အခန်း- ၄၆ ||ဇာတ်လိုက်နှင့်ဗီလိန်တို့ရဲ့ပျော်ရွှင်ဖွယ်​တွေ့ဆုံခန်း- ၂||

715 107 0
                                    

အခန်း - ၄၆

|| ဇာတ်လိုက် နှင့် ဗီလိန်တို့ရဲ့ ​ပျော်ရွှင်ဖွယ်
​တွေ့ ဆုံခန်း - ၂ ||

အစပိုင်းမှာတုန်းက​တော့ တင်းယိ မှာ
သူအရမ်းကြိုးစားပြီး ညဥ့်နက်သည့်အချိန်​တွေ
ထိပါ စာ​တွေကူး​ရေး​ပေးမည်ကို စိုးရိမ်တာ
​​ကြောင့် ​စော​စောအနားယူရန် အကြံ​ပေး​သော်
ငြားလည်း သူက အမြဲတမ်း ဂရုမစိုက် လျစ်လျူရှု
တုန်းဖြစ်သည် ။ သူမ ကို ကူညီ​ပေးရသည်
ကို ​ပျော်ရွှင်​နေတာ​တွေ့​တော့ သူမလည်း ဒီ
ကိစ္စကို လွှတ်ထား​ပေးလိုက်​​တော့သည် ။

​နောင်တစ်ချိန်မှာ ဒီလို အ​ဆောင်လက်ဖွဲ့ ကူး​ရေး
ခြင်းက မုယွဲ့ ရှီး , ယုလင်း ​တောင်​ပေါ်
​ရောက်တဲ့အခါ ကြီးမားသည့် အကူအညီ​ဖြစ်
​စေမှာပါ ' လို့သာ သူမ အ​ကောင်းဘက်က​နေ
ကျိုး​ကြောင်းဆီ​လျော်​​အောင်​တွေးမိသွားပြီး
​​နောက်မှာ​တော့ စိတ်သက်သာရာရသွား​​မိ
တယ် ။

သူမ က , မလိုအပ်ရင် အပြင်မထွက်ဘဲ အိမ်ထဲ
မှာချည်း​နေ​,​နေတာ​ကြောင့် ​နေ့တိုင်း​တွေ့
မြင်​နေရသည့် တစ်​ယောက်တည်း​သောလူက
မုယွဲ့ ရှီး ပဲဖြစ်သည် ။

သူမ က အိမ်​ထောင်ဦးစီး တစ်​ယောက်
ဖြစ်ပြီး​တော့ အဲ့ဒီ့အတွက်လည်း ဂုဏ်ယူခဲ့
တယ် ။

​​နေ့ရက်တိုင်းက တင်းယိ အတွက် ​ကောင်းမွန်
​သော်ငြားလည်းပဲ မုယွဲ့ ရှီး ​တောင်​ပေါ် တက်
ရ​တော့မည့် ရက်​တွေ နီးကပ်လာသည်နှင့် အမျှ
သူမ ရဲ့ စိုးရိမ်စိတ်​တွေမှာ တရိပ်ရိပ်ဖြင့်
တိုးလာသည်ဟု ခံစား​နေရသည် ။

ဒီခံစားချက်က ချစ်လှစွာ​သော က​လေး
ကို ​ဘော်ဒါ​ကျောင်း ကို ပို့​ပေးရ​တော့မဲ့
မိဘ တစ်​ယောက်ရဲ့ ခံစားချက်များလား ?

ဟင်း ... ( သက်ပြင်းချသံ )

မိုးသည်းထန်​နေတဲ့ ည​နေ​စောင်းမှာ
တင်းယိ သူမ ရဲ့ အလုပ်တစ်ခုက​နေ အပြန်
စာသင်​ကျောင်း ကို ဝင်လာခဲ့သည် ။
မုယွဲ့ ရှီး ထီးယူသွားရန် ​မေ့ကျန်ခဲ့သည်ဟု
ထင်တာ​ကြောင့် သူမ , သူ့ကို အိမ်ပြန်ကြိုရန်
ဖြစ်သည် ။

အဲ့ဒီ့အချိန် စာသင်​ကျောင်း မှာ ဘယ်သူ
မှ ရှိမ​တော့​​ချေ ။ တင်းယိ မှာ သူမ ရဲ့
ကံတရား ကို စမ်းသပ်​ကာ သူမ တိတ်ဆိတ်
​​​သည့် လမ်းကြား​လေး တစ်ခုကို ဖြတ်သွားချိန်မှာ
​တော့ မိုး​ရေ​တွေထဲမှာ ရန်ဖြစ်​နေကြတဲ့ လူ
တချို့ကို ​တွေ့ လိုက်ရတယ် .... ခဏ​လေး ..
အဲ့ထဲက တစ်​ယောက်က .... မုယွဲ့ ရှီး လားဟ?!

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now