အခန်း-၁၈||အသက်ရှင်ဖို့အတွက်သရုပ်​​ဆောင်​ကောင်းရမယ် - ၃||

951 139 1
                                    

အခန်း - ၁၈
|| အသက်ရှင်ဖို့အတွက် သရုပ်​​ဆောင်​
ကောင်းရမယ် - ၃ ||

--------------

Unicode
Translator ; @kissmarry - Lulu.

တင်းယိ က သူမ ရဲ့ ရှည်လျားတဲ့ ဆံပင်​​​တွေ
အဖျား​ထိ ​ရောက်သည်အထိ စူးစိုက်ကြည့်​နေ
ခဲ့သည် ။ သူမ က သူမ ရဲ့ ​ပေါင်သား ကို
ဆွဲဆိတ်ဖျစ်ညှစ်လိုက်ပြီး မျက်ရည်​တွေကို
ညှစ်ထုတ်လိုက်သည် ။ တကယ့်မှမသိရင်
သူမ ပုံစံက ​ ​သေမင်းကို ​အေး​အေးလူလူ
ရင်ဆိုင်မည့်ပုံပင် -
" တကယ်လို့ သခင်​လေးသာ ကျွန်မ
အသက်ကို လိုချင်တယ်ဆိုရင်လည်း ကျွန်မ
မငြင်းပါဘူး ဒါ​ပေမဲ့ ကျွန်မ ​မေးခွန်း ကို
​တော့ ​ဖြေ​ပေးနိုင်မလား ? "

လုလီဟုန် က ခဏ​လောက် တိတ်ဆိတ်သွား
ပြီးမှ ​ခေါင်းညိတ်ကာ ​ပြောလာခဲ့သည် ။

" ​မေးပါ "

တင်းယိ ရဲ့ သရုပ်​ဆောင် skill ​တွေက ချက်ချင်း
ကို ​ကောင်းမွန်လာပြီး သူမ က သနားစရာ​ကောင်း
သည့် အသံဖြင့် ညည်းညူ​ပြောဆိုလာခဲ့သည် ။
" မိစ္ဆာ​တွေ နဲ့ နတ်ဆိုး​တွေက ဆိုးရွားစွာ
​မွေးဖွားလာတယ်လို့ ရှင်​ပြောတယ် ။ ဒါဆို
လူသား​တွေက​ရော ကြင်နာမှုရှိလို့လား ? ,
အဲ့ဒီ့ညက အဖြစ်အပျက်​တွေကို လုသခင်​လေး
လည်း မြင်​တွေ့ ခဲ့ရတာပဲ ။ သူတို့​တွေက
​ငွေ နဲ့ ပတ်သက်ပြီး လူ့အသက်​တွေကို သတ်ပြီး
ဂရုမစိုက်ကြဘူး ၊ အဲ့ဒီ့လိုလူ​တွေက​ရော
မိစ္ဆာ​ ကျင့်ကြံသူ​တွေ နတ်ဆိုး​တွေ​ထက် မြင့်မြတ်
ပါသလား ? ။ ဒါဆို ဘယ်လို မိစ္ဆာ​တွေ နတ်ဆိုး
​တွေက ​သေသင့်တာလဲ ​ဖြေ​ပေးပါ သူတို့​တွေ
က​ရော မ​သေသင့်ဘူးလား ? "

နတ်ဆိုး​တွေ မိစ္ဆာ​တွေက ​မွေးရာပါ ဆိုးဝါး
တယ်ဆိုတာ မှန်​ပေမဲ့လည်း လူသား​တွေက
လည်း အမြဲတမ်းကြင်နာတတ်တဲ့သူ​တွေ
မှ မဟုတ်တာ ။ လူ​တွေ မ​ကောင်းတာလုပ်
တဲ့ အခါ အခြားအရာ​တွေထက်အဆ​ပေါင်းများစွာ ​ကြောက်စရာ​ကောင်း​လေ၏ ။

အမှန်တိုင်း ရှင်းရှင်း​ပြောရလျှင် သူမ မှာ
နတ်ဆိုး ကျင့်ကြံသူ ဆိုသည့် ဂုဏ်ပုဒ်ကြီး
လည်း ရှိမ​နေ​ပေ ၊ ဒီ​တော့ သူမ ကျရှုံးသွား
မယ်ဆိုရင်​တောင် ကိုယ့်ကိုကိုယ် ခုခံကာကွယ်
မှုအဖြစ်သာ သတ်မှတ်မည် ဖြစ်သည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now