အခန်း-၁၇||အသက်ရှင်ဖို့အတွက်သရုပ်​ဆောင်​ကောင်းရမယ် - ၂||

1K 154 0
                                    

uni- version
translator @kissmarry- Lulu.

အခန်း - ၁၇

||အသက်ရှင်ဖို့အတွက်သရုပ်​ဆောင်​ကောင်းရမယ်
- ၂ ||

လုလီဟုန် က ခပ်​ဖျော့​ဖျော့​လေးပဲပြုံးလိုက်ပြီး
ထိုစကားကို စိတ်ထဲမထားသည့်နှယ်​ပြောလာခဲ့
တယ် ;
" မိန်းက​လေး က သတိရလာပြီဆို​တော့ အခြား
စိတ်ပူစရာ​တွေမရှိ​တော့ပါဘူး "

သူက စကား​ပြော​နေရင်းပဲ သို​​လှောင်လက်စွပ်
ထဲက​နေ​ ​ဆေးပုလင်းတစ်ဘူးအား ထုတ်ယူကာ
မုယွဲ့ ရှီး ကို ​ပေးလိုက်သည် ။ အဲ့ဒီ့​နောက်မှာ​တော့
သူက စာ​ကြောင်းနှစ်​ကြောင်းကို ဂရုတစိုက်​ပြော
ကာ ​ဆေးလုံးကို ​ချေဖျက်ရန် အတွက် တစ်စုံတစ်
​ယောက်ကို ရှာခိုင်းခြင်းလည်းဖြစ်နိုင်​လေသည် ။

မုယွဲ့ ရှီး မှာ ​ဆေးပုလင်း​လေး ကို, ကိုင်ထားရင်း
​ခေါင်းငုံ့ထားကာ သူ့ နှုတ်ခမ်းကို ဖိကိုက်ထား
​လေသည် ။ သူ၏ ပုံစံမှာ စိုးရိမ်​နေပုံရပြီး ထွက်
သွား​ပေးရမည်ကို ငြင်းဆန်​နေ​လေ၏ ။

လုလီဟုန် က တင်းယိ ကို အပြုံးနှင့်ကြည့်လာတာ
​ကြောင့် သူမ ချက်ချင်းပဲ အရိပ်အကဲ ကို နားလည်
လိုက်ပြီဖြစ်သည် ။

ငါသိတယ် , ငါသိတယ် ၊ ဆရာသခင်က ငါ
နဲ့ နှစ်​ယောက်တည်း​ပြောစရာရှိ​နေတာပဲ

တင်းယိ မှာ အနည်းငယ် စိတ်လှုပ်ရှား​နေတာ
​​ကြောင့် အတင်းအကျပ်လုပ်ယူပြုံးကာ ချဲ့ကား
ပြီး​ပြောလိုက်သည် -
" အာ ! နာကျင်တဲ့ ဒဏ်​တွေ​ပျောက်သွား​တော့
ရုတ်တရက်ကြီး ဗိုက်ဆာလာသလိုပဲ ၊ ယွဲ့ ရှီး
နင် ငါ့ ကို ​ပေါင်မုန့်တချို့ ယူ​ပေးလို့ရမလား ? "

မုယွဲ့ ရှီး မှာ မျက်​မှောင်​လေးကြုတ်​နေပြီး
အနည်းငယ် မ​ကျေမနပ်ဖြစ်​နေ​သော်လည်း ​နောက်ဆုံးမှာ​တော့ သူက နာနာခံခံနှင့်ပင် ထွက်သွား​ပေး​လေသည် ။

သို့​သော်လည်း ​ကောင်​လေး က အရမ်းကို သတိကြီး
​နေပြီး တံခါးကို ရည်ရွယ်ချက်ရှိရှိပင် မပိတ်ခဲ့ဘဲ
ကျယ်ကျယ်​လေးပင် ဟ,ထားခဲ့​လေသည် ။
အခန်းထဲမှာ လှုပ်ရှားမှု​တွေရှိခဲ့ရင် ​လှေကားထစ်
​တွေအ​ပေါ်က လူ​တွေက တစ်ချက်တည်းကြည့်ရုံ
ဖြင့် မြင်နိုင်​လေတယ် ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now