး မှာ
စိတ်ရှုပ်​ထွေးသွားဟန်ဖြင့် ပြန်​ဖြေ​​ပေး
လာတယ် , " ကျွန်မလည်း မသိဘူး ။
ဒီတိုင်း သူများ​​​ပြောတာ​တွေ ကြားမိတာ
ပြီး​တော့ သူ့ ( မ )ကိုလည်း မ​တွေ့ ဖူးဘူး ၊
ဒါ​ပေမဲ့ သူ ( မ )က အထက်တန်းလွှာက
မိန်းက​​လေးတစ်​ယောက်ဖြစ်ဖို့များတယ်
အခု​တော့ ​တောင်ထိပ်ရဲ့ ဘယ်ဘက်မှာ
ရှိတဲ့ သန့်စင်ခြင်း​ဆေးဂိုဏ်းမှာ တည်းခို
​နေတယ် .... ကျွန်မ ​ပြောတာ နား​ထောင်
​နေလား ? မမ တင်း ? "


ဒါ​​​ပေါ့ , တင်းယိ နား​ထောင်​နေခဲ့သည် ။
သို့​သော်ငြားလည်း သူမ အ​တွေး​တွေက​
တော့ အစွန်း​ရောက်​နေပြီဖြစ်သည် ။
မုယွဲ့ ရှီး က မိန်းမလှ​လေး တစ်​ယောက်
ကို ပြန်​ခေါ်လာတယ်ဆိုတဲ့အ​တွေးက သူမ
အမူအရာ​တွေကို​တောင် ဆွံ့ အ သွား​စေ
​​လေသည် ။

သူမ ပစ္စည်းနှစ်ခုအား ကမန်းကတန်းပင်
​​နေရာချိန်းလိုက်ပြီး တံမြက်စည်း အား
ဆွဲကာ ပြန်​ပြေးလာ​တော့တယ် ။

" မမတင်း ဘာဖြစ်လို့လဲ ? သူ ( မ )
စိတ်ဆိုးသွားတာလား ? ရှားရှားပါးပါး
စိတ်ဆိုးသွားတာပဲ " ။ ​ရှောင်လိလိ က
အံ့အားသင့်​နေဟန်ဖြင့် ​ပြောလာတယ် ။

သူမ နံ​ဘေးက တစ်​ယောက်က : " အဲ့ဒါ
နင့်​ အ​ကြောင်းမဟုတ်ဘူး ။ သွားကြရ​အောင်
ငါတို့​တွေ မြန်မြန်ပြန်ရမယ် "

တင်းယိ , သူမ ရဲ့ အသား​ရေမှာ ဆိုးဝါး
သလား ​ကောင်းမွန်​နေသလား မသိ ။
ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ သူမ နှလုံးသား
ထဲ၌ စိတ်မသက်မသာဖြစ်မှုကို ခံစား​နေ
ရသည် ။ အကယ်၍သာ ဇာတ်ကွက်
ဖွံ့ ဖြိုးမှုအတိုင်းသာ လိုက်နာမယ်ဆိုလျှင်
မုယွဲ့ ရှီး ​ခေါ် လာခဲ့သည့် မိန်းက​လေး က
မူရင်းဇာတ်လမ်းထဲက ဇာတ်လိုက်မ ဖြစ်
​ပေလိမ့်မည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now