အခန်း - ၆၀||မင်းတို့နှစ်​ယောက်ကြားကဆက်ဆံ​ရေးကဘယ်လိုလဲ - ၁||

369 54 1
                                    

အခန်း - ၆၀

|| မင်းတို့ နှစ်​ယောက်ကြားက ဆက်ဆံ​ရေးက
ဘယ်လိုလဲ - ၁ ||

တင်းယိ ,တိတ်တဆိတ်သာ ​လေ​အေး
တစ်ချက်ကို ရှူသွင်းလိုက်မိသည် ။
သူမ ခန္ဓါကိုယ်မှာရှိ​နေတဲ့ ​မှော်အစွမ်းက...
မုယွဲ့ ရှီး ရဲ့ ​မှော်အစွမ်း​ မဟုတ်ဘူးလား !

မဟုတ်တာ , ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။
မူရင်းဝတ္ထုထဲမှာ ဒီလို ဇာတ်ကွက် မရှိဘူး​လေ ၊
လုလီဟုန် ရဲ့ အ​ကြောင်းရင်းကို မူရင်းထဲမှာ
​သေ​သေချာချာ ​ဖော်ပြထားတာမျိုး မရှိဘူး ။
မူရင်းဇာတ်​ကြောင်းအရဆိုရင် အခု ဒီဇာတ်ကွက်
က မုယွဲ့ ရှီး နဲ့ မပတ်သက်ဘူး ။

မ​သေမျိုးတစ်​ယောက် က နတ်ဆိုး​တွေ
လက်မှာ ​သေဆုံးသွားရပြီး အခုလိုမျိုး
သဲလွန်စ​တွေကို ထင်ထင်ရှားရှား ချန်ထား
ရစ်ခဲ့တယ် ။ ​သေချာတာတစ်ခုက​​တော့
တစ်စုံတစ်​ယောက်က လုပ်ဇာတ်ခင်းထား
တာ မဟုတ်ရင် မူရင်းဇာတ်​ကြောင်းမှာ
ချို့ ယွင်းမှု ရှိ​နေလို့ပဲ ။

[ ဂိုဏ်းချုပ်​ဟောင်း ရဲ့ လျှို့ ဝှက်ဆန်းကြယ်
စွာ​ ​သေဆုံးမှု ဇာတ်​ကြောင်း ပွင့်သွားပါပြီ ။
တာဝန်လက်ခံရန် အတွက် ​ကျေးဇူးပြုပြီး
အတည်​ပေးပါရန် ]

" ..... "

ရင်းနှီး​နေကျ တုန်လှုပ်စရာ​ကောင်းသည့်
စက်အသံကို ကြားလိုက်ရချိန်မှာ​တော့ တင်းယိ
အဲ့ဒီ့ system ကို ဆွဲထုတ်ပြီး ​သေ​အောင်
ရိုက်နှက်ပစ်ချင်ခဲ့သည် ။ point ​တွေ
ကို ​ပေါ​ပေါ​လော​လောနဲ့ ​ပေးခဲ့ကတည်းက
သက်သက်သာသာဖြစ်မဲ့ ကိစ္စမဟုတ်မှန်း
သူမ သိခဲ့သင့်တယ် ။

သူမ နှလုံးသား​လေး မှာ ပြာမှုန့် ဖြစ်လု
နီးပါးပဲရယ် ။

လုလီဟုန် ရဲ့ ​အေးစက်သည့်​ရောင်ဝါနှင့်
မျက်နှာချင်းဆိုင်​တွေ့ လိုက်ရချိန်မှာ​တော့
သူမ တံ​တွေး ကို မျိုချလိုက်မိပြီး အထစ်ထစ်
​ငေါ့​ငေါ့ဖြင့် ; " ဒါ .. ဒါနဲ့ပဲ ရှင် ကျွန်မ
ကို အဲ့လို စွပ်စွဲလို့မရဘူး​လေ .... "

ဘယ်လိုပဲ အဓိပ္ပါယ်မရှိပါ​စေ ဒါမှမဟုတ်
ထူးဆန်းတဲ့ ဇာတ်​ကြောင်းမျိုးဖြစ်​နေပါ​စေ
သူမ အ​ပေါ် အပြစ်ပုံချတာ​တော့ မဖြစ်သင့်
​ပေ ။ ဒီကိစ္စက မုယွဲ့ ရှီး မဟုတ်ခဲ့ရင်
သူမ ကလည်း တရားခံ လုံးဝ ,မဖြစ်နိုင်ဘူး ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now