အခန်း - ၄၉ || ငါ့ကို ကတိ​ပေးလို့ရမလား - ၁ ||

589 90 0
                                    

အခန်း - ၄၉

|| ငါ့ကို ကတိ​ပေးလို့ရမလား - ၁ ||

မုယွဲ့ ရှီး က ထို​ကောင်​လေး ကို ကန်ထုတ်
ခဲ့သည်မှာ အမှန်ဖြစ်တာ​ကြောင့် သူ ​ပေး
သည့် အ​ကြောင်းပြချက်​တွေက အဓိပ္ပါယ်
မရှိ​​ချေ ။ သတိ​မေ့​နေ​​သေးတဲ့ ကျန်း သခင်​​လေး
ကို ​ဆေး​ပို့ပေးရန် အတွက် တင်းယိ သူ့ ကို
ခိုင်း​စေခဲ့တယ် ။

မုယွဲ့ ရှီး က​တော့ လူသတ်ချင်တဲ့
အမူအရာဖြင့်သာ ထွက်သွားခဲ့သည် ။

ဒါ​​ပေမဲ့လည်း ​ဒေါသအ​ငွေ့အသက်​တွေ
ပြည့်လျှံ​နေတဲ့ ​လေထု​ကြောင့် ​တင်းယိ မှာ
​နောက်ဆုံးတွင် ထိုကိစ္စအား လျစ်လျူရှုရန်
သာ တတ်နိုင်ခဲ့သည် ။

ဗီလိန် နဲ့ ဇာတ်လိုက် အကြား ငြိမ်းချမ်း​ရေး
ရ​အောင် ကြိုးစား​နေရတဲ့ သူမ ရဲ့ ကြိုးစား
အားထုတ်မှု​တွေက အလကား ဖြစ်သွားရ
​လေသည် ။

လက်ထဲမှာ ယပ်​တောင်​လေး ကိုင်ထားပြီး
တင်းယိ အ​နောက်မှာ တိတ်တိတ်​လေးရပ်
​နေသည့် မုယွဲ့ ရှီး က နူးညံ့​သော်လည်း
စိတ်ငြီးငြူ​နေပုံရသည့် အသံ​လေးဖြင့် ​မေး
လာခဲ့သည် - " ငါတို့​တွေ သူ့ ကို
ဘယ်​လောက်ကြာကြာ ​စောင့်​ရှောက်​ပေး
ထားရမှာလဲ ? "

" အနည်းဆုံး​တော့ သူ သက်သာသွားတဲ့
အချိန်ထိဆို ပို​အဆင်​ပြေလိမ့်မယ် "
တင်းယိ က အဲ့ဒီ့အ​ကြောင်းကို အတိုချုံ့
စဥ်းစားလိုက်ပြီး ပြန်​ဖြေလိုက်တယ် ။

ဇာတ်လိုက်အစ်ကို​လေး အပြည့်အဝ
ပြန်လည် သက်သာဖို့အတွက် အချိန်အနည်းငယ်
​တော့ ကြာ​လောက်တယ် ။

အမှန်​တော့ ထို​ကောင်​လေး မှာ ရှာ​ဖွေခံ​နေ
ရပြီး မည်သည့်​နေရာကိုမှ သွားစရာ မရှိ
တာ​ကြောင့် ဇာတ်လိုက်​လေး ကို လုံခြုံ​အောင် ဝှက်ထား​ပေးရန် သူမ လျှို့ ဝှက်စီစဥ်ထား
ခဲ့သည် ။

ဂိုဏ်းအတူမဝင်ခင် အချိန်​လေးမှာ သူတို့
နှစ်​ယောက် မိတ်​ဆွေဖွဲ့ရာမှာ ကူညီ​ပေးရန်
အ​ကောင်းဆုံး အခွင့်အ​ရေးပင် ။

သူတို့က , က​လေး​လေး​​​တွေ ဖြစ်​နေတုန်းပင် ။
တစ်​ယောက် နဲ့ တစ်​ယောက် ဘယ်​လောက်ပဲ
မုန်း​နေပါ​စေ အချင်းချင်း တဖြည်းဖြည်း
ရင်းနှီးလာသည်နှင့် အမျှ မြန်မြန်ဆန်ဆန်ပင်
​ကောင်းမွန်တည်ငြိမ်တဲ့ သူငယ်ချင်း​တွေ ဖြစ်ကြ
လိမ့်မယ် ဆိုတာ အလွယ်​လေးပဲဖြစ်သည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now