အခန်း -၃၁|| ရည်ရွယ်ချက်ရှိရှိဖြင့် ချန်ထားရစ် - ၁||

802 115 0
                                    

အခန်း - ၃၁

|| ရည်ရွယ်ချက်ရှိရှိဖြင့် ချန်ထားရစ် - ၁||

-------- uni - version ---------
----- translator @Lavendar___kitty-----

ရုတ်တရက်ကြီး မထင်မှတ်ထားသည့် တိုက်ခိုက်
မှုဖြစ်တာ​ကြောင့် တင်းယိ မျက်လုံး​တွေမှာ
ကူကယ်ရာမဲ့ ဖြစ်သွား​လေ၏ ။ သို့​သော်လည်း
သူမ မတုံ့ပြန်နိုင်​သေးခင် အချိန်မှာပဲ သရဲမ
​၏ လက်က သူမရင်ဘတ်​ရှေ့ တစ်လက်မ
အလို​​လေးတင် ရပ်တန့်သွား​လေသည် ။

သရဲမ မှာ ​အေးခဲသွားပြီး သူ့ ​လည်ပင်းကို
တင်းကြပ်စွာ လှည့်ကြည့်လိုက်တယ် ;
" မင်း .... "

သူမ အ​နောက်မှာ​တော့ မုယွဲ့ ရှီး က ရပ်​နေခဲ့
ပြီး သူ့ မျက်နှာ​လေးက အရိပ်ကွယ်​နေကာ
မျက်ခုံး နှစ်ခုကြားထဲမှာ​တော့ မည်း​မှောင်
​နေသည့် အရိပ်တစ်ခုက ထွက်​ပေါ်လာခဲ့သည် ။

နတ်ဆိုးစွမ်းအင်​တွေ ဖုံးလွှမ်းထားသည့် သူ့
လက်​သေး​သေး​လေး ကို ​အေးစက်စွာဆွဲထုတ်
လိုက်ပြီး ​နောက်​ကျောမှာရှိ​နေတဲ့ ' ရုပ်​သေးရုပ် '
ဟူသည့် စာလုံးနှစ်လုံးကို ယူလိုက်သည် ။

အဲ့ဒီ့​နောက်မှာ​တော့ သရဲမ က စူးစူးဝါးဝါး
​အော်ဟစ်လိုက်​လာသည် ။ သူမ ၏ ဖြူ​ဖျော့
​နေတဲ့ မျက်နှာက ​တောင့်တင်းသွားခဲ့ပြီး သူမ
ခန္ဓါကိုယ်တစ်ခုလုံးက လူမျက်နှာထွင်းထုထား
သည့် သစ်သားအပိုင်းအစ​လေး တစ်ခုအဖြစ်
ကျုံ့ သွားခဲ့သည် ။ အဲ့ဒီ့ပစ္စည်း​လေး ​မြေပြင်
​ပေါ် ကို ပြုတ်ကျသွားပြီး​ အက်ကွဲသွား​တော့
သည် ။

မုယွဲ့ ရှီး က သူ့လက်ထဲက သစ်​ခေါက် အပိုင်း
တစ်ခုကို လွှင့်ပစ်လိုက်ပြီး​ မျက်နှာ​လေး
ကို ​မော့ကြည့်လိုက်ချိန်မှာ​တော့ သူ့ ရဲ့ မည်း​မှောင်
​နေတဲ့ အမူအရာက​နေ ချက်ချင်းဆိုသလို
အပြစ်ကင်းစင်ပြီး ​တောက်ပသည့် အမူအရာ​လေး
ဖြစ်သွား​တော့သည် ။ သူက တင်းယိ စီကို
​​ပြေးသွားလိုက်ပြီး ​ပွေ့ ဖက်ကာ ;
" တင်းယိ ကြည့်ပါဦး ၊ အဲ့ဒါက သစ်သားရုပ်
တစ်ခုသက်သက်ပဲ "

တင်းယိ မှာ ထိတ်လန့်တုန်လှုပ်​နေဆဲဖြစ်ပြီး
သူမ ၏ မသိစိတ်ဖြင့် သူမ နှလုံးသား​လေးကို
​ချော့မြူလိုက်သည် ;
အဲ့ဒါ​ကြောင့် ငါ့ နှလုံးခုန် ရပ်လုနီးပါးပဲ

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now