အခန်း ​ - ၄ ၂|| ကြိုးကြိုးစားစား ပိုက်ဆံရှာ - ၂ ||

692 105 0
                                    

uni - version
translator @ Lavendar __kitty

အခန်း ​ - ၄၂

|| ကြိုးကြိုးစားစား ပိုက်ဆံရှာ - ၂ ||

ဒီအမျိုးသမီး က ဉာဏ်မရှိ​ပေမဲ့ လက်ဖွာတာ
​တော့ အမှန်ပဲ​ဖြစ်သည် ။

ထို့​ကြောင့် တင်းယိ မှာ လက်ခံလိုက်ပြီး အမျိုးသမီး
အတွက် အကြံဉာဏ်အချို့ ​ပေးလိုက်တယ် -
" ရှင့်ရဲ့ စံအိမ်​တော်မှာ လူအ​ရေအတွက်က
​တော်​တော်​လေး များတယ် ဒါ့​ကြောင့်ပဲ နှစ်​တွေ
ကြာလာတဲ့အခါ မ​ကောင်းတဲ့ စွမ်းအင်​တွေက
စု​ဝေးလာရတာပဲ ။ က​လေးငယ်​တွေက
အားနည်းတဲ့ ဝိဉာဥ်​တွေဖြစ်တာ​ကြောင့် အဲ့ဒါ​တွေ
ကို ခံနိုင်ရည်မရှိဘူး အဲ့ဒါ့​မို့လို့ ဒီညပိုင်း​တွေမှာ
ရှင့် ရဲ့ က​လေး ကို ​သေချာ​လေး ဂရုစိုက်​ပေးသင့်
တယ် , သခင်မ "

ရှင့် စံအိမ်က ကိုယ်​လှုပ်​တော် ၊ အ​ပျော်မယား
​တွေ အားလုံးက အဆိပ်ပြင်းတဲ့ မိန်းမလှ​တွေ
ချည်းပဲ , စံအိမ် ရဲ့ အ​မွေ ကို ဆက်ခံရမဲ့သူ
က တစ်​ယောက်တည်းပဲရှိတယ် ။ ဒါကြောင့်
ရှင် အဲ့ဒီ့ လူဆိုး​တွေကို သတိထားရမယ် ။

အမျိုးသမီး ရဲ့ မျက်နှာမှာ ထိတ်လန့်​ခြောက်ခြား
မှု​ကြောင့် ​ဖြူ​ဖျော့သွားခဲ့ပြီး ​ကျေးဇူးတင်​ကြောင်း
ကိုသာ ထပ်ခါတလဲလဲ​ပြောလာခဲ့သည် ။

သူမ ရဲ့ လက်ကို ​ဝှေ့ယမ်းလိုက်ပြီး တင်းယိ
က ယဥ်​ကျေးပျူငှာစွာဖြင့် အမျိုးသမီး ကို
အပြင်သို့ ပြန်လိုက်ပို့​ပေးလိုက်သည် ။

ရှက်စရာ​ကောင်း​ပေမဲ့လည်း အရင်​နေ့​တွေ
လိုပဲ အစားအ​သောက်​တွေကို ဝယ်ပြီး စားပွဲ​ပေါ်
တင်ရဦးမှာပဲ ဖြစ်သည် ။

တင်းယိ က လှည့်ကာ အိမ်ထဲဝင်သို့ ပြန်ဝင်ခါနီး
တွင် လူ တစ်​ယောက် နှင့် တိုက်မိလုနီးပါးဖြစ်
သွားရသည် ။

သူမ ရပ်လိုက်ပြီး ​​မော့ကြည့်လိုက်​တော့ လွန်ခဲ့
သည့် ( ၂ ) နှစ်ခန့် က ​ဘေးအိမ် ကို ​ပြောင်း​ရွှေ့
လာခဲ့သည့် အိမ်နီးချင်း တစ်​ယောက်ဖြစ်သည်
ကို ​တွေ့ လိုက်ရသည် ။ အင်ပါယာ စာ​မေးပွဲ
​တွေမှာ နှစ်​တွေအကြာကြီး မ​အောင်မြင်ခဲ့သည့်
ပညာသင်​ကျောင်းသား ဝမ်ရွှီချိုက် ဖြစ်​နေ​လေ
သည် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now