အပိုင်း ၁၄

473 57 3
                                    

Market ရောက်တော့ သဘက် ၄ထည်ရယ် ဂျုတ်ရယ် အရင် မှတ်မှတ်ရရ ဝယ်ရတယ်။မဟုတ်ရင် မနက်ကလို ခြုံစရာ မရှိမှာ ပူရတယ်လေ..။

အဝတ်တန်းဘက်ရောက်တော့လဲ..သူကပဲ..​ဦးဆောင်ပြီးရွေးပေးရသည်။လူကြီးက စိတ်မှ ပြန်လည်မလာသေးတာ..။အဝတ်တွေ ရွေးနေတုန်း အနားရောက်လာတဲ့ ကလေး တယောက်က သူတို့ဘက် လက်ညိုးထိုးပြီး...အာပြဲ ကြီးနဲ့ သူ့အမေရှိရာ ဆီ လှမ်းအော်တယ်။

"မေမေရေ..ဒီအမကြီးတို့လင်မယားက အရမ်းချောတာပဲ..လာကြည့်လာကြည့်"

ကလေးအသံကြောင့် ပတ်ဝန်းကျင်က လာတွေပါ ဝိုင်းကြည့်လာတာမို့ မြတ်သော မျက်နှာ ဘယ်နား ထားရမလဲ မသိတော့..။

သူ့ပုံစံက ကလေးပြောလဲ ပြောချင်စရာ..။မိန်းမ ဆန်လှတဲ့ သူ့ဥပတိရုပ်က ယောကျာ်းဆန်စွာခန့်ညားလှတဲ့ လူကြီး နဲ့ ယှည်တွဲ လိုက်မိတော့..ဘယ်လိုကြည့်ကြည့်သူက မိန်းကလေးပုံသာပေါက်နေတော့တယ်။ပတ်ဝန်းကျင်တခုလုံးက သူတို့ကို အားကျတဲ့ မျက်လုံးတွေ နဲ့ ငေးနေချိန်..ကလေး အမေက သုတ်သီးသုတ်ပြာ ရောက်ချလာပြီး တောင်းပန်စကားဆိုကာ လှည့်ထွက် သွားတော့တယ်။ စိတ်ရှုပ်လာတာမို့ ပြန်ဖို့စဥ်းစားလိုက်ရင်း...ငွေရှင်း
ကောင်တာရှိရာဘက် အလှည့်...

"အင့်..."

ဝင်တိုက်လိုက်မိတဲ့ နံရံ ကြီးကို နှဖူးပွတ်ရင်း..
မော့ကြည့်မိတော့...အနောက်တိုင်း ဝတ်စုံ နဲ့ မျက်မှောင်ကြုတ်ကြည့်နေသူတဦး...။သူ့ကို ပြန်ငုံ့ကြည့်လိုက်ရင်း...မျက်ခုံးတွေ ပြေကြသွားကာ...မျက်လုံးတွေက အံ့သြဟန်နဲ့ ကြည့်လေသည်။

"မင်း..အဆင်ပြေရဲ့လား..."

"အာ..ဟုတ်..ဝင်တိုက်မိတာ ဆောရီးပါနော်"

မြတ်သောပြောလို့မှ မဆုံးသေး..ချာခနဲဆွဲ လှည့် ခံလိုက်ရကာ..ရင်ခွင်တခုထဲ မြှုပ်သွားတော့တယ်။

"အကိုတော့်ကို မထိနဲ့"

ရုတ်တရက် ဆွဲ ဖက်ခံလိုက်ရသည်မို့..ရင်က တလှပ်လှပ်။ထိကပ်မိတဲ့ ရင်ဘက်က ရနံသင်းသင်းလေးတခုက လူကြီးရဲ့ ကိုယ်သင်းနံ့ဖြစ်ပုံရတယ်။ တကိုယ်လုံး ရှိန်းတိန်းတိန်း ဖြစ်နေသော်လည်း..မြတ်သော မှာ အေးအေးဆေးဆေး မရှက်အားသေး။သူ့ရဲ့ ချစ်လှစွာသော ညီတော်ကြီး ဒိုက်က တဖက်ကို လက်ညိုး ထိုးပြီးရန်သွားစနေတာမို့.. ပြန်လှည့်ဖို့ ကြိုးစားရတယ်။ဒါတောင်..ကိုယ်တော်ချောက သူ့အရပ်ကြီးနဲ့ အတင်းဖက်ထားတာမို့...

"လွှတ်ဦး...လူကြီး လွှတ်ဦးလို့"

"ဘာမှ မကြောက်လင့် အကိုတော် ညီတော်က ကာကွယ်ပေးမယ်"

သြော်..အင်းအင်း ကျေးဇူး တင်လိုက်တာ..။

သူပြန်လှည့်ကြည့်လိုက်တော့..တဖက်က လူရဲ့ဝန်ထမ်းလား သက်တော် စောင့် လား မသိတဲ့ လူ ၃ယောက်လောက်က ရှေ့ထွက်လာကာ ရန်ပြု ချင်သလိုလို..။

"ဟေ့..မင်းတို့ဘက်က အရင် လာတိုက်တာလေ.."

"သူရိန် မရိုင်ူနဲ့..အကုန်နောက်ပြန် ဆုတ်စမ်း.."

ထိုသူကြီးက သူ့တပည့် သူ့ရိန် ဆိုသူကို ​ေဟာက်လိုက်တော့ နောက်ပြန်ဆုတ်သွားကြသည်။

"အာ..Sorry ပါဗျာ..စိတ်မရှိပါနဲ့နော်..သူက နည်းနည်း.."

အသာ နဖူးကို လက်ညိုးနဲ့ထောက်ပြတော့...ဘေးက အလိုက်သိရှာသူကြီးက မေးရှာပါတယ်။

"အကိုတော် ဘာလို့နားထင်ကို လက်နဲ့ ဖိထားတာလဲ..ခေါင်းကိုက်လို့လားဟင်"

အား...ငါ သေသာ သေလိုက်ချင်တော့တာပဲ

လူကြီးက မျက်နှာကို အတင်းကြည့်ရင်းမေးနေတာမို့..မြတ်သော ဘာဖြေရမှန်းမသိ ဖြေရခက်နေတော့တယ်။

သူဖြေရခက်နေတဲ့ ပုံကို ကြည့်ရင်း..အရှေ့က ဝတ်စုံပြည့်နဲ့ လူကြီးက ရယ်သည်။

"အဟားး..ရပါတယ်..ကိုယ်စိတ်မဆိုးပါဘူး..ဒါနဲ့...ကိုယ်က ဒီကုန်တိုက်ပိုင်ရှင်ပါ..။ဘုန်းမြတ်နေယံ လို့ခေါ်ပါတယ်..တွေ့ရတာဝမ်းသာပါတယ်"

ပြောရင်းနဲ့..လက်ကမ်းပေးလာသူကို ကြည့်ရင်း ယောင်နန နဲ့ လက်ပြန်ကမ်းပေးမိတာက မြတ်သော ရယ်ပါ။

ဘာလဲ..ခုမှတွေ့ဖူးတာကို ဘာလို့လာနှုတ်ဆက်နေတာလဲ..လက်မခံ ပြန်ရင် ရိုင်းရာ ကျသွားလား..။
သိတော့ဘူး...မိတ်ဖွဲ့ရုံပဲဟာ..။အဆင်ပြေ မှာပါ

"ဟုတ် ကျွန်တော် က မတ္တရာမြတ်သော ပါခင်မျာ့.."

နှောင်တွယ်ရစ်ငင် Where stories live. Discover now