အခန်း - ၅၀|| ငါ့ကို ကတိ​ပေးလို့ရမလား - ၂ ||

621 95 0
                                    

အခန်း - ၅၀

|| ငါ့ကို ကတိ​ပေးလို့ရမလား - ၂ ||

တင်းယိ က နူးနူးညံ့ညံ့ပင် ကြည့်လိုက်ပြီး
သူ့ ရဲ့ ​ခေါင်း​လေး ကို ခပ်ဖွဖွပွတ်သပ်​
ကာ နှစ်သိမ့်​ပေးလိုက်သည် : " နင် ဘယ်လိုပဲ
ဆုံးဖြတ် , ဆုံးဖြတ် ငါ နင့် အနားမှာရှိ​နေ
​ပေးမယ် ဟုတ်ပြီလား ? "

သူ့ ကိုယ် သူ စိတ်နှလုံး မငြိမ်မသက်ဖြစ်
​နေမည်ကို စိုးရိမ်သဖြင့် သူမ တိုးတိုး​လေး
ဆက်​ပြောလာခဲ့တယ် - " တကယ်​တော့
ငါ ပိုက်ဆံ​တွေ အများကြီး စု​ဆောင်းထား
တာရှိတယ် ၊ တကယ်လို့များ နင် ​​မဖြေရှင်း
နိုင်တဲ့ ပြသနာတွေရှိမယ်ဆိုရင် အသုံးပြုလို့
ရတယ် ။ စိတ်မပူပါနဲ့ ငါ နင်ကို အခြားသူ
​တွေကို အနိုင်ကျင့်ခွင့်​ပေးမှာ မဟုတ်ဘူး .... "

သူမ စကားမဆုံးနိုင်ခင်အချိန်​လေးမှာပဲ ​
ပွေ့ ဖက်မှု​တွေကြားထဲ ပိတ်​​လှောင်ခံလိုက်ရ
​လေသည် ။ စိတ်ကို လန်းဆန်း​စေတဲ့ ရနံ့
က သူမ နှာ​ခေါင်းထဲကို တိုးဝင်လာခဲ့တယ် ။

မုယွဲ့ ရှီး ရဲ့ ရုတ်တရက်ဆန်တဲ့ ​ပွေ့ ဖက်မှု
ကို ခံလိုက်ရသည့် တင်းယိ မှာ အစပိုင်းတွင်
​တောင့်သွားခဲ့ပြီး ၊ အဲ့ဒီ့​နောက်မှာ​တော့
သူမ မျက်နှာမှာ နီမြန်းသွားရသည် ။

အ -- အ​နောက်က​နေ အခုလိုမျိုး
​ပွေ့ ဖက်ခံထားတာ အဆင်​ပြေမ​နေဘူး​နော် !

မုယွဲ့ ရှီး က အခုလက်ရှိအချိန်မှာ ကြီးထွား
ဖွံ့ဖြိုးဆဲ အချိန်ကာလ ကို ဖြတ်သန်း​နေ
ဆဲဖြစ်တာ​ကြောင့် သူ့ မှာ လူငယ်တစ်​ယောက်
စီမှာ ရှိသင့်သည့် လက္ခဏာရပ်​တွေ ရှိ​နေပြီပဲ
ဖြစ်သည် ။ အဲ့ဒီ့လက္ခဏာရပ်​တွေက သူ့
ကို အရင်တုန်းက နှင့် မတူညီ​စေ​တော့ပဲ
အခုအချိန်မှာ​တော့ သူက တင်းယိ ၏ အရပ်
ကိုပင် ​ကျော်လွန်​နေပြီဖြစ်သည် ။

သူက သူ့ ရဲ့ ​ခေါင်း​လေး ကို အပြစ်လုပ်
ထားမိတဲ့ က​လေး ,​​လေး တစ်​ယောက်လို
မျိုး သူမ ပခုံး​ပေါ် သို့ တင်လာပြီး
တိုးတိုး​လေး ​ပြောလာတယ် : " ငါ ပြင်းပြင်း
ထန်ထန် ​လေ့ကျင့်သင်ကြားပါ့မယ် ၊
ဒါ့​ကြောင့် မင်း ငါ့ကို ​စောင့်​နေပါ့မယ် လို့
ကတိ​ပေးလို့ရမလား ? "

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now