အပိုင်း ၂၉

222 28 2
                                    

"မြတ်သော ဒါက ဒေါက်တာဂျိုးဇက်ဘရေယန် တဲ့ ..ခုက စပြီး အကို့ကို ကုပေးမဲ့ ဒေါက်တာပါ တကမ္ဘာလုံးမှာ အတော်ဆုံး ဦးနှောက်နဲ့ အာရုံကြောဆရာဝန်ပါ..ဒါကတော့ ဒေါက်တာအမ်မလီယာ.. စိတ်ရောဂါကုပါမောက္ခဘွဲ့ကို..အသက်အငယ်ဆုံးနဲ့ ရခဲ့တဲ့ ဥာဏ်ကြီးရှင် ပေါ့"

ဒိုက်ရဲ့ ညီ အဲလစ်ဆိုသူ က ဆရာဝန်၂ယောက်နဲ့အတူ
ရောက်ချလာတာမို့ စောစောစီးစီး မြတ်သောမှာ စိတ်မကြည်ဖြစ်သွားရသည်။၂ပက်..ဟိုတခါ ဒီလူလာသွားတဲ့ရက်ကနေစပြီး တွက်ကြည့်မိတော့ ၂ပက်တိတိ ရှိနေပြီပဲ

အင်းလေ..ပြတော့ပြရမှာပါပဲ။ခုဆို လူကြီးရဲ့ စိတ်က အရင်က ထပ်တောင် ပိုလွတ်နေလာသလိုပဲ..။အရင်ကဆို တနေ့မှ တခါတောင်လွတ်ချင်မှ လွတ်တာပေမို့ အခုရက်ပိုင်းဆို တနေ့ထဲ ၃ ခါလောက် သတိ လွတ်နေသလိုပင် ။သူ့မှာလဲ သံယောဇဉ် ဖြတ်ဖို့စဥ်စား နေကာမှ ညတိုင်းဖက်သိပ်နေရတာ ၂ပက် လုံးလုံးပင်။

"တီ..တီ..တီ.."

လူကြီးကို ဆရာဝန်တွေ စမ်းသပ်နေတာ ကြည့်နေရင်း သစ္စာဆီက ဖုန်းဝင်လာတာမို့...

"ဟမ်..ဒီနေ့လား..ဟ..ငါမအားဘူးလေ..မဟုတ်..ကျွတ်..ဒါဆို လဲ ပြီးရောဟာ..."

ဒေါက်ဒေါက်...။

ကျွီ..။

"ဟို...ခင်များတို့ စမ်းသပ်တာ ကြာဦးမှာမှတ်လား..။ကျွန်တော် အပြင် သွားဖို့ပေါ်လာလို့ ပါ..။"

ပြောပြီး ပြီး ချင်း လူကြီးဆီ ​မျက်လုံးက တန်းခနဲ ရောက်တယ်။
ခုရက်ပိုင်း တနေကုန် ကပ်နေတာမို့..အခုလဲ လိုက်မယ်လို့ ပြောဖို့ သေချာသလောက်ပင်..။

"ရပါတယ်...စိတ်ချလက်ချသွားလေ..ကိုယ် အိမ်သေချာ စောင့်ထားလိုက်မယ်.."

အယ်....။

ထူးထူးဆန်းဆန်း လူကြီးပါးစပ်က ကြည်ကြည်ဖြူဖြူပြောလာတဲ့စကားကြောင့် သူအံ့သြမိသွားသည်။

"လူကြီး ကျွန်တော် တကယ်သွားလို့အဆင်ပြေတာလား..."

"သွားလေ..နောက်ကျနေဦး မယ်"

"အမ်..အင်းအင်း..ဒါဆို သွားတော့မယ်နော်"

အတင်းတွေ အပြင်တွန်းလွှတ် နေတာမို့ ယောင်နန နဲ့ ခေါင်း ငြိမ့်ပြီး ထွက်လာခဲ့ရသည်။

နှောင်တွယ်ရစ်ငင် Where stories live. Discover now