အခန်း - ၄၃|| မင်း အဖြစ်ချင်ဆုံး ဆန္ဒကဘာလဲ ? - ၁ ||

663 94 0
                                    

အခန်း - ၄၃

|| မင်း အဖြစ်ချင်ဆုံး ဆန္ဒကဘာလဲ ? - ၁ ||

တံခါးဝ မှာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ရပ်​နေသူက​တော့
အန်တီ ဝမ် ပဲဖြစ်သည် ။ သူမ က စကား
​ပြော​နေ​စဥ်အတွင်းမှာပဲ တင်းယိ ရဲ့ လက်ကို
ရင်းရင်းနှီးနှီး ဆုပ်ကိုင်ထားတယ် ။

" သမီး​လေး , အန်တီ က သမီး ရဲ့
အတင်း ​ပြောတာ​တော့ မဟုတ်ပါဘူး ဒါ​ပေမဲ့
လက်မထပ်ရ​သေးတဲ့ မိန်းက​လေး တစ်​ယောက်
အ​နေနဲ့ ညည်း ဘဝက ကြမ်းတမ်း
လွန်းတယ်ကွယ့် ၊ ညည်း မှာ ရုပ်အခံ​လေးရှိ​ပေမဲ့
ကိုယ့်ကိုကိုယ် ပြင်တာ ၊ ဆင်တာ မ​တွေ့ ရ​တော့
ညည်း ရဲ့ အလှကို အလကား မဖြုန်းတီးသင့်ဘူး "
အန်တီ ဝမ် က စတင်ပြီး ညည်းညူ​ပြောဆို
လာ​တော့သည် ။

ထိုစကား​တွေကို ကြားလိုက်ရချိန်မှာ​တော့
တစ်ခုခုမှားယွင်း​နေပြီဆိုတာ တင်းယိ မှာ
ချက်ချင်းပဲ သ​ဘော​ပေါက်လိုက်ရတယ် ။

သူမ ထင်သည့် အတိုင်းပဲ အန်တီ ဝမ် ၏
စကား​ခေါင်းစဥ် က ​ပြောင်းသွားပြီ​လေ :
" ညည်း အန်တီ့ ကိုသာ ​မေးမယ်ဆိုရင်
မိန်းက​လေး တစ်​ယောက်က သူ့ ကိုယ်ပိုင်
မိသားစုဘဝ​လေး ​တော့ ရှိသင့်တယ်လို့ ​​ဖြေရလိမ့်
မယ် ။ ပြီး​တော့ ညည်း က အရမ်းလွတ်လပ်
တဲ့ မိန်းက​လေး တစ်​ယောက် , ပိုက်ဆံရှာနိုင်ရုံနဲ့
မလုံ​လောက်ဘူး ၊ ညည်း အတွက် သင့်​တော်တဲ့
သူ တစ်​ယောက်​ယောက် ကို ရှာမ​တွေ့ ဘူးဆိုရင်
အရမ်း​နောက်ကျသွားလိမ့်မယ်​​နော် .... ပြီး​တော့
ညည်း သိလိုက်တဲ့အချိန်မှာပဲ__ "

" ခဏ ! ခဏ​လေး ​နေပါဦး ၊ အာ ,
အန်တီ ဝမ် ... အဲ့ဒီ့ကိစ္စနဲ့ ပတ်သက်ပြီး​တော့
ကျွန်မ ကို အရမ်းစိတ်ပူစရာမလိုပါဘူးရှင် ။
မုယွဲ့ ရှီး နဲ့ ကျွန်မ နှစ်​ယောက်တည်းရှိ​နေ
ရတာကပဲ အဆင်​ပြေတာမို့ ကျွန်မ တခြား
ဘာမှမလိုအပ်ပါဘူး ..... " တင်းယိ မှာ
​နေရခက်စွာဖြင့် ပြန်ရှင်းပြမိသည် ။ ဒီလိုကိစ္စ
က ဒါ ပထမဦးဆုံး မဟုတ်​တော့​ပေ ။ ​
​အောင်သွယ်​တော် အ​ဒေါ်ကြီး​တွေ မှာ
စိတ်အားထက်သန်မှု​တွေက များလွန်း​​နေကာ
တင်းယိ ၏ အ​မေအရင်းထက်​တောင် ပိုပြီး​တော့
ဂရုစိုက်​​နေ​လေသည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now