"အား...ကျွတ်ကျွတ်..”
အိပ်ရာပေါ်က ကုန်းရုံးထရင်း နာနေတဲ့ ခေါင်းက တဆစ်ဆစ်..။
"ဘယ်..ဘယ်ရောက်နေတာလဲ..”
ကုတင်ပေါ်က ထလိုက်ရင်း ပက်ဝန်းကျင်ကို အကဲ ခတ်တော့ အန္တရာယ်ရှိပုံမရသည်မို့ စိတ်အေးသွားတယ်။ရင်ဘက်က နာကျင်မှု့ကြောင့် ငုံ့ကြည့်မိတော့ ပတ်တီးတွေ က အဖွေးသာ..။
ငါဒဏ်ရာရနေတာလား
ငါ့ကိုကယ်ထားကြတာလား..
ငါဘာဖြစ်ခဲ့ပါလိမ့်...။စဥ်းသာစဥ်းစားတာ ဘာကိုမှ စဥ်းစားလို့ထွက်မလာ..
အိပ်ရာနံဘေး ချထားတဲ့ အဝတ်တစုံတွေ့တော့ သူ့ဘာသာ ငုံ့ကြဘ့်မိသည်။ ကိုယ်ပေါ်ရှိနေတာ အတွင်းဝတ် ဘောင်းဘီ တိုလေးတထည်သာ..အထက်ပိုင်းက လဲ ပက်တီးက လွဲလို့ဘာမှမရှိ။
ခုလက်ရှိပုံက အမြင့်မသင့်တာမို့သူ လဲ ဖို့ ပြင်လိုက်တယ်..။ပြီးမှ ဆက်စဥ်းစားကြတာပေါ့..။
အဝတ်လဲ ပြီးမှ အပြင်ထွက်ကြည့်ပြီး..သူ့ဘာဖြစ်ခဲ့လဲ မေးမြန်းကြည့်ရမယ်။
ဘယ်သူမှ မရှိသည်မို့ ဘောင်းဘီချွတ်လိုက်သည့်အချိန်...
ကျွီ...။
တံခါးဖွင့်သံ ကြားလိုက်ပြီး လှည့်ကြည့်မိတော့...ရွှေရောင်ဆံသားတွေနဲ့ မိန်းမလှလေးတဦး..။
ဖြူအု ဝင်းမွတ်နေတဲ့ အသားအရည်က ရွှေရောင် ဆံပင်တွေနဲ့ လိုက်ဖက်လှပြီး ကြောင်အစွာ ကြည့်နေတဲ့ မျက်ဝန်းတွေက လှလွန်းလို့ သူ တခန တော့ ငေးမောလိုက်မိတယ်..။
ခန...သူအခု အဝတ်မပါတဲ့ ငါ့ကို ဆိုက်ကြည့်နေတာလား..။
အား....။
အားးးးးး၂ယောက်သား..အော်ရင်း တဖက်လှည့်လိုက်ကျတာ တပြိုင်ထဲ ။
ဟမ်..မိန်းမလှလေးဆီက အော်သံကြီးက မိန်းကလေးသံနဲ့ သိပ်မတူဘူးလားလို့။
အာ...ငါလဲယောကျာ်းလေးပဲကိုဘာလို့ အော်မိပါလိမ့်..။
YOU ARE READING
နှောင်တွယ်ရစ်ငင်
Romanceတခါက ကျွန်းလေးပေါ်မှာ..ဒုက္ခရောက်နေတဲ့ တိ လေးတွေကို ကောက်ကောက်မွေးစားတတ်တဲ့ ကြင်နာတတ်တဲ့ လူငယ်လေး တဥိးရှိသတဲ့..ဒါပေမဲ့..တနေ့မှာ သူကောက်ယူမွေးစားလိုက်တာ..လူသားတဦး ဖြစ်လာတဲ့ အခါ...။ .............................................. အတ္တကြီးတယ်လို့ဆိုဆို...