အခန်း - ၂၁||မင်းက တကယ့်ကို စိတ်ဝင်စားစရာပဲ - ၁ ||

1K 140 0
                                    

အခန်း - ၂၁

|| မင်းက တကယ့်ကို စိတ်ဝင်စားစရာပဲ - ၁ ||

-------- uni-version ------------
---------translator @ kissmarry-Lulu------

တင်းယိ က ဒူး​ထောက်ထိုင်ချလိုက်ပြီး
အား​ပေးစကား​ပြောရန် ကြိုးစားလိုက်သည် -
" နင့် ကို ကာကွယ်​ပေးပြီး ပညာ​သင်ကြား​ပေး
မဲ့သူ ရှိတယ်​လေ အဲ့ဒါကို ဘာဖြစ်လို့ မ​ကောင်း
ရတာလဲ ? "

" အဲ့လို....မဟုတ်ဘူး ၊ မသွားချင်ဘူး ...
ဘာပဲဖြစ်ဖြစ် ငါက​တော့ သွားမှာမဟုတ်ဘူး "
မုယွဲ့ ရှီး မှာ အနည်းငယ် စိတ်ဓါတ်ကျ​နေပြီး
စိတ်တို​နေသည့် အသံဖြင့် ပြန်​ပြောလာသည် ။

အဲ့ဒီ့အချိန်မှာပဲ တင်းယိ သ​ဘော​ပေါက်
နားလည်သွားပြီဖြစ်သည် ။

အဲ့​တော့ ဒီအ​ကြောင်း​ကြောင့်ကိုး ။

ငါတို့ သခင်​လေး ဘာလို့ ဒီ​လောက်ထိ ခက်ခက်
ခဲခဲ အဆင်မ​ပြေဖြစ်​အောင်လုပ်ရလဲ ​တွေးမိ
​ပေမဲ့ ၊ ​လက်စသတ်​တော့ သူက ငါ နဲ့
​အ​ဝေးကို မသွားချင်လို့ပဲ​ပေါ့ ။

အ​တွေးတစ်ချို့ကို ​တွေး​တောပြီး ​နောက်မှာ
​တင်းယိ နားလည်လာပြီဖြစ်သည် ။
လုလီဟုန် က သူမ ကို နတ်ဆိုးကျင့်ကြံသူ အဖြစ်
သတ်မှတ်ပြီး​နောက်မှာ​တော့ ယုလင်း ​တောင်က
သူမ လို အတည်ပြုစရာ ​နောက်ခံလူမရှိသူတစ်ဦး
ကို စွန့်စွန့်စားစားခွင့်ပြု​ပေးမည့်​နေရာ မဟုတ်​​ချေ ။
သူမ မှာ ကျင့်ကြံဖို့အတွက် အလားလာ ရှိလား ,
မရှိလားဆိုတာလည်း အ​ရေးမကြီး​ပေ ။

​သေချာသည်က​တော့ သူမ မှာ မုယွဲ့ ရှီး နှင့်
အတူ ယုလင်း ​တောင်ကို လိုက်ပါနိုင်ရန်
အတွက် နည်းလမ်းမရှိ​ပေ ၊ အဲ့​ဒါ​တွေအပြင်
သူက လုံခြုံမှုရှိစွာ မ​နေခဲ့ရတာ​ကြောင့် သူ့
ဆန္ဒမရှိဘူးဆိုတာ အံ့သြစရာ​တော့ မဟုတ်ပါဘူး​လေ ။

တင်းယိ မှာ သူမ ၏ နှလုံးသား​လေး ​ပျော့​ပျောင်း
သွားသည် ဟု ခံစားလိုက်ရ​ပေမဲ့လည်း
သူမ က တိုးတိုး​လေး ထပ်​မေးလိုက်သည် ;
" ဒါ​ပေမဲ့လည်း နင် ကျင့်ကြံပြီး​တော့
ပိုမသန်မာလာချင်ဘူးလား ? "

ဒီကမ္ဘာမှာ​တော့ အင်အားကြီးမားခြင်း က
ပဲ အရာအားလုံးဖြစ်သည် ၊ အင်အားနည်းသူများ
က အင်အားကြီးမားသူ​တွေ အတွက်​တော့
သား​ကောင်​တွေသာ ဖြစ်​ကြောင်း က​လေး​တွေ
ကအစ သိနားလည်ထားကြသည် ။ ဒီကမ္ဘာမှာ
ဘယ်သူ​တွေက စွမ်းအင်​တွေကို သင်ယူခွင့်
ရတဲ့ အခွင့်အ​ရေးကို တွန်းလှန်မှာလဲ ? ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now