အခန်း - ၂ ၂||မင်းက တကယ့်ကို စိတ်ဝင်စားစရာပဲ - ၂ ||

922 143 6
                                    

အခန်း - ၂ ၂

|| မင်းက တကယ့်ကို စိတ်ဝင်စားစရာပဲ - ၂ ||

------- uni-version ----------
--------translator @kissmarry - Lulu------

တင်းယိ မှာ ငြင်းဆန်ရန်တုံ့ဆိုင်း​နေရုံမက
သူမ အမူအရာမှာ ခါးသီး​နေ​လေ၏ ။

" လု သခင်​လေး , အဲ့ဒါ.... မုယွဲ့ ရှီး က
အမြဲအားနည်းတဲ့ ခန္ဓါကိုယ်ရှိပြီး ရှက်တတ်တဲ့
သူပါ ၊ အချိန်ပြည့် သူ့ကို ​စောင့်​ရှောက်​ပေး
မဲ့သူ လိုအပ်ပြီး ကျွန်မ ကလည်း သူ့ကို အမြဲတမ်း စိတ်ပူ​နေရတာ ။ အဲ့​တော့ ..... ကျွန်မတို့
ဂိုဏ်းထဲ ဝင်လို့ရတဲ့ အရွယ်​ရောက်တဲ့ အထိ
​စောင့်သင့်တယ်လို့ထင်တယ် "

ဒါက တုံးအ, တဲ့ အ​ကြောင်းပြချက်တစ်ခု
ပါပဲ ။ သူမ ကိုယ် သူမ​ အဲ့ဒီ့အ​ကြောင်း
ပြချက်ကို ယုံလို့ရပါတယ်ဆိုပြီး ဖိအား​ပေး
ယုံကြည်ခိုင်းတာ​တောင် မယုံကြည်လို့မရ​ပေ ။

" ရပါတယ် "

လုလီဟုန် က ညင်သာစွာ​ပြောလိုက်ပြီး သူ ရဲ့
နှုတ်ခမ်း​ထောင့်​တွေက လျှို့ဝှက်ဆန်းကြယ်
သည့် အပြုံးတစ်ခုကို ဖန်တီးထား​​လေသည် -
" ဒါ​ပေမဲ့ အိမ်လို့ ​ခေါ်စရာမရှိတဲ့
မိန်းက​လေး တင်း က , က​လေး တစ်​ယောက်
ကို ပြုစု​​စောင့်ရှောက်ဖို့ ခက်ခဲ​နေတာက ကျွန်​တော့်
စိတ်ကို ဝမ်းနည်း​စေတာပဲ "

တင်းယိ မှာ သူမ ​သွေးခုန်နှုန်း​တွေ မြန်လာ
သလို ခံစားလိုက်ရသည် ၊ ဒါက ခြိမ်း​ခြောက်မှု
တစ်ခုဆိုတာ ထင်ထင်ရှားရှားကြီးဖြစ်သည် ။

လုလီဟုန် ရဲ့ အမြင်မှာ​တော့ သူမ က နတ်ဆိုး
ကျင့်ကြံသူတစ်​ယောက်ဖြစ်ပြီး​တော့ သူမ
က ​သေမျိုးနယ်ပယ်မှာ ​နေထိုင်သည်ဆိုသည့်
အချက်က သူ့ မျက်လုံးထဲမှာ​တော့ မသင့်​လျော်​ပေ ။
အဲ့​တော့ က​လေး တစ်​ယောက်ကို ပြုစု​စောင့်​ရှောက်
တဲ့ ကိစ္စကပိုလို့​တောင် သံသယ ဖြစ်စရာ​ကောင်း
​နေ​သေးသည် ။

ငါ ဘာလုပ်သင့်လဲဟင် ? ။

မုယွဲ့ ရှီး ရဲ့ အလားအလာ​ကောင်းတဲ့ အရည်အချင်း
ကို လု သခင်​လေး မြင်တာက ပြသနာမရှိ
​ပေမဲ့ ငါ က တစ်ခုခုကို ကြံစည်​နေပါတယ်
ဆိုပြီး ထင်ရင်​တော့ ပြသနာအကြီးကြီးပဲ
ဖြစ်ပြီ ။

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now