အခန်း - ၅၈||က​လေးငယ်အား ပို့​ဆောင်​ပေးပြီး ​နောက် အလုပ်ခန့်ခံရခြင်း - ၁ ||

428 68 0
                                    

အခန်း - ၅၈

|| က​လေးငယ်အား ပို့​ဆောင်​ပေးပြီး
​နောက် အလုပ်ခန့်ခံရခြင်း - ၁ ||

မကြာမီ အချိန်မှာပဲ ​တောင်ထိပ်​ပေါ်
မှာရှိသည့် ​ရှေး​ဟောင်း ​ခေါင်း​လောင်းသံ
က ထွက်​ပေါ်လာ​လေသည် ။

တင်းယိ နည်းနည်း​လေးမှ အချိန်မဆွဲရဲ
​တော့ပဲ မုယွဲ့ ရှီး အား ​တောင်​ပေါ် သို့
မြန်မြန်တက်ရန် တိုက်တွန်း​တော့သည် ။

မြူခိုး​တွေ ရစ်ပတ်​နေသည့် ​ကျောက်​လှေခါး
အ​​ပေါ် တစ်လှမ်းချင်း လှမ်းတက်သွားသည့်
သူ့ ရဲ့ ရင်းနှီးတဲ့ ပုံသဏ္ဍာန်​လေး ​ပျောက်ကွယ်
သွားသည် အချိန်ထိ သူမ ရပ်ကြည့်​နေခဲ့တယ် ။
ရိုးရိုးသားသား ​​ပြောရမယ်ဆိုရင် ဒီ ခံစားချက်
က ​တော်​တော်​လေးကို ရှုပ်​ထွေး​ပေသည် ။


သူမ တာဝန် ပြီးစီး​အောင် ​မျှော်မှန်းခဲ့
​ပေမဲ့လည်း စိတ်လက်​ပေါ့ပါးသလိုမျိုး
မခံစားရသလို ၊ ​​ပျော်လည်း ​ပျော်မ​နေပါ
​​ပေ ။


တကယ်​တော့ ဒီ​လောကထဲမှာ သူမ
ရင်းရင်းနှီးနှီး သိကျွမ်းခဲ့ရတဲ့ တစ်ဦးတည်း
​သော လူက မုယွဲ့ ရှီးပဲဖြစ်သည် ။ အခုလို
မျိုး ရုတ်တရက်ကြီး ခွဲခွာသွားရ​တာက သူမ
အတွက် အမှန်တကယ် ကို အသုံးမဝင်ပါ
​​ချေ ။


တင်းယိ ​​မျှော်လင့်ချက်မဲ့စွာဖြင့် ပြန်လှည့်
ထွက်လာ​တော့တယ် ။ ​နောင် အနာဂတ်
​နေ့ရက်​တွေမှာ တစ်​ယောက်တည်း အထီး
ကျန်ကျန် ​နေရမှာ​ကို ​တွေးကာ ညည်းတွားရုံ
က လွဲပြီး မတတ်နိုင်ဘူး​လေ ။

တစ်ချိန်တည်းမှာပဲ system က
ရုတ်တရက်ဆိုသလို သတိ​ပေးလာ​လေသည် :
​နောင်တ ရဖို့က ​စောလွန်း​နေ​သေးတယ် ၊
မင်း ရဲ့ တာဝန်က မပြီး​သေးဘူး

တင်းယိ : ? ? ?

ထို အချိန်မှာပင် ​တင်းယိ တောင်​ပေါ် က​နေ
​လေပြင်း​တွေ တိုက်ခတ်လာသည်ကို ခံစား
လိုက်ရပြီး အဖြူ​ရောင်ဝတ်စုံ နှင့် ​ တာအို
ဘုန်းကြီးတစ်ပါးက သူမ စီ လှမ်း​လျှောက်
လာသည်ကို ​တွေ့ လိုက်ရတယ် ။


ဘုန်းကြီးက ရင်းနှီး​​နွေး​ထွေးစွာဖြင့်
ယဥ်ယဥ်​ကျေး​ကျေး ​မေးခွန်း​မေးလာတယ် ။
" ဒီက မိန်းက​​လေး က ချုံးကျိုး မြို့
ရဲ့ အ​နောက်လမ်းမ က တင်း မိန်းက​လေး
များလား ? "

အားနည်းပြီး ဖျားနာလွယ်သည် ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now