အပိုင်း ၁၉

422 54 2
                                    

ကတုန်ကယင်လက်တွေနဲ့ မဝံ့မရဲ အတွင်းခံကို ချွတ်ပေးနေရင်း တချက်တချက် မသိမသာ ဝေ့ကြည့်မိ မလိုလို ဖြစ်နေတာ ဘာကြောင့်မှန်းသူလဲ မပြောတတ်။

ထူးထူးဆန်းဆန်း ခံစားချက်ကြီးနဲ့မသိမသာတုန်ယင်နေတဲ့လက်တွေကယောကျာ်းလေးနဲ့တဆက်မှမတူတဲ့ ခြေတံတွေကြောင့် နေမယ်။

ဒူးခေါင်းက ပေါက်ပြဲ ညိုမဲနေတဲ့ ဒဏ်ရာ တချို့ကို မြင်တော့ ယူလာတဲ့ဘောင်းဘီရှည်ကို အတိုနဲ့ပြေးလဲလိုက်တယ်။မြတ်သော ကိုအဝတ်လည်ပေးတာ အောင်မြင်သွားမှ သူ့အကျီ်ကို အပြေးအလွှာ သွားလဲလိုက်ရသည်။ပြီးတာနဲ့ ဆေးဘူးရှာပြီး ဦးတည်ရာက မြတ်သော အခန်းစီသို့ ။အနာတွေကို ဖွဖွ သန့်စင်ပေးပြီး ဆေးကို ဂရုတစိုက် ထည့်ပေးပြီး တော့ ပက်တီးစီးပေးထားလိုက်တယ်။ရထားတဲ့ ဒဏ်ရာ တွေက လက်ဖဝါးနုနုနဲ့ ဒူးဖြူဖြူ
မှာ ရဲပတောင်းခပ်နေတာများ မြင်ရက်စရာမရှိ။

ဟူးးး

စိတ်မသက်မသာ ဖြစ်လွန်းလို့ သက်ပြင်းချလိုက်မိတော့ ရင်ဘက်တနေရာက လေးလံ ကျန်ရစ်တယ်။

ဘယ်လောက်တောင်နာနေလိုက်မလဲ။နေမထိပန်းလေးလို မင်းလေးက နုနယ်လွန်းလိုက်တာ။တခါတရံဆို မင်းလေးကို ထိကိုင်ရမှာတောင် ပဲ့ကြွေကျသွားမလားဆိုပြီး တွန်းဆုတ်နေမိရဲ့။အဟင်း...ကိုယ်က ရယ်ရသား။မင်းလေးက ယောကျာ်းသားပဲဟာ..ဒီလိုကြီး မတွေးမိသင့်ဖူးလေနော်။ကြည့်ရတာ မင်းပုံစံလေးကိုးက မြေမထိနေမခတဲ့ မင်းသမီးငယ်လေးလို...မိုးပေါ်က ကျလာတဲ့ နှင်းပွင့်ဖြူဖြူလေးတွေလို သိမ်မွေ့နုနယ်လွန်းနေလို့ ကိုယ်ပေါက်ကရတွေ စိတ်ပူနေမိတာ ထင်တယ်။

အိပ်ပျော်နေသူလေးရဲ့ မျက်တောင်စိပ်စိပ်လေးတွေကို ငေးမောနေမိရင်း အတွေးစတို့နဲ့ သူ့နှုတ်ခမ်းက ပြုံးဟန်သဲ့သဲ့။ နဖူးကို  စမ်းတော့ ကိုယ်မပူတာမို့ သူ မြတ်သောဘေးဝင်လှဲ ပြီးအိပ်ဖို့ပြင်လိုက်တော့သည်။

