3(Zawgyi)

448 13 0
                                    

"ကိုကြီးကလဲ..သူသတိရလာပါစေဦးနော်..အဲ့ကျမှမေးမြန်းပြီး ပြန်ပို့ ကျတာပေါ့..

လက်မောင်းတဖက်ကို လာဆွဲရင်း ဂျီတိုက်နေသူလေးကြောင့် သဘောမတူချင်ပေမဲ့လဲ သဘောတူပေးရတော့တယ်။

မတ္တရာမြတ်သောက သူ့ညီလေးရဲ့ သူငယ်ချင်းပါ..။၁၀တန်းစာမေးပွဲ ဖြေကာနီးတော့ သူတို့အိမ်မှာ..စာလာစုကြပ် ကြရင်း..သူတို့ဆုံတွေ့ခဲ့ရတယ်။ကလေးက သူ့ကို အကိုရင်းလိုပင် ဆက်ဆံ ခဲ့သော်လည်း. တဖြေးဖြေး ရင်ခုန်လာမိတာက သူပါပဲ..။ကလေးဘက်က အကိုလို ဆိုးနွဲ့သမျှ သူ့က ကာလာတွေ ဆိုးနေမိခဲ့တယ်..။ဒါပေမဲ့လဲ..ဖွင့်ပြောမိရင်ကလေး နဲ့ ဝေးရ ရင်ဆိုပြီး..သူ့မှာ ခုထိ မဖွင့်ဟ နိုင်..။

"ထားပါတော့။အဲ့တာနဲ့ပဲ...ညီက ဒီနေ့ K မြို့ကို မပြန်ဖြစ် ပဲ ပြန်လှည့်လာတယ်ပေါ့..။

"အင်း...ဆေးရုံသွားရင် ရှုပ်ကုန်မှာဆိုသလို့လေ..ဘာလုပ်ရမယ်မှန်းလဲ မသိတာနဲ့ ကိုကြီးဆီခေါ်လာတာ

မြတ်သော စကားကြောင့်သူခေါင်တညိတ်ညိတ်လုပ်လို့်မိတယ်။

တီတီတီ...(ဖုန်းသံ)

"ဟဲ့..မြတ်သော နင်ပြန်ရောက်ပြီလား...

စပီကာ ဖွင့်ပြီးဖုန်းကိုင်လိုက်တော့..
မယ်မင်းကြီးမ ခတ္တာရဲ့ အာပြဲ သံကြီး ကထွက်လာတာများ စူးခနဲ..။

"နောက်နေ့မှ ပြန့်ဖြစ်တော့မယ်။ငါအခု ကိုကြီးမုန်းမာန်ဆီမှာ..အလည်ရောက်နေတာ..ဒါနဲ့..ငါ့ကို မော်ဒယ်ခအနေနဲ့ hotpot ဖိုး လွှဲပေး...

"အမ်းမလေး...ပေးမှာပေါ့..ခနလေးတောင်မစောင့်နိုင်ဘူးလား...နင့်နာမည်ကို နင့်မိဘတွေက မှားပေးခဲ့ပုံရတယ်...မတ္တရာမြတ်သော မဟုတ်ပဲ..မတရားမြတ်သောတို့ မတရားစားသောတို့ ပေးရမှာ..ဟွန်း...

ပြောမနာဆိုမနာ ငယ်သူငယ်ချင်းမလေး ခတ္တာ က ပြောချင်ရာပြောပြီး ဖုန်းချသွားတာမို့ မြတ်သောရော မုန်းမာန်ရောရယ်မိတော့တယ်...။

မတရားစားသောဆိုပဲ ...အေးပါကွာ..ဟုတ်တော့လဲ ဟုတ်သား။သူက အစားသရဲ FOODI လေးလေ..။

"ခတ္တာကို..မပြောပြဘူးလား..ညီ

"အာ...မပြောရဲပေါင်းဗျာ..တော်ကြာ ချက်ချင်း အလုပ်တွေ ပြစ် ပြီးရောက်လာဦးမယ်..သူသိရင်..အကိုခိုင်မြဲ ပါ စိုးရိမ်ပြီးရောက်လာဦးမှာ..

မြတ်သော စကားကြောင့် မုန်းမာန် နှုတ်ဆိတ်သွားတော့တယ်။သူနဲ့ ခိုင်မြဲ က မြွေမြွေချင်း ခြေမြင်ကာ..တယောက်ကို တယောက် ကြည်ကြတာမဟုတ်..။မြတ်သော ဆိုတဲ့ ငတုံးလေးက လဲ သူတို့မတည့်မှန်းသာ သိတာ..သူ့ကြောင့် ရန်ဖြစ်နေကြမှန်းတော့မသိ..။၂ကောင်သား မြတ်သောကိုသာ ဖွင့်မပြောရဲကျတာ..ရန်ကျတော့ အစောင်မပျက်..။

"ကဲပါ..ညီ ဝနအခန်းမှာပဲ နေလိုက်နော်..အကို ညီ့ကို ဟင်းချက်ကျွေးဖိုးဈေးသွားလိုက်ဦးမယ်...ဘီဒိုထဲမှာ ဝန အဝတ်တွေ ရှိတယ်..ယူဝတ်ချင်ယူဝတ်နော်...

"ဟုတ်ကဲ့ ကိုကြီး..ဒါနဲ့လေ..ဈေးသွားမှာဆိုတော့လေ..

"အမလေးဗျာ..ကိုယ်တော်လေးစားနေကြမုန့်တွေ ဝယ်ခဲ့ပါမယ်..ဟုတ်ပြီလား...

"ဟေးးးးကိုကြီးက အကောင်းဆုံး..

လက်မောင်းတွေကို လာတွဲခိုရင်း ခုန်ဆွ ခုန်ဆွ လုပ်နေပုံလေးက အဝေးကသာကြည့်ရင် တကယ် ပီဘိကလေးလေးလိုပင်..။ကိုယ့်မှာကလဲ...ဒီလိုမျိုးလေးများ အချွဲ ခံလိုက်ရ ရင် စူပါမားကတ် က မုန့်တွေ အကုန် ပုဒ်ပျက်ဝယ်လာ ပေးချင်နေမိတော့ ခက်သား။

နှောင်တွယ်ရစ်ငင် Where stories live. Discover now