အပိုင်း ၂၄

251 32 0
                                    

"ဟ...ဟျောင့်တွေ..ကြည့်စမ်း ဒါလေးက ယောကျာ်းလေးတဲ့ကွာ...လှချက်က ကွာ...ဒါမျိုးလေးနဲ့သာဆို..ဒီအကိုကြီးက ပိုးဆိုးပက်ဆက် ကွေးပေးရလဲ ဖြစ်တယ်...ဟင်းဟင်းဟင်း”

ပြောပြောဆို ဆို နဲ့  ရှေ့တိုးလာ ကြတော့..မြတ်သော ပြေးပေါက်အလျင်အမြန် ရှာရတော့သည်..။ဒါပေမဲ့ ပက်ပက်လည် ဝိုင်းခံလိုက်ရတာမို့.. တဖက်ဖက်က နေဖောက်ထွက်မှ ပဲ ရမှာပင်...။

ကျွတ်..။ဘာလိုပဲ ဖြစ်ဖြစ် သေချင်သေပစေ။ဖောက်တေယ့ထွက်ရမှာပဲ..။ဒီလို ဟာတွေလက်ထဲ ဘဝတုံးတော့ မခံနိုင်ဘူးကွာ..။

အတွေးနဲ့ အတူ ရှေ့တိုးလာတဲ့ ၂ကောင်ကို အရင် ကြွေးပြီး ဖောက်ထွက်နိုင်ဖို့ အသင့်ပြင်ထားလိုက်တော့သည်။
.......,. ..................  

လမ်းထိပ်ရောက်ရောက်ချင်း ဟိုင်းဝေးလမ်းဆီသို့ မျှော်ကြည့်မိတော့ မနီးမဝေး တနေရာက အလင်းရောင်တွေ အများအပြားတွေ့လိုက်ရတာမို့ ဒိုက် တွေဝေးမိသွားတယ်။

သွားကြည့်လိုက်ရင်ကောင်းမလား ။မြတ်သောလဲ အဲ့ဖက်က ပြန်လာ မှာ..။ကြည့်ရတာ လမ်းသရဲ အုပ်စုတွေ ထင်တယ်။ မဆိုင်ပဲ သွားရှုပ်လိုက်မိရင် ပြသနာ ကြားထဲ ညက်နေဦးမယ်။မဖြစ်သေးပါဘူး..သွားတော့ ကြည့်ဦးမှာပါ။

ဆုံးဖြတ်ချက်ချပြီး ထိုနေရာ ဆီ ခပ်သွက်သွက် ဆက်လျှောက်လာလိုက်တော့သည်။ နီးသတဲ့ နီးလာတော့ အလင်းရောင်တွေ အလယ်မှာ ဆံပင်ရှည်နှင့်သေးသွယ်သွယ်
မိန်းကလေးငယ်တဦးရှိနေပြီး လမ်းသရဲ အုပ်စုဆီက ဝိုင်းခံထားရတာ တွေ့လိုက်ရတော့ အခြေအနေကို သဘောပေါက်သွားကာ အနားမှာလက်နက်လုပ်ဖို့ တခုခု ရှာလိုက်သည်။ လမ်းဘေး တနေရာမှာ ဘယ်က ကျနေမှန်း မသိတဲ့ သံတူရွင်းအစုတ်တချောင်းတွေ့တော့ အမြန်ကောက်ယူလိုက်ရင်း ထိုအုပ်စုထံ ဦးတည်လိုက်တော့သည်။မိန်းကလေးက တဖက်လှည့်နေတာမို့ သူလာနေတာ မြင်ပုံမရသလို ဟိုအုပ်စုကလဲ မိန်းကလေးဆီသာ အာရုံရောက်နေတာမို့ သူ့ကို မမြင်ကြချေ။

ဘုန်းးးး

​အနားရောက်ခါမှ ထိုဝိုင်းခံထားရတဲ့ မိန်းကလေးက သူမနားကပ်လာတဲ့ ၂ကောင်ထဲက တကောင်ကို နောက်ပြန် ဆွဲ လှဲ ချလိုက်တာ မြင်လိုက်ရတာမို့...သူပင်ခန ကြောင်ပြီးရပ်ကြည့်မိသွားတယ်။

နှောင်တွယ်ရစ်ငင် Where stories live. Discover now