...................................................
အဟင်း... ဟင်း

ညလယ်ခေါင်ကြီး
ခပ်တင်းတင်း ပွေ့ဖက်လာမှု့နဲ့အတူ ညည်းသံ တိုးတိုးကြောင့် သူကပျာကယာထကြည့်တော့ ထင်သည့်အတိုင်း မြတ်သောကအဖျားတတ်နေလေပြီ။ရေတဇလုံပြေးခပ်ပြီး အမြန်ရေဖက်တိုက် ပေးလိုက်ပြီး ဆေးတိုက်ဖို့ လုပ်တော့ မြတ်သောက ဘယ်လို မှ နှိုးလို့မရ ဆေးကလဲ လည်ချောင်းထဲ ရောက်ဟန်မတူ ။ရေတဝက်လောက်သာ ဝင်သွားဟန်တူပြီး တဝက်လောက်က အပြင်ပြန်စီးကျလာသည်။ဆေးရှာတော့ ပါးစောင်ထဲ ကပ်နေပြီး ဒီအတိုင်းသာ။မတိုက်လို့လဲ မဖြစ်တာမို့ နောက်ဆုံး ထိုဆေးလုံးကိုပဲ ပြန်နှိုက်ယူလိုက်ပြီး ဒိုက် သူ့ပါးစပ်ထဲ မှာသာ ကြေအောင် ယူဝါးလိုက်တယ်။ပြီးတာနဲ့ ရေနည်းနည်း ငုံလိုက်ပြီး ဦးတည်ရာက မြတ်သော နှုတ်ခမ်းတွေဆီ။

ဆေးကအဆင်ပြေပြေဝင်သွားပုံရပေမဲ့ ထိုခနမှာ သူ့စိတ်နဲ့ သူ မကပ်နိုင်တော့။

ခါးသက်သက်ဆေးတို့ငုံထားခဲ့ရတာတောင် မေ့သွားနိုင်လောက်တဲ့ နှုတ်ခမ်း ပါးတို့ရဲ့ အထိအတွေ့မှာ အတောမသတ်နိုင်အောင်စီးမြောရင်း လောဘ တကြီး ဆက် စုပ်ယူ နမ်းရှိုက်နေမိသည်။အသက်ရှုသံတွေ ပြင်းပြလာတာနဲ့ အမျှ လက်တို့က လွှတ်ထွက်သွားမှာဆိုးသည့်အလား မြတ်သော ခါးသိမ်သိမ်လေးထက်မှ တင်းတင်းကြပ်ကြပ် ယစ်ပက်လျှက်။

ချို..ချိုလိုက်တာ...။

ဖျက်ခနဲ ခေါင်းထဲ ဝင်လာတဲ့ အတွေးကြောင့် ချက်ချင်းလူချင်းခွာလိုက်မိတော့ နှုတ်ခမ်းပါးရဲရဲလေးခင်မျာ..သူ့ရန်ရှာမှူ့ကြောင့် ဖူးယောင်ပြီးသွေးစလေးတောင်စို့နေလေပြီ..။

ကျွတ်...ငါအခုဘာလုပ်လိုက်မိတာလဲ။

မယုံနိုင်မှု့နဲ့ ထပ်ကြည့်မိပြန်တော့လဲ မျက်ဝန်းတို့က ထိုနှုတ်ခမ်းပါးဆီမှာပဲ တဝဲလည်လည်။

ထပ်...ထပ်ထိချင်သေးတယ်။

ကျွတ်..ငါက နှာဘူး
လား။အခုနေမကောင်းတဲ့လူကို အခွင့်အရေးယူနေတာပဲ။

မြတ်သော လဲ အိပ်ပျော်နေပုံရတာမို့ သူလဲ ပြန်အိပ်ဖို့ ဘေးမှာ ပြန်လှဲလိုက်သည်။

ဘေးတိုက် အနေအထားနဲ့ မြင်နေရတဲ့ နှာတံစင်းစင်းလေးနဲ့ မေးလုံးလုံးလေး။ မျက်တောင်စိပ်လေးတွေက ဘာအကူမှမပါပဲ သဘာဝအတိုင်း ကော့ညွတ်နေပုံက လှလွန်းတာမို့ မျက်တောင် မခပ်တမ်းစိုက်ကြည့်နေမိပြန်တယ်။

တောက်..ငါဘာဖြစ်နေတာလဲ..။

စိတ်တိုတိုနဲ့ တဖက် လှည့်လိုက်ရပြီး မျက်စိ အတင်းမှိတ်ကာ အိပ်ပျော်ဖို့ ပြန် ကြိုးစားတော့လဲ မြင်ယောင်နေတာက သွေးစိူ့နေတဲ့ နီရဲရဲ လေးတစုံသာ...။

မနေနိုင်စွာ ပြန်လှည့်ကြည့်မိလိုက် စိတ်ရှုပ်စွာ ကျောခိုင်းမိလိုက်နဲ့ အိပ်ဖို့ ကြိုးစားရင်းနဲ့ပဲ ထိုည က အိပ်မပျော်နိုင်ခဲ့သူဟာ ဒိုက်ဆိုတဲ့ သူဖြစ်နေခဲ့ပါတယ် ။

နှောင်တွယ်ရစ်ငင် Where stories live. Discover now