အပိုင်း ၁

2.4K 109 0
                                    

အနန္တစကြာင်္ဝဠာ ထဲမှာ အပြိုင် စကြာင်္ဝဠာတွေ တည်ရှိကြတယ်တဲ့...

တခြား စကြာင်္ဝဠာ တခု ဟာလဲ ဒီကမ္ဘာနဲ့ အနီး စပ် ဆုံး တူညီတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တယ် ။

ဒီကမ္ဘာ ရဲ့ မြန်မာ နိုင်ငံဟာ
အပြိုင်ကမ္ဘာမှာ M နိုင်ငံ ဖြစ်တယ်..။

ဒါဆို..ဇာတ်လမ်းလေးကို စလိုက်ကြမလား...။
.........
ဒီကမ္ဘာ မဟုတ်တဲ့ တခြားအပြိုင်ကမ္ဘာမှာပေါ့....မတ္တရာ ဆိုတဲ့ ကမ်းခြေ မြို့လေး တခု ရှိတယ်။ဒီကမ္ဘာရဲ့ ပတ္တရာ ကမ်းခြေ လိုပဲ သိပ်လှပပြီး ခရီးသွားတွေ အများဆုံးလာကြတယ်။နေဝင်ချိန်နဲ့ နေကျချိန်တွေက မတ္တရာ မှာ အလှဆုံးပဲလေ....။လှပလွန်းလို့
အချစ်ရဲ့ နယ်မြေလို့ သတ်မှတ် ကြပြီး.. မဂ်လာပွဲ တွေကလဲ အများအပြား...။ပါးစပ်ပုံပြင်တွေအရတော့...မတ္တရာ ကျွန်းမှာ ကိုယ့်ရဲ့နောက်ထပ်တခြမ်းကို ရှာတွေ့နိုင်ကြတယ်ဆိုပဲ..။

.... .... .... ...... ...... ....... ...
ကမ်းခြေ ဆီသွားရာ...ဟိုင်းဝေးလမ်းမကြီးဘေးက သောင်ပြင်မှာ ကားငယ်လေး၂ စီး ထိုး ရပ်ထားလေသည်။ကားငယ်လေး ၁စီး
ရဲ့ အပေါ် မှာ တော့ လူသား ၂ဦး ယှည်တွဲ ထိုင်နေကြတယ်..။

"မြတ်သောရာ.. နေထွက်ချိန်ကြည့်ချင်တာကို..ကမ်းခြေမှာ မကြည့်ပဲ ဒီကိုလာကြည်ရလား...ဒီက လူပြတ်တယ်..မင်းအန္တာရယ် များတယ်လေ.."

သူ့စကားကို တဖက်က ဆံပင် ဝါလေးတွေနဲ့ ကောင်လေးက ပြုံးကာ..

"ကိုကြီးသိလား...ဒီနေရာလေးက အမေနဲ့ အဖေ စတွေ့ကြတဲ့ နေရာလေးလေ..ဒါကြောင့် ကျွန်တော့်နာမည်က မတ္တရာမြတ်သော ဖြစ်နေတာ
ဟဟ..ပြောလို့ရမလားကျွန်တော်လဲ မပြန်ခင်လေး ဖူးစာဖက်နဲ့ တွေ့ချင်တွေ့အောင် ဒီနေရာ အထိ တမင်လာတာပေါ့..ပြီးတော့ ကျွန်တော်က ယောကျာ်းလေးပဲဟာ..တော်ရုံ ဘယ်သူက ရန်စရဲမှာလဲ"

ခိုင်မြဲကြည်သာ သူ့ကိုသူ ယောကျာ်းပါလို့ ပြောနေတဲ့
သူ့ရှေ့က ကောင်လေးကို ဆိုက်ကြည့်မိတော့တယ်။

ဆံပင် ဝါဝါလေးတွေနဲ့ သဘာဝ အတိုင်းဖြစ်နေတဲ့ ဇင်ယော်တောင်မျက်ခုံးလေး....ထူထူစိပ်စိပ်ပေါက်နေတဲ့ မျက်တောင်တို့က ခဲရောင်မျက်ဝန်းဝိုင်းဝိုင်းလေးတွေကို ဝန်းရံ ခစားနေကြသေးတယ်။ခပ်သေးသေးပန်းရောင် နှုတ်ခမ်းလေးက ဖူးဖူးလေး မို့ ပန်းရောင်နှင်းဆီဖူးလေး တင်ထားသလိုလို...။နှာတံ မြင့်မြင့်လေးက ဘေးတိုက်ကြည့်မိတော့ သွယ်စင်းစင်းမေးရိုးလေးနဲ့ လိုက်ဖက်နေပြန်တယ်။ဝတ်ထားတဲ့ ဆွယ်တာ အသားရောင် အောက်က ကိုယ်ခန္တာအချိုး အဆစ်က ဘယ်မှာလဲ ယောကျာ်းလေး တယောက်ရဲ့ အဖုအထစ်တွေ..။ဝင်းဖန့်စင်ကြယ်နေတဲ့အသားအေ​ေရက အမွှေးအမျှင် မရှိတာမို့ သွေးကြောစိမ်းတွေက ယှက်ဖျာ အလှဆင်တယ်..။ဘုရားစူး..ယောကျာ်းလေး....။
သေချာကြည့်မှ ရေးရေးမြင်နိုင်တဲ့ အာဒံ ပန်းသီးလေး ကယ်နေလို့သာ ယောကျာ်းလေးပါလို့ယုံရမယ်..ဒါလေးကို မြင်ရင် ဘယ်သူက ယောကျာ်းထင်မှာလဲ..ယောကျာ်း ဆိုရင်တောင် မိန်းကလေးတွေထက် အပုံကြီးလှနိုင်သူလေးကို အသာတကြည် အလွတ်ပေးကြဖို့ မသေချာ..။

နှောင်တွယ်ရစ်ငင် Where stories live. Discover